ကလေးတွေနဲ့တူတူ ပထမဆုံးတက်ခဲ့တဲ့ ပွဲလေးမှာ မထင်ထားလောက်တဲ့ တုံ့ပြန်မှုကြောင့် ပီတိဖြစ်ခဲ့ရတဲ့ မေမေ ခိုင်နှင်းဝေ

Posted on

ပရဟိတ မင်းသမီးချောလေးတစ်ဦး ပရိသတ်တွေရဲ့ လေးစားမှုတွေ အားပေးမှုတွေကို အကုန်လုံးကို ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေက လက်ရှိအချိန်မှာလည်း အနုပညာတစ်ဖက် ပရဟိတအလုပ်တွေတစ်ဖက် တတ်နိုင်သလောက် ကြိုးစားလုပ်ကိုင်နေသူတစ်ဦးပါ။ ခိုင်နှင်းဝေလို ပြောလိုက်ရင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေး အများကြီးကို ပြေးမြင်မိကြမှာပါ။ ပရိသတ်တွေပြေးမြင်မိသလိုပဲ မေမေ ခိုင်နှင်းဝေရင်ခွင်ထဲကို ရောက်လာကြတဲ့ သားသားမီးမီးလေးတွေကလည်း အရမ်းကို ကံကောင်းပြီး ချစ်စရာကောင်းသူလေးတွေအဖြစ် အနုပညာရှင်တွေကြားမှာပါ နာမည်ကြီးနေသူလေးတွေပါ။

ဖြူစင်တဲ့ စိတ်ဓာတ် လူသားချင်းစာနာတတ်တဲ့ စိတ်ဓာတ် လေးစားဖို့ကောင်းတဲ့ ခိုင်နှင်းဝေရဲ့ လုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ထာဝရလေးစားရတဲ့ မင်းသမီးတစ်လက်ဖြစ်နေတာပါ။ အပျိုကြီးမမ ဖြစ်ပေမယ့်လည်း မိန်းမသားတို့မှာရှိတဲ့ မိခင်စိတ်အပြည့်နဲ့ သားသားမီးမီးလေး လုံခြုံစွာခိုနားနိုင်ဖို့အတွက် ဂေဟာလေးတစ်ခုဖွင့်ခဲ့ပြီး ဘဝပေးကံမကောင်းရှာတဲ့ သားသားမီးမီးလေးကို အနာဂတ်လှပအောင် စောင့်ရှောက်ပေးနေတဲ့ သူတစ်ယောက်ပါ။

 

 

အခုလည်း သားသားမီးမီးလေးတွေ အများကြီးထဲက မခိုင်နှင်းဝေမွေးစားထားတဲ့ သားလေး သမီးလေးတွေနဲ့တူတူ ပထမဆုံး ပွဲတက်ခဲ့တာဖြစ်ပါတယ်။ အဆင်ပြေပါ့မလား ချစ်ကြပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေများခဲ့ပေမယ့်လည်း ပွဲကို ရောက်တော့ တကယ့် နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်တဲ့ နေတိုး၊ အူဝဲတို့က ကလေးလေးတွေကို လက်ကမချနိုင်လောက်အောင် ချစ်ကြတာကို မြင်ရတော့ အမေတစ်ယောက်ရဲ့ ပီတိဖြစ်ရတဲ့ ခံစားချက်ကို ပရိသတ်တွေကို ရင်ဖွင့်ရင်း ချစ်စရာကောင်းတဲ့ ပွဲတက် ပုံရိပ်လေးတွေကိုလည်း ဝေမျှလိုက်ပါတယ်နော်။

Source:Khine Hnin Wai

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ကေလးေတြနဲ႔တူတူ ပထမဆုံးတက္ခဲ့တဲ့ ပြဲေလးမွာ မထင္ထားေလာက္တဲ့ တုံ႔ျပန္မႈေၾကာင့္ ပီတိျဖစ္ခဲ့ရတဲ့ ေမေမ ခိုင္ႏွင္းေဝ

ပရဟိတ မင္းသမီးေခ်ာေလးတစ္ဦး ပရိသတ္ေတြရဲ႕ ေလးစားမႈေတြ အားေပးမႈေတြကို အကုန္လုံးကို ရရွိထားသူတစ္ေယာက္ျဖစ္တဲ့ ခိုင္ႏွင္းေဝက လက္ရွိအခ်ိန္မွာလည္း အႏုပညာတစ္ဖက္ ပရဟိတအလုပ္ေတြတစ္ဖက္ တတ္ႏိုင္သေလာက္ ႀကိဳးစားလုပ္ကိုင္ေနသူတစ္ဦးပါ။ ခိုင္ႏွင္းေဝလို ေျပာလိုက္ရင္ ခ်စ္စရာေကာင္းတဲ့ သားသားမီးမီးေလး အမ်ားႀကီးကို ေျပးျမင္မိၾကမွာပါ။ ပရိသတ္ေတြေျပးျမင္မိသလိုပဲ ေမေမ ခိုင္ႏွင္းေဝရင္ခြင္ထဲကို ေရာက္လာၾကတဲ့ သားသားမီးမီးေလးေတြကလည္း အရမ္းကို ကံေကာင္းၿပီး ခ်စ္စရာေကာင္းသူေလးေတြအျဖစ္ အႏုပညာရွင္ေတြၾကားမွာပါ နာမည္ႀကီးေနသူေလးေတြပါ။

ျဖဴစင္တဲ့ စိတ္ဓာတ္ လူသားခ်င္းစာနာတတ္တဲ့ စိတ္ဓာတ္ ေလးစားဖို႔ေကာင္းတဲ့ ခိုင္ႏွင္းေဝရဲ႕ လုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ႏွလုံးသားထဲမွာ ထာဝရေလးစားရတဲ့ မင္းသမီးတစ္လက္ျဖစ္ေနတာပါ။ အပ်ိဳႀကီးမမ ျဖစ္ေပမယ့္လည္း မိန္းမသားတို႔မွာရွိတဲ့ မိခင္စိတ္အျပည့္နဲ႔ သားသားမီးမီးေလး လုံၿခဳံစြာခိုနားႏိုင္ဖို႔အတြက္ ေဂဟာေလးတစ္ခုဖြင့္ခဲ့ၿပီး ဘဝေပးကံမေကာင္းရွာတဲ့ သားသားမီးမီးေလးကို အနာဂတ္လွပေအာင္ ေစာင့္ေရွာက္ေပးေနတဲ့ သူတစ္ေယာက္ပါ။

အခုလည္း သားသားမီးမီးေလးေတြ အမ်ားႀကီးထဲက မခိုင္ႏွင္းေဝေမြးစားထားတဲ့ သားေလး သမီးေလးေတြနဲ႔တူတူ ပထမဆုံး ပြဲတက္ခဲ့တာျဖစ္ပါတယ္။ အဆင္ေျပပါ့မလား ခ်စ္ၾကပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေတြမ်ားခဲ့ေပမယ့္လည္း ပြဲကို ေရာက္ေတာ့ တကယ့္ နာမည္ႀကီး မင္းသား မင္းသမီးေတြျဖစ္တဲ့ ေနတိုး၊ အူဝဲတို႔က ကေလးေလးေတြကို လက္ကမခ်ႏိုင္ေလာက္ေအာင္ ခ်စ္ၾကတာကို ျမင္ရေတာ့ အေမတစ္ေယာက္ရဲ႕ ပီတိျဖစ္ရတဲ့ ခံစားခ်က္ကို ပရိသတ္ေတြကို ရင္ဖြင့္ရင္း ခ်စ္စရာေကာင္းတဲ့ ပြဲတက္ ပုံရိပ္ေလးေတြကိုလည္း ေဝမွ်လိုက္ပါတယ္ေနာ္။