အမေနဲ့ ညီမတွေက ပျိုးပေးထားတဲ့ အပင်လေးတွေကို ရောက်တဲ့နေရာတိုင်းမှာ ယူသွားပြီးစိုက်တတ်တဲ့ ဝေဠုကျော်

Posted on

ပရိသတ်တွေ သိကြတဲ့အတိုင်း လက်ရှိမှာဆိုရင် ဝေဠုကျော်ဟာ စိတ်ပင်ပန်းစရာကောင်းတဲ့ ပြဿနာကြီးကို ရင်ဆိုင်ဖြေရှင်‌းနေရပေမယ့် သူ့ရဲ့ ပရဟိတအလုပ်တွေကိုတော့ နဲနဲလေးမှ ရပ်တန့်မသွားခဲ့ပါဘူး။ တစ်နေရာမှာတစ်ခုခုဖြစ်နေပြီဆိုတာနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ဘေးထားပြီး ရှေ့ဆုံးကနေ အပြေးသွားကူညီခဲ့တာကြောင့် ကောင်းတာတွေ‌လည်းပြောကြသလို ဆိုးတာတွေနဲ့လည်း ဝေဖန်ခံနေရပြန်ပါတယ်။

 

ဝေဠုကျော်ဟာ အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင် အနုပညာအလုပ်တွေကို သိပ်မလုပ်ဖြစ်တော့ဘဲနဲ့ ပရဟိတတွေ ကိုယ်ရေးကိုယ်တာတွေနဲ့သာ လုံးပန်းနေခဲ့ရပါတယ်။ သူဟာ ဘာပဲဖြစ်နေဖြစ်နေ လူတွေကို ကူညီတတ်တဲ့ ပရဟိတစိတ်ကတော့ ရင်ထဲမှာ အမြဲတမ်းကိန်းအောင်းလို့နေခဲ့ပါတယ်။ အလှူအတန်းတွေဆိုလည်းသူပါသလို လူမှုကူညီရေးတွေဆိုရင်လည်း ဖောင်ဒေးရှင်းနဲ့ လက်တွဲကာ ရှေ့ဆုံးကနေမားမားမတ်မတ်နဲ့ အကူအညီပေးလို့နေခဲ့ပါတယ်။

 

သူဟာ သစ်ပင်ပန်းပင်လေးတွေ စိုက်ပျိုးရတာကိုလည်း ဝါသနာပါပြီးတော့ ဘယ်နေရာရောက်ရောက် ယူလာတဲ့ ပျိုးပင်လေးတွေကိုထုတ်ကာ စိုက်ရင်း လူ့ပတ်၀န်းကျင်ကိုအကျိုးပြုကုသိုလ်ယူတတ်ပါတယ်။ “အပင်လေးတွေကို အမေနဲ့ ညီမတွေက အိတ်တွေနဲ့ ထည့် ပြီး ပျိုးပေးထားတယ်။ ကိုဝေဠုက ခရီးသွားတိုင်း ပျိုးပင်ထုပ်လေးတွေ သယ်သွားပြီး စိုက်ပေးတယ်။” ဆိုပြီးတော့ သူ့ရဲ့ ဖောင်ဒေးရှင်းPage‌ေလးကနေပြီးတော့ သစ်ပင်စိုက်နေတဲ့ပုံရိပ်လေးအချို့ကို တင်ထားခဲ့တာပဲပါတယ်။ အခုလည်း နေပြည်တော် ကယ်ဆယ်ရေးသင်တန်းကျောင်း နဲ့ စဉ့်ကိုင် ရွှေသိမ်တော် ဘုန်းကြီးကျောင်းမှာ ၁၂ရာသီ ကံ့ကော်ပင်‌ေတွကို စိုက်ပျိုးပေးခဲ့ပြန်ပါတယ် ပရိသတ်တို့ရေ…

 

Source : Wai Lu Kyaw Foundation
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)

 

အေမနဲ႔ ညီမေတြက ပ်ိဳးေပးထားတဲ့ အပင္ေလးေတြကို ေရာက္တဲ့ေနရာတိုင္းမွာ ယူသြားၿပီးစိုက္တတ္တဲ့ ေဝဠဳေက်ာ္

 

့ပရိသတ္ေတြ သိၾကတဲ့အတိုင္း လက္ရွိမွာဆိုရင္ ေဝဠဳေက်ာ္ဟာ စိတ္ပင္ပန္းစရာေကာင္းတဲ့ ျပႆနာႀကီးကို ရင္ဆိုင္ေျဖရွင္‌းေနရေပမယ့္ သူ႔ရဲ႕ ပရဟိတအလုပ္ေတြကိုေတာ့ နဲနဲေလးမွ ရပ္တန္႔မသြားခဲ့ပါဘူး။ တစ္ေနရာမွာတစ္ခုခုျဖစ္ေနၿပီဆိုတာနဲ႔ ကိုယ္ေရးကိုယ္တာ ျပႆနာေတြကို ေဘးထားၿပီး ေရွ႕ဆုံးကေန အေျပးသြားကူညီခဲ့တာေၾကာင့္ ေကာင္းတာေတြ‌လည္းေျပာၾကသလို ဆိုးတာေတြနဲ႔လည္း ေဝဖန္ခံေနရျပန္ပါတယ္။

ေဝဠဳေက်ာ္ဟာ အခုေနာက္ပိုင္းမွာဆိုရင္ ႐ုပ္ရွင္ အႏုပညာအလုပ္ေတြကို သိပ္မလုပ္ျဖစ္ေတာ့ဘဲနဲ႔ ပရဟိတေတြ ကိုယ္ေရးကိုယ္တာေတြနဲ႔သာ လုံးပန္းေနခဲ့ရပါတယ္။ သူဟာ ဘာပဲျဖစ္ေနျဖစ္ေန လူေတြကို ကူညီတတ္တဲ့ ပရဟိတစိတ္ကေတာ့ ရင္ထဲမွာ အၿမဲတမ္းကိန္းေအာင္းလို႔ေနခဲ့ပါတယ္။ အလႉအတန္းေတြဆိုလည္းသူပါသလို လူမႈကူညီေရးေတြဆိုရင္လည္း ေဖာင္ေဒးရွင္းနဲ႔ လက္တြဲကာ ေရွ႕ဆုံးကေနမားမားမတ္မတ္နဲ႔ အကူအညီေပးလို႔ေနခဲ့ပါတယ္။

သူဟာ သစ္ပင္ပန္းပင္ေလးေတြ စိုက္ပ်ိဳးရတာကိုလည္း ဝါသနာပါၿပီးေတာ့ ဘယ္ေနရာေရာက္ေရာက္ ယူလာတဲ့ ပ်ိဳးပင္ေလးေတြကိုထုတ္ကာ စိုက္ရင္း လူ႔ပတ္၀န္းက်င္ကိုအက်ိဳးျပဳကုသိုလ္ယူတတ္ပါတယ္။ ” အပင္ေလးေတြကို အေမနဲ႔ ညီမေတြက အိတ္ေတြနဲ႔ ထည့္ ၿပီး ပ်ိဳးေပးထားတယ္။ ကိုေဝဠဳက ခရီးသြားတိုင္း ပ်ိဳးပင္ထုပ္ေလးေတြ သယ္သြားၿပီး စိုက္ေပးတယ္။” ဆိုၿပီးေတာ့ သူ႔ရဲ႕ ေဖာင္ေဒးရွင္းPage‌ေလးကေနၿပီးေတာ့ သစ္ပင္စိုက္ေနတဲ့ပုံရိပ္ေလးအခ်ိဳ႕ကို တင္ထားခဲ့တာပဲပါတယ္။ အခုလည္း ေနျပည္ေတာ္ ကယ္ဆယ္ေရးသင္တန္းေက်ာင္း နဲ႔ စဥ့္ကိုင္ ေ႐ႊသိမ္ေတာ္ ဘုန္းႀကီးေက်ာင္းမွာ ၁၂ရာသီ ကံ့ေကာ္ပင္‌ေတြကို စိုက္ပ်ိဳးေပးခဲ့ျပန္ပါတယ္ ပရိသတ္တို႔ေရ…