ကြောက်ဒူးတွေတုန်နေ‌ပေမယ့် New Taipeiမြို့ရဲ့ကျောက်ဆောင်မြင့်ကြီးပေါ်မှာ စွန့်စွန့်စားစားရိုက်ကူးရေးလုပ်နေတဲ့ ဝိုင်ဝိုင်း

Posted on

ဝိုင်ဝိုင်းလို့ပြောလိုက်တာနဲ့ သူ့ရဲ့ ‌မမေ့နိုင်လောက်အောင်ကို ကောင်းလွန်းတဲ့ တေးသီချင်းတွေကို ပြေးမြင်မိကြမှာအမှန်ပါပဲ။ Popသီချင်း အေးအေးလေးတွေနဲ့ အမြူးလေးတွေကို ပရိသတ်တွေရင်ထဲ ထိမှန်ရိုက်ခတ်စေနိုင်တဲ့ စာသားလေးတွေနဲ့ သီကုံးရေးသားနိုင်ပြီး သီဆိုတတ်တဲ့သူမို့ သူရဲ့အမာခံ ပရိသတ်တွေဆိုတာဟာလည်း မြန်မာတစ်နိုင်ငံတည်းမှာတင် မနည်းမနောပါပဲနော်။

လူငယ်တွေဂစ်တာတီးကြတဲ့ အခါတိုင်းမှာသူ့ရဲ့ သီချင်း‌ေတွဟာမပါမဖြစ်လောက်အောင် ဘယ်တော့မှရိုးအီသွားခြင်းမရှိဘဲကောင်းမြဲကောင်းနေဆဲပါ။ ဝိုင်ဝိုင်းဟာ သီချင်းအသစ်ပေါင်းများစွာကိုလည်းမတူညီတဲ့ ပုံစံတွေနဲ့ ဖန်တီးပြခဲ့ ပြီးတော့ ဒီနှစ်ထဲမှာ တင် သူ့ရဲ့ ခရီးရှည်ဆိုတဲ့ အယ်လ်ဘမ်အသစ်လေးဟာ ထွက်ရှိလို့လာခဲ့ပါသေးတယ်။ ဒီအခွေထဲမှာတော့ ပုံစံဆန်းဆန်းလေးတွေနဲ့ ခေတ်နဲ့အညီဖန်တီးထားတဲ့ တေးသီချင်းပေါင်းများစွာလည်းပါ၀င်ပါတယ်။ သူဟာ အခုဆိုရင် ဒီအခွေကို Music Videoလေးအဖြစ်အသက်သွင်းလို့နေပါပြီနော်။

နယူးတိုင်ပေမြို့မှာ သူ့ရဲ့ အခွေထဲက သီချင်းတစ်ပုဒ်ကို သွားရောက်ရိုက်ကူးနေခဲ့တာပဲဖြစ်ပြီးတော့ ရိုက်ကွင်းရိုက်ကွက်ခပ်ဆန်းဆန်းတွေနဲ့ တွေ့မြင်ရအုန်းမှာပါ။ ပင်လယ်ကျောက်ဆောင်မြင့်ကြီးပေါ်မှာ ဂစ်တာလေးကို လွယ်ကာ စွန့်စွန့်စားစားနဲ့ရိုက်ကူးနေခဲ့တာပဲဖြစ်ပြီးတော့ နဲနဲလည်းမြင့်တဲ့ အတွက် ဒူးတောင်တုန်လို့နေခဲ့ရပါတယ်လို့ ဆိုပါတယ်။ ကဲ… ဒီလောက်တောင် စွန့်စားပြီး ရိုက်ကူးနေတဲ့ Music Videoလေးဟာ ဝိုင်ဝိုင်းရဲ့ခရီးရှည် အယ်လ်ဘမ်ထဲက ဘယ်သီချင်းလေးများဖြစ်မယ်လို့ ပရိသတ်တွေထင်ကြလဲ ပြောခဲ့ကြပါအုန်းနော်…။

Source:Y Wine

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ေၾကာက္ဒူးေတြတုန္ေန‌ေပမယ့္ New Taipeiၿမိဳ႕ရဲ႕ေက်ာက္ေဆာင္ျမင့္ႀကီးေပၚမွာ စြန႔္စြန႔္စားစား႐ိုက္ကူးေရးလုပ္ေနတဲ့ ဝိုင္ဝိုင္း

ဝိုင္ဝိုင္းလို႔ေျပာလိုက္တာနဲ႔ သူ႔ရဲ႕ ‌မေမ့ႏိုင္ေလာက္ေအာင္ကို ေကာင္းလြန္းတဲ့ ေတးသီခ်င္းေတြကို ေျပးျမင္မိၾကမွာအမွန္ပါပဲ။ Popသီခ်င္း ေအးေအးေလးေတြနဲ႔ အျမဴးေလးေတြကို ပရိသတ္ေတြရင္ထဲ ထိမွန္႐ိုက္ခတ္ေစႏိုင္တဲ့ စာသားေလးေတြနဲ႔ သီကုံးေရးသားႏိုင္ၿပီး သီဆိုတတ္တဲ့သူမို႔ သူရဲ႕အမာခံ ပရိသတ္ေတြဆိုတာဟာလည္း ျမန္မာတစ္ႏိုင္ငံတည္းမွာတင္ မနည္းမေနာပါပဲေနာ္။

လူငယ္ေတြဂစ္တာတီးၾကတဲ့ အခါတိုင္းမွာသူ႔ရဲ႕ သီခ်င္း‌ေတြဟာမပါမျဖစ္ေလာက္ေအာင္ ဘယ္ေတာ့မွ႐ိုးအီသြားျခင္းမရွိဘဲေကာင္းၿမဲေကာင္းေနဆဲပါ။ ဝိုင္ဝိုင္းဟာ သီခ်င္းအသစ္ေပါင္းမ်ားစြာကိုလည္းမတူညီတဲ့ ပုံစံေတြနဲ႔ ဖန္တီးျပခဲ့ ၿပီးေတာ့ ဒီႏွစ္ထဲမွာ တင္ သူ႔ရဲ႕ ခရီးရွည္ဆိုတဲ့ အယ္လ္ဘမ္အသစ္ေလးဟာ ထြက္ရွိလို႔လာခဲ့ပါေသးတယ္။ ဒီအေခြထဲမွာေတာ့ ပုံစံဆန္းဆန္းေလးေတြနဲ႔ ေခတ္နဲ႔အညီဖန္တီးထားတဲ့ ေတးသီခ်င္းေပါင္းမ်ားစြာလည္းပါ၀င္ပါတယ္။ သူဟာ အခုဆိုရင္ ဒီအေခြကို Music Videoေလးအျဖစ္အသက္သြင္းလို႔ေနပါၿပီေနာ္။

နယူးတိုင္ေပၿမိဳ႕မွာ သူ႔ရဲ႕ အေခြထဲက သီခ်င္းတစ္ပုဒ္ကို သြားေရာက္႐ိုက္ကူးေနခဲ့တာပဲျဖစ္ၿပီးေတာ့ ႐ိုက္ကြင္း႐ိုက္ကြက္ခပ္ဆန္းဆန္းေတြနဲ႔ ေတြ႕ျမင္ရအုန္းမွာပါ။ ပင္လယ္ေက်ာက္ေဆာင္ျမင့္ႀကီးေပၚမွာ ဂစ္တာေလးကို လြယ္ကာ စြန္႔စြန္႔စားစားနဲ႔႐ိုက္ကူးေနခဲ့တာပဲျဖစ္ၿပီးေတာ့ နဲနဲလည္းျမင့္တဲ့ အတြက္ ဒူးေတာင္တုန္လို႔ေနခဲ့ရပါတယ္လို႔ ဆိုပါတယ္။ ကဲ… ဒီေလာက္ေတာင္ စြန႔္စားၿပီး ႐ိုက္ကူးေနတဲ့ Music Videoေလးဟာ ဝိုင္ဝိုင္းရဲ႕ခရီးရွည္ အယ္လ္ဘမ္ထဲက ဘယ္သီခ်င္းေလးမ်ားျဖစ္မယ္လို႔ ပရိသတ္ေတြထင္ၾကလဲ ေျပာခဲ့ၾကပါအုန္းေနာ္…။