လွန်ခဲ့သောနှစ်များစွာက ဒွေးနဲ့အတူရိုက်ကူးထားတဲ့ သူမရဲ့ ” အပြာရောင်ပုံတိုပတ်စများ ” ဇာတ်ကားကို ပြန်ပြီးအားပေးနေတဲ့ စမိုင်းလ်

အနုပညာလောကမှာ တစ်ချိန်က သျှမ်းသျှမ်းတောက်အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်ဒွေးဟာ ကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ရင်ထဲမှာ ကျန်နေခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက သရုပ်ဆောင်ပိုင်းမှာ ပီပြင်တဲ့မျက်ဝန်းအကြည့်တွေကြောင့် အားလုံးက တခဲနက်အားပေးခဲ့ကြပြီး ဆုံးပါးသွားချိန်မှာလည်း ဝမ်းပန်းတနည်းပါပဲ။ စမိုင်းလ်ကလည်း သူမနဲ့ဒွေးနဲ့အတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားလေးက တီဗီမှာပြန်လွှင့်နေတာမို့ အမှတ်တရအနေနဲ့ ဇာတ်ဝင်ခန်းပုံလေးတွေကို လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

မော်ဒယ် သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို စဝင်လာခဲ့ပြီး ချစ်စရာကောင်းတဲ့ သွက်သွက်လက်လက်ကလေးမို့ အားလုံးက အချစ်ပိုခဲ့ရတဲ့စမိုင်းလ်ဟာ အနုပညာအလုပ်တွေကို ရပ်နားပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ မိသားစုကို ပံ့ပိုးခဲ့ပါတယ်။ ကိုယ်တိုင်လည်းလှအောင်နေသလို သမီးလေးတွေကိုလည်း အလှပဆုံးနဲ့ အယဉ်ကျေးဆုံး ဖြစ်အောင် သွန်သင်နိုင်တဲ့ မိခင်ကောင်းတစ်ဦးပါ။

ဇာတ်ကားအသစ်တွေထပ်မရိုက်ဖြစ်ပေမယ့် သူမရဲ့ဇာတ်ကားဟောင်းတွေကိုတော့ ပရိသတ်တွေက အားပေးနေဆဲပါပဲ။ ပြီးခဲ့တဲ့ လပိုင်းတွေလောက်က ဇာတ်ကားတစ်ကားရိုက်ဖို့ လက်ခံခဲ့ပေမယ့် အခုချိန်ထိတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာမှထွေထွေထူးထူး မတင်ခဲ့ပါ ဘူး။ ရိုက်ဖြစ်ခဲ့တယ်ဆိုရင်တော့ စမိုင်းလ်ကို ဖန်သားပြင်ပေါ်မှာနောက်တစ်ခေါက်ထပ်တွေ့ရ ဦးမှာပေါ့ ပရိသတ်ကြီးရေ။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

လြန္ခဲ့ေသာႏွစ္မ်ားစြာက ေဒြးနဲ႔အတူ႐ိုက္ကူးထားတဲ့ သူမရဲ႕ ” အျပာေရာင္ပုံတိုပတ္စမ်ား ” ဇာတ္ကားကို ျပန္ၿပီးအားေပးေနတဲ့ စမိုင္းလ္

အႏုပညာေလာကမွာ တစ္ခ်ိန္က သွ်မ္းသွ်မ္းေတာက္ေအာင္ျမင္ခဲ့တဲ့ သ႐ုပ္ေဆာင္ေဒြးဟာ ကြယ္လြန္ၿပီးေနာက္ပိုင္းမွာလည္း ပရိသတ္ေတြရဲ႕ရင္ထဲမွာ က်န္ေနခဲ့ပါတယ္။ သူ႔ေခတ္သူ႔အခါက သ႐ုပ္ေဆာင္ပိုင္းမွာ ပီျပင္တဲ့မ်က္ဝန္းအၾကည့္ေတြေ ၾကာင့္ အားလုံးက တခဲနက္အားေပးခဲ့ၾကၿပီး ဆုံးပါးသြားခ်ိန္မွာလည္း ဝမ္းပန္းတနည္းပါပဲ။ စမိုင္းလ္ကလည္း သူမနဲ႔ေဒြးနဲ႔ အတူ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ဇာတ္ကားေလးက တီဗီမွာျပန္လႊင့္ေနတာမို႔ အမွတ္တရအေနနဲ႔ ဇာတ္ဝင္ခန္းပံုေလးေတြကို လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။

ေမာ္ဒယ္ သ႐ုပ္ေဆာင္အျဖစ္နဲ႔ အႏုပညာေလာကထဲကို စဝင္လာခဲ့ၿပီး ခ်စ္စရာေကာင္းတဲ့ သြက္သြက္လက္လက္ကေလးမို႔ အားလုံးကအခ်စ္ပို ခဲ့ရတဲ့စမိုင္းလ္ဟာ အႏုပညာအလုပ္ေတြကို ရပ္နားၿပီး အိမ္ေထာင္မႈႏိုင္နင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္နဲ႔ မိသားစုကို ပံ့ပိုးခဲ့ပါတယ္။ ကိုယ္တိုင္လည္းလွေအာင္ေနသလို သမီးေလးေတြကိုလည္း အလွပဆုံးနဲ႔ အယဥ္ေက်းဆုံး ျဖစ္ေအာင္ သြန္သင္ႏိုင္တဲ့ မိခင္ေကာင္းတစ္ဦးပါ။

ဇာတ္ကားအသစ္ေတြထပ္မ႐ိုက္ျဖစ္ေပမယ့္ သူမရဲ႕ဇာတ္ကားေဟာင္းေတြကိုေတာ့ ပရိသတ္ေတြက အားေပးေနဆဲပါပဲ။ ၿပီးခဲ့တဲ့လပိုင္းေတြေလာက္က ဇာတ္ကားတစ္ကား႐ိုက္ဖို႔ လက္ခံခဲ့ေပမယ့္ အခုခ်ိန္ထိေတာ့ ဒီဇာတ္ကားနဲ႔ပတ္သက္ၿပီး ဘာမွေထြေထြထူးထူး မတင္ခဲ့ပါ ဘူး။ ႐ိုက္ျဖစ္ခဲ့တယ္ဆိုရင္ေတာ့ စမိုင္းလ္ကို ဖန္သားျပင္ေပၚမွာေနာက္တစ္ေခါက္ထပ္ေတြ႕ရ ဦးမွာေပါ့ ပရိသတ္ႀကီးေရ။

Happy – Cele Zone
Photo – Smile

error: Content is protected !!