အုပ်စိုးခန့်နဲ့ဆင်တူ Pose လေးတွေပေးပြီး ကလေးဆန်ဆန်ပျော်နေတဲ့ ဖြူဖြူကျော်သိန်း
Posted on
ဂီတလမ်းကြောင်းပေါ်မှာအတူတူလျှောက်လှမ်းနေကြတဲ့ အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းနဲ့ အုပ်စိုးခန့်တို့ နှစ်ယောက်သား Aufit event မှာ ဆုံတွေ့ကြပြီး ချစ်ဖို့ကောင်းတဲ့ Pose လေးတွေဆင်တူနဲ့ ဓာတ်ဖမ်းခဲ့ကြတာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုတော်တွေဖြစ်ကြပြီး မမကြီးဖြူဖြူကျော်သိန်းကတော့ မောင်လေးနဲ့တွေ့တော့ ကလေးလေး ပြန်ဖြစ်သွားတာပေါ့နော်။
Myanmar Idol Season 4 ရဲ့ အကဲဖြတ်ဒိုင်လူကြီးအဖြစ်ပါဝင်အကဲဖြတ်ပေးနေတဲ့ ဖြူဖြူဟာဆိုရင် သူမရဲ့အမိုက်စားသီချင်း တွေနဲ့ အောင်မြင်မှုရခဲ့တာဖြစ်ပြီး ဂီတလောကထဲမှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်အောင် လျှောက်လှမ်းနေခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ အုပ်စိုးခန့်ဟာဆိုရင်လည်း အသက်ငယ်စဉ်ကတည်းက ဂီတကိုဝါသနာပါပြီး ကြိုးစား လုပ်ဆောင်ခဲ့ရာကနေ အခုလိုအောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။
နှစ်ယောက်လုံးက လမ်းကြောင်းတစ်ခုတည်းလျှောက်နေတဲ့ မောင်နှမတွေဖြစ်တာမို့ အတူတူဆုံတာနဲ့ ခင်မင်ရင်းနှီးစွာနဲ့ အခုလိုချစ်ဖို့ကောင်းတဲ့ ပုံလေးတွေရိုက်ကူးထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ဖြူဖြူနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး အုပ်စိုးခန့်တို့နှစ်ယောက်သားရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။
Photo – Phyu Phyu Kyaw Thein
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone