တောထဲမှာပဲရနိုင်တဲ့ သူမအကြိုက်ဆုံးမုန့်အကြောင်းကို ပြောပြခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယိုလေး

Posted on

Tik Tok ဗီဒီယိုလေးတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူလေးကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ သူမကို အစပိုင်းမှာဝေဖန်တိုက်ခိုက်ခဲ့ကြတဲ့ သူတွေရှိနေခဲ့ကြပေမယ့် ရိုးရိုးသားသားနဲ့ ကြိုးစားတတ်ပြီး လူတိုင်းအပေါ် စေတနာထားတတ်တဲ့ သူမရ ပင်ကိုယ်စရိုက်လေးကြောင့် သူမကို ချစ်လွန်းလို့ ၀န်းရံအားပေးတဲ့ ပရိသတ်တွေများပြားလာခဲ့ရပါတယ်။

သူမဟာ အခုဆိုရင် အနုပညာလောကထဲကို အ ခြေချ၀င်ရောက်လာခဲ့ပြီဖြစ်ပြီးတော့ ကြော်ငြာတွေကိုလည်းဆက်တိုက်ရိုက်ကူးလာတာကိုတွေ့ရပြန်ပါတယ်။ သရုပ်ဆောင်တာကိုလည်းအရမ်းပဲ ဝါသနာပါသူလေးဖြစ်တဲ့ အတွက် အမြဲတမ်းလိုလို Tik Tok ဗီဒီယိုလေးတွေကို ရိုက်ပြီး ပရိသတ်တွေကိုမျှဝေ‌ေပးလေ့ရှိပါတယ်။ အခွီတစ်လိုင်း Tik Tokလေးတွေကို များသောအားဖြင့်ရိုက်လေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ တစ်နေ့တာ ဘ၀အမောတွေကို သူ့ရဲ့ဟာသဗီဒီယိုဖိုင်လေးတွေကို ပြေပျောက်စေခဲ့ပြန်ပါတယ်။

အခုတစ်ခါမှာတော့ သူမဟာ သူမရဲ့အကြိုက်ဆုံးမုန့်လေးအကြောင်းကို ဗီဒီယိုလေးရိုက်ကာတင်ထားတာကိုတွေ့ရပြန်ပါတယ်နော်။ သူမအကြိုက်ဆုံးမုန့်ဆိုတာဟာ ရွာဘက်တွေမှာ အများဆုံးတွေ့ရတဲ့ ထန်းသီးညှောင့်လေးတွေပဲဖြစ်ပြီးတော့ အချို့ကလည်း ထန်းသဂျီထွေးလို့ခေါ်ကြပါတယ်။ ဗီဒီယိုထဲမှာတော့ ကလေးတစ်သိုက်နဲ့အတူ ထန်းသီးညှောင့်လေးတွေကို လိုက်ရှာကာ အဖေ့ကို ခုတ်ခိုင်း ခွာခိုင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စားနေကြတာကိုတွေ့ရမှာပါ။ ကဲ… ပကာသဏတွေမပါဘဲနဲ့ ထန်းသီးညှောင့်လေးတွေလိုက်တူးကာ ပျော်ရွှင်စွာစားနေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်….။

Source:Phyu Phyu Htwe

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ေတာထဲမွာပဲရႏိုင္တဲ့ သူမအႀကိဳက္ဆုံးမုန္႔အေၾကာင္းကို ေျပာျပခဲ့တဲ့ ျဖဴျဖဴေထြးရဲ႕ ဗီဒီယိုေလး

Tik Tok ဗီဒီယိုေလးေတြကေနတစ္ဆင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို တစ္ခဲနက္ရရွိပိုင္ဆိုင္ထားသူေလးကေတာ့ ျဖဴျဖဴေထြးပဲျဖစ္ပါတယ္။ သူမကို အစပိုင္းမွာေဝဖန္တိုက္ခိုက္ခဲ့ၾကတဲ့ သူေတြရွိေနခဲ့ၾကေပမယ့္ ႐ိုး႐ိုးသားသားနဲ႔ ႀကိဳးစားတတ္ၿပီး လူတိုင္းအေပၚ ေစတနာထားတတ္တဲ့ သူမရ ပင္ကိုယ္စ႐ိုက္ေလးေၾကာင့္ သူမကို ခ်စ္လြန္းလို႔ ၀န္းရံအားေပးတဲ့ ပရိသတ္ေတြမ်ားျပားလာခဲ့ရပါတယ္။

သူမဟာ အခုဆိုရင္ အႏုပညာေလာကထဲကို အ ေျခခ်၀င္ေရာက္လာခဲ့ၿပီျဖစ္ၿပီးေတာ့ ေၾကာ္ျငာေတြကိုလည္းဆက္တိုက္႐ိုက္ကူးလာတာကိုေတြ႕ရျပန္ပါတယ္။ သ႐ုပ္ေဆာင္တာကိုလည္းအရမ္းပဲ ဝါသနာပါသူေလးျဖစ္တဲ့ အတြက္ အၿမဲတမ္းလိုလို Tik Tok ဗီဒီယိုေလးေတြကို ႐ိုက္ၿပီး ပရိသတ္ေတြကိုမွ်ေဝ‌ေပးေလ့ရွိပါတယ္။ အခြီတစ္လိုင္း Tik Tokေလးေတြကို မ်ားေသာအားျဖင့္႐ိုက္ေလ့ရွိတာေၾကာင့္ ပရိသတ္ေတြရဲ႕ တစ္ေန႔တာ ဘ၀အေမာေတြကို သူ႔ရဲ႕ဟာသဗီဒီယိုဖိုင္ေလးေတြကို ေျပေပ်ာက္ေစခဲ့ျပန္ပါတယ္။

အခုတစ္ခါမွာေတာ့ သူမဟာ သူမရဲ႕အႀကိဳက္ဆုံးမုန႔္ေလးအေၾကာင္းကို ဗီဒီယိုေလး႐ိုက္ကာတင္ထားတာကိုေတြ႕ရျပန္ပါတယ္ေနာ္။ သူမအႀကိဳက္ဆုံးမုန္႔ဆိုတာဟာ ႐ြာဘက္ေတြမွာ အမ်ားဆုံးေတြ႕ရတဲ့ ထန္းသီးေညႇာင့္ေလးေတြပဲျဖစ္ၿပီးေတာ့ အခ်ိဳ႕ကလည္း ထန္းသဂ်ီေထြးလို႔ေခၚၾကပါတယ္။ ဗီဒီယိုထဲမွာေတာ့ ကေလးတစ္သိုက္နဲ႔အတူ ထန္းသီးေညႇာင့္ေလးေတြကို လိုက္ရွာကာ အေဖ့ကို ခုတ္ခိုင္း ခြာခိုင္းၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ စားေနၾကတာကိုေတြ႕ရမွာပါ။ ကဲ… ပကာသဏေတြမပါဘဲနဲ႔ ထန္းသီးေညႇာင့္ေလးေတြလိုက္တူးကာ ေပ်ာ္႐ႊင္စြာစားေနတဲ့ ျဖဴျဖဴေထြးရဲ႕ဗီဒီယိုဖိုင္ေလးကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္ကူးယူေဖာ္ျပေပးလိုက္ပါတယ္ေနာ္….။