အရင်ကပရိသတ်တွေကို အားမလိုအားမရဖြစ်အောင်လုပ်ခဲ့မိတဲ့အတွက် ဝမ်းနည်းမျက်ရည်ကျစွာ တောင်းပန်စကားပြောကြားခဲ့တဲ့ရွှေထူး

ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေရဲ့ အားပေးမှုကို အခိုင်အမာနေရာယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေ အဆွေးသီချင်းလေးတွေကို သီဆိုလေ့ရှိပါတယ်။

ဒါ့အပြင် ရွှေထူးတို့ ဇနီးမောင်နှံဟာဆိုရင်လည်း တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

ဒီနေ့လေးကတော့ ရွှေထူးရဲ့ အသက် (၂၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ရာ သူရဲ့မွေးနေ့လေးမှာ Live လွှင့်ကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးကြတဲ့ သူတွေကိုကျေးဇူးတင်ကြောင်းပြောရင်း တစ်ချိန်က ပရိသတ်တွေကို အားမလိုအားမရဖြစ်အောင်လုပ်မိတဲ့ အရာတွေအတွက် ဝမ်းနည်းမျက်ရည်ကျကာ တောင်းပန်စကားပြောကြားခဲ့တာတွေ့ရပါ တယ်။cele zone ပရိသတ်ကြီးအတွက် ရွှေထူးရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးရင်း ရွှေထူးလည်း မွေးနေ့မှာပျော်ရွှင်ပြီး အောင်မြင်မှုတွေ ပိုမိုရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

photo – Shwe Htoo

(ဇော်ဂျီဖြင့်ဖတ်ရန်)

အရင္ကပရိသတ္ေတြကို အားမလိုအားမရျဖစ္ေအာင္လုပ္ခဲ့မိတဲ့အတြက္ ဝမ္းနည္းမ်က္ရည္က်စြာ ေတာင္းပန္စကားေျပာၾကားခဲ့တဲ့ေ႐ႊထူး

 ေ႐ႊထူးကေတာ့ ျမန္မာႏိုင္ငံရဲ႕ ေအာင္ျမင္ေနတဲ့ ထိပ္တန္းအဆိုေတာ္ေတြထဲမွာတစ္ေယာက္အပါအဝင္ျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ကိုလည္း အခိုင္အမာရယူထားႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္လူငယ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာေနရာယူထားႏိုင္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ေ႐ႊထူးကေတာ့ အခ်စ္သီခ်င္းေလးေတြ အလြမ္းသီခ်င္းေလးေတြ အေဆြးသီခ်င္းေလးေတြကို သီဆိုေလ့ရွိပါတယ္။

ဒါ့အျပင္ ေ႐ႊထူးတို႔ ဇနီးေမာင္ႏွံဟာဆိုရင္လည္း တစ္ေယာက္လက္ကိုတစ္ေယာက္ခိုင္ခိုင္မာမာဆုပ္ကိုင္ထားၿပီး ေ႐ႊလက္တြဲလက္ထပ္ထားၾကတဲ့ စုံတြဲေလးျဖစ္ၿပီး ပရိသတ္ေတြအားက်ခဲ့ရတဲ့စုံတြဲပဲျဖစ္ပါတယ္။ ေ႐ႊႏွစ္ေ႐ႊတို႔စုံတြဲကေတာ့ ႐ိုဆန္မႈေလးေတြနဲ႔ ပရိသတ္ေတြအားက်ရေလာက္ေအာင္ တစ္ေယာက္ကို တစ္ေယာက္အခ်စ္ေတြပိုေနၾကတဲ့ စုံတြဲေလးလည္းျဖစ္ပါတယ္။

ဒီေန႔ေလးကေတာ့ ေ႐ႊထူးရဲ႕ အသက္ (၂၉) ႏွစ္ျပည့္ေမြးေန႔ေလးပဲျဖစ္ရာ သူရဲ႕ေမြးေန႔ေလးမွာ Live လႊင့္ကာ ေမြးေန႔ဆုမြန္ေကာင္းေတာင္းေပးၾကတဲ့ သူေတြကိုေက်းဇူးတင္ေၾကာင္းေျပာရင္း တစ္ခ်ိန္က ပရိသတ္ေတြကို အားမလိုအားမရျဖစ္ေအာင္လုပ္မိတဲ့ အရာေတြအတြက္ ဝမ္းနည္းမ်က္ရည္က်ကာ ေတာင္းပန္စကားေျပာၾကားခဲ့တာေတြ႕ရပါ တယ္။cele zone ပရိသတ္ႀကီးအတြက္ ေ႐ႊထူးရဲ႕ ဗီဒီယိုဖိုင္ေလးကို မွ်ေဝေပးရင္း ေ႐ႊထူးလည္း ေမြးေန႔မွာေပ်ာ္႐ႊင္ၿပီး ေအာင္ျမင္မႈေတြ ပိုမိုရရွိပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Yuan – Cele Zone

photo – Shwe Htoo