Covid -19 နဲ့ပတ်သက်တဲ့ ဝမ်းသာစရာသတင်းကောင်းကိုမျှဝေလာတဲ့ လွင်မိုး

Posted on

မင်သားကြီးလွင်မိုးကတော့ တစ်ချိန်ကပရိသတ်တွေအသဲကိုဖမ်းစားနိုင်ခဲ့တဲ့အနုပညာရှင်တစ်ဦးပါ။ အခုအချိန်မှာတော့ အနုပညာအလုပ်တွေသိပ်မလုပ်တော့ဘဲ စီးပွားရေးတွေကိုသာလုပ်ကိုင်နေတာဖြစ်ပေမဲ့ ပရိသတ်တွေကတော့ အားပေးနေကြဆဲပါ။


အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးကိုတုန်လှုပ်ခြောက်ခြားစေတဲ့ Covid -19 ရောဂါကြီးကြောင့် နိုင်ငံတိုင်းကကြောက်ရွံ့တုန်လှုပ်နေကြရတာလည်း ဖြစ်ပါတယ်။ ဒီရောဂါကြီးအတွက် ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို ထုတ်လုပ်ဖို့အတွက်ကြိုးစားနေကြတာဖြစ်ပြီး အချို့နိုင်ငံတွေကတော့ အောင်မြင်လာပြီလို့ဆိုရမှာပါ။ Covid -19 နဲ့ပတ်သက်တဲ့ သတင်းကောင်းတစ်ခုကိုတော့ လွင်မိုးကသူ့ရဲ့ဖေ့ဘွတ်မှာ “အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200 စထိုးပြီ..CNN” ဆိုပြီးတော့ ပြန်လည်မျှဝေလာခဲ့ပါတယ်။


ဒီသတင်းအတွက်တော့ တော်တော်များများကလည်း ဝမ်းသာနေကြမှာလည်း ဖြစ်ပါတယ်။ အနှေးနဲ့အမြန်ဒီရောဂါကြီးကိုထိန်းချုပ်ကာကွယ်နိုင်ဖို့ တစ်ကမ္ဘာလုံးကကြိုးစားနေတာဖြစ်ပြီး အခုလိုဝမ်းသာစရာသတင်းကောင်းတွေအများကြီးပေါ်ထွက်လာဖို့ မျှော်လင့်မိပါရဲ့…
Source : LwinMoe