ပရိသတ်တွေရဲ့မထင်မှတ်ထားတဲ့ လုပ်ရပ်ကြောင့် အပျော်ကြီးပျော်ရွှင်နေတဲ့ စိုးပြည့်သဇင်

စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့အာပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ စိုးပြည့်လေးကလည်း ပရိသတ်တွေရဲ့အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားလေးစားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း စိုးပြည့်လေးကို တော်တော်လေး ချစ်ခင်အားပေးကြတာပါ။

ဒီနေ့မှာလည်း စိုးပြည့်လေးက သူ့ရဲ့ ပရိသတ်တွေရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်လေးကြောင့် အံ့သြဝမ်းသာဖြစ်နေခဲ့ရပြန်ပါတယ်။ အဲ့တာကတော့ စိုးပြည့်လေးရဲ့ မွေးနေ့ရက်မရောက်ခင်ကတည်းကနေ ပရိသတ်တွေက အကြိုမွေးနေ့လက်ဆောင်လေးတွေအများကြီး ပို့ပေးကြတာကြောင့်ပဲဖြစ်ပါတယ်။ စိုးပြည့်လေးကတော့ ပရိသတ်တွေ သူ့ကို အခုလို ချစ်ပေးကြတာကြောင့် အပျော်ကြီးပျော်နေခဲ့ပါတယ်။

နေမကောင်းလို့ အိပ်နေတုန်းမို့ လက်ဆောင်လာပေးတဲ့ ညီမလေးကို မတွေ့လိုက်ရတဲ့အတွက် စိုးပြည့်လေးက စိတ်မကောင်းဖြစ်နေခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ စိုးပြည့်လေးကတော့ သူ့ရဲ့အမာခံ ပရိသတ်တွေရဲ့ မွေးနေ့အကြိုလက်ဆောင်လေးတွေအများကြီးပို့ပေးတာကြောင့် ပျော်ရွှင်ကျေနပ်နေခဲ့ပါတယ်။

Chilli – CeleZone
Source – Soe Pyae Thazin

error: Content is protected !!