စုစုကို တစ်ဘဝလုံးစာရည်ရွယ်တာဖြစ်ကြောင်း သက်သေပြလိုက်ပြီဖြစ်တဲ့ ဂျာမဏီအဆိုတော် ကိုမီကိ

Posted on

ဂျာမဏီနိုင်ငံသား မြန်မာအဆိုတော် Mikis Weber နဲ့ မြန်မာနိုင်ငံက Gym Trainer ဆရာမလေး စုစုဝေတို့နှစ်ယောက်သားရဲ့ အချစ်ဇာတ်လမ်းကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းပါတယ်။ အနောက်နိုင်ငံသားနဲ့ အာရှနိုင်ငံသူတို့ရဲ့အချစ်ရေးမှာ နားလည်မှုတွေ အများကြီးနဲ့တည်ဆောက်ထားကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း မေတ္တာစစ်မေတ္တာမှန်နဲ့ လက်တွဲထားခဲ့ တာကြောင့် ဝေးသွားဖို့အကြောင်းဆိုတာ မရှိလာနိုင်သလောက်ပါပဲ။

ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ မိကိကတော့ ချစ်သူလေးကို အမြဲတမ်းအမြတ်တနိုးနဲ့ ချစ်တဲ့အကြောင်းလေးတွေကို မကြာခဏဆိုသလို လူမှုကွန်ယက်မှာ ဝေမျှတတ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နှစ်ယောက်သားရဲ့ (၂)နှစ်ပြည့် အထိမ်းအမှတ်နေ့ လေးမှာ Ro ဆန်ဆန် စာလေးကို စုစုကိုအရည်ပျော်အောင် ဖမ်းစားလိုက် ပြန်ပါပြီပရိသတ်ကြီးရေ။

” အတူတူရှိနေတာ၂ နှစ်ရှိပြီ သို့သော် နှစ်ပေါင်း (၇၀) အတူတူရှိသလိုခံစားမိတယ် doesnt feel like only 2 years. ” ဒီစာလေးက ရိုးရှင်းပေမယ့် အဓိပ္ပာယ်တွေအများကြီး ပါဝင်နေတယ်ဆိုတာ ပရိသတ်ကြီးလည်းသိလိမ့်မယ်ထင်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ မိကိကတော့ အသက်တွေကြီးသွားတဲ့ပုံရိပ်လေးကိုလည်းဖန်တီးထားပြီး သက်ဆုံးတိုင်အတူတူရှိချင်တယ် ဆိုတဲ့ သဘောလေးနဲ့ စုစုကို Ro ဆန်ဆန်ပြောခဲ့တာပဲဖြစ်ပါတယ်။

Photo – Mikis Weber
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” စုစုကို တစ္ဘဝလုံးစာရည္႐ြယ္တာျဖစ္ေၾကာင္း သက္ေသျပလိုက္ၿပီျဖစ္တဲ့ ဂ်ာမဏီအဆိုေတာ္ ကိုမီကိ ”

ဂ်ာမဏီႏိုင္ငံသား ျမန္မာအဆိုေတာ္ Mikis Weber နဲ႔ ျမန္မာႏိုင္ငံက Gym Trainer ဆရာမေလး စုစုေဝတို႔ႏွစ္ေယာ က္သား ရဲ႕ အခ်စ္ဇာတ္လမ္းကေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားလြန္းပါတယ္။ အေနာက္ႏိုင္ငံသားနဲ႔ အာရွႏိုင္ငံသူ တို႔ရဲ႕အခ်စ္ေရးမွာ နားလည္မႈေတြ အမ်ားႀကီးနဲ႔တည္ေဆာက္ထားၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္လည္း ေမတၱာစစ္ေမတၱာမွန္နဲ႔ လက္တြဲထားခဲ့တာေၾကာင့္ ေဝးသြားဖို႔အေၾကာင္းဆိုတာ မရွိလာႏိုင္သေလာက္ပါပဲ။

႐ုပ္ရွင္ဇာတ္လမ္းတြဲေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနၿပီျဖစ္တဲ့ မိကိကေတာ့ ခ်စ္သူေလးကို အၿမဲတမ္းအျမတ္တႏိုးတဲ့ ခ်စ္တဲ့အေၾကာင္းေလးေတြကို မၾကာခဏဆိုသလို လူမႈကြန္ယက္မွာ ေဝမွ်တတ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ႏွစ္ေယာက္သားရဲ႕ (၂)ႏွစ္ျပည့္ အထိမ္းအမွတ္ေန႔ ေလးမွာ Ro ဆန္ဆန္ စာေလးကို စုစုကိုအရည္ေပ်ာ္ေအာ င္ဖမ္းစားလိုက္ျပန္ပါၿပီပရိသတ္ႀကီးေရ။

” အတူတူရွိေနတာ၂ ႏွစ္ရွိၿပီ သို႔ေသာ္ ႏွစ္ေပါင္း (၇၀) အတူတူရွိသလိုခံစားမိတယ္ doesnt feel like only 2 years. ” ဒီစာေလးက ရိုးရွင္းေပမယ့္ အဓိပၸာယ္ေတြအမ်ားၾကီး ပါဝင္ေနတယ္ဆိုတာ ပရိသတ္ၾကီးလည္း သိလိမ့္မယ္ထင္ပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ မိကိကေတာ့ အသက္ေတြၾကီးသြားတဲ့ပံုရိပ္ေလးကိုလည္းဖန္တီးထားျပီး သက္ဆံုးတိုင္အတူတူရွိခ်င္တယ္ဆိုတဲ့ သေဘာေလးနဲ႔ စုစုကို Ro ဆန္ဆန္ေျပာခဲ့တာပဲျဖစ္ပါတယ္။

Photo – Mikis Weber
Happy – Cele Zone