တော်၀င်နန်းထိုက်တဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကိုအံ့အားသင့်စေခဲ့တဲ့ စိုးပြည့်သဇင်
Posted on
နှုတ်ခမ်းမွှေးရေးရေးလေးတွေနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီး‌ချောလေး စိုးပြည့်သဇင်ဟာ ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရထားတဲ့ သူလေးတစ်ယောက်ပါနော်။ စိုးညီအမတွေထဲမှာဆိုရင် အငယ်ဆုံးလည်းဖြစ်သလို အမတွေရဲ့ အလှတရားနဲ့ မတူဘဲ တစ်မျိုးတစ်ဖံုချစ်စရာကောင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။
သူမဟာ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ရှိမှာ ရိုက်ဖြစ်နေတာတွေ့ရပြီးတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေခဲ့့ပါတယ်။ စိုးညီအမတွေရဲ့ ‌ေြခရာကိုအမှီလိုက်နင်းနိုင်ပြီးတော့ အနုပညာသွေးပါသူလေးဖြစ်တာကြောင့် အခုအချိန်ထိ နာမည်တစ်လုံးနဲ့ ရပ်တည်လို့နေနိုင်ခဲ့ပါတယ်။ လက်တစ်လောမှာဆိုရင်တော့ ဒါရိုက်တာ ညွန့်မြန်မာညီညီ‌ေအာင်ရိုက်ကူးတဲ့ သုံးပန်လှကျိန်စာ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီကျော်သူတို့နဲ့အတူ ရိုက်ကူးလျက်ရှိတာကိုတွေ့ရပါတယ်။
သရေခေတ္တရာခေတ်တုန်းက အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ သုံးပန်လှမင်းသမီးအကြောင်းကို ရိုက်ကူးနေခဲ့တာပဲဖြစ်ပြီးတော့ ရိုက်ကွင်းပုံရိပ်တွေကိုလည်း မျှဝေပေးထားတာတွေ့ရပါတယ်နော်။ ပရိသတ်‌ေတွတခါမှမမြင်ဖူးခဲ့တဲ့ အပြင်အဆင်တွေနဲ့ တကယ့်တော်၀င်သမီးလေးတစ်ပါးအလား နန်းဆန်စွာလှပလို့နေတဲ့ စိုးပြည့်လေးကြောင့် အားလုံးပဲအံ့အားသင့်ခဲ့ရပါတယ်။ ” ငါ့အမုန်းနဲ့ငါ့ကျိန်စာကိုဖျက်ဖို့မကြိုးစားမိစေနဲ့..” ဆိုတဲ့ စာသားလေးနဲ့အတူတူ သူမရဲ့ ရိုက်ကွင်းပုံရိပ်လေးကိုတင်ထားခဲ့တာပဲဖြစ်ပါတယ်။ ကဲ… နန်းတွင်းက တော်၀င်မင်းသမီးလေးတစ်ပါးလို ထူးထူးခြားခြားလှပလို့နေတဲ့ စိုးပြည့်လေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်‌တို့အတွက်ဖော်ပြပေးလိုက်ပါရစေနော်…
Source : Soe Pyae Thazin
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)
သူမဟာ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ရှိမှာ ရိုက်ဖြစ်နေတာတွေ့ရပြီးတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေခဲ့ပါတယ်။ စိုးညီအမတွေရဲ့ ‌ခြေရာကိုအမှီလိုက်နင်းနိုင်ပြီးတော့ အနုပညာသွေးပါသူလေးဖြစ်တာကြောင့် အခုအချိန်ထိ နာမည်တစ်လုံးနဲ့ ရပ်တည်လို့နေနိုင်ခဲ့ပါတယ်။ လက်တစ်လောမှာဆိုရင်တော့ ဒါရိုက်တာ ညွန့်မြန်မာညီညီ‌အောင်ရိုက်ကူးတဲ့ သုံးပန်လှကျိန်စာ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီကျော်သူတို့နဲ့အတူ ရိုက်ကူးလျက်ရှိတာကိုတွေ့ရပါတယ်။