အလှပေါ်အယဉ်ဆင့်နေတဲ့မြန်မာဆန်ဆန်ပုံရိပ်တွေကြောင့် ပရိသတ်တွေသဘောကျနေတဲ့ ထရက်ရှာလေး

Posted on

ပရိသတ်တွေချစ်တဲ့အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ ကိုယ်ပိုင်စတိုင်နဲ့ပရိသတ်အားပေးမှုရရှိလာတဲ့ အနုပညာရှင်မျိုးဆက်တစ်ယောက်ပါ။ကိုယ်ပိုင်မိသားစုလေးကိုတည်ထောင်ထားပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့သမီးလေးတစ်ဦးကိုပါပိုင်ဆိုင်ထားပြီလည်း ဖြစ်ပါတယ်။


ထရက်ရှာလို့ပရိသတ်တွေသိကြတဲ့သမီးလေးကတော့ ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းလွန်းလို့ချစ်တဲ့သူတွေလည်း များနေကြတာပါ။ စန္ဒီမြင့်လွင်ကတော့ သူတို့မိသားစုပုံရိပ်လေးတွေကိုမကြာခဏဆိုသလို မျှဝေပေးလေ့ရှိသူတစ်ယောက်ပါ။ အခုလည်း သမီးလေးရဲ့မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို “အလှပေါ် အယဉ်ဆင့် ကျွန်မမြန်မာရှင့်” ဆိုပြီးတော့ ပြန်လည်မျှဝေထားတာပါ။


ထရက်ရှာလေးကိုတော့ မေမေစန္ဒီမြင့်လွင်ရဲ့ပရိသတ်တွေကလည်း အချစ်ပိုနေကြတာဖြစ်ပြီး သွက်လက်ချက်ချာပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေလည်းရနေပါပြီ။ မြန်မာဆန်ဆန်နဲ့ချစ်စရာကောင်းနေတဲ့ထရက်ရှာရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…


Source : SandyMyintLwin