သမီးလေးနှစ်ယောက်ကို အဘိုးဘွားတွေနဲ့ထားခဲ့ပြီး နှစ်ယောက်တည်းခရီးလေးမှာ ဇနီးကိုပျော်အောင်ဖန်တီးပေးခဲ့တဲ့ လင်းလင်း

Posted on

ခေတ်လေးနဲ့သစ်လေးတို့ရဲ့ဖေဖေကတော့ မေမေထရီဇာကို အပြတ်အသတ်တွေ Ro လိုက်ပါပြီ။ သမီးလေးနှစ်ယောက်ရဲ့ ဝေယျာဝစ္စတွေအပြင် အနုပညာအလုပ်တွေကိုလည်း မအားလပ်အောင် လုပ်နေရတဲ့ ချစ်ဇနီးလေးအတွက် စိတ်အပန်းဖြေဖို့ရာ နှစ်ယောက်တည်းအတူတူ ခရီးထွက်ပြီး ကလေးတွေကိုတော့ အဘိုးအဘွားတွေနဲ့ ထားခဲ့ပါတယ်။ ကိုယ်ပိုင်ပျော်ရွှင်မှုကို အပြည့်အဝရှာဖွေနိုင်ဖို့အတွက် ဇနီးသည်ကိုအခုလိုဂရုစိုက်တတ်တဲ့ လင်းလင်းရဲ့အပြုအမူကတော့ တကယ့်ကိုခင်ပွန်းကောင်း ပီသပါပေတယ်။

သိပ်ကိုတန်ဖိုးထားပြီးချစ်တတ်တဲ့အမျိုးသားကိုပိုင်ဆိုင်ထားတဲ့ မေမေထရီဇာတော့ အရမ်းကိုပျော်နေခဲ့ပါတယ် ပရိသတ်ကြီး ရေ။ အရင်ကလိုပဲ လွတ်လပ်တဲ့ဘဝလေးနဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုလေးကို အပြည့်အဝခံစားနိုင်ဖို့အတွက် ဖန်တီးပေးတတ်တဲ့ ခင်ပွန်းကိုလည်း သိပ်ချစ်ကြောင်း သူမရဲ့လူမှုကွန်ယက်ကနေတဆင့်ပြောခဲ့ပါသေးတယ်။ တကယ်ကိုကြည်နူးစရာကောင်းလွန်း ပါတယ်။

နှစ်ယောက်သားရဲ့ပျော်ရွှင်မှုအမှတ်တရလေးတွေကို “ဖေ မိန်းမ မောင်တို့ခရီးသွားကြမယ်မယ်
tre.. ဟုတ်တယ်သမီးလေးတွေကျောင်းပိတ်တုန်းလေး
ဖေ… ဟုတ်ဖူး မောင်နဲ့သည်းပဲ,,
tre..ဟမ်……………အယ်…
၂ရက်ကြာပြီးနောက်
မောင်စီစဉ်ပြီးပြီ..ညည်းနားရမယ်…ခရီးထွက်အေးဆေးအနားယူ သမီးလေးတွေမာမီတို့ဆီ ထားခဲ့မယ် ဒီလိုနဲ့,,,,ထွက်ခဲ့တဲ့ခရီး ဒီခရီးလေးကြောင့် ” အမေတစ်ယောက်ဘဝမှာ” Me time ” ဟာ သိပ်အရေးကြီးတာလက်တွေ့သိခဲ့တယ် ခရီးတစ်လျောက် မုန့်တွေစားတယ် ရုပ်ရှင်တွေကြည့်တယ် စကားတွေပြောတယ် အိပ်ရေးဝဝအိပ်တယ် Mr Lynn အဲ ဒီခရီးမှာ ညည်းဟာ ကျုပ်ကိုပိုချစ်နေသူ ပါလား” လို့လည်း သိသွားတယ်(ဟုတ်မဟုတ်တော့သိဘူးပေါ့အေ) မှတ်မှတ်ယယ ခုမှအားလို့ ခုမှတင်ပါသည် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Photo – Chit Thu Wai
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)




tre..ဟမ်……………အယ်…
၂ရက်ကြာပြီးနောက်

Photo – Chit Thu Wai
Happy – Cele Zone