ရခိုင်ကပြန်လာပြီး ပိုးရှိမရှိစစ်ဆေးခဲ့တဲ့ ဒီဇိုင်နာသျှတ္တရရဲ့အတွေ့အကြုံကိုပြန်လည်မျှဝေလာတဲ့ မယ်လိုဒီ

Posted on

မယ်လိုဒီကတော့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တာကြောင့်ပရိသတ်တွေသိကြမှာဖြစ်သလို ဒီဇိုင်နာသျှတ္တရကတော့ နာမည်ကြီးတဲ့ဒီဇိုင်နာတစ်ယောက်ဖြစ်တာကြောင့်လည်း သိနေကြမှာပါ။ လတ်တလောကူးစက်မှုပျံ့နှံ့နေတဲ့ ကပ်ရောဂါဆိုးကြီးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ကနေပြန်လာတဲ့ ဒီဇိုင်နာသျှတ္တရရဲ့အကြောင်းကို မယ်လိုဒီကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာပြန်လည်မျှဝေလာခဲ့ပါတယ်။


မယ်လိုဒီကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ “မနေ့ က ….ရခိုင် ပြန် သံသယ ရှိ သူ….Designer Shar Tra…ကိုInterview ဖြစ်တယ်…..သူ့ အတွေ့ အကြုံ ကို စိတ်ဝင်စားလို့…..သူငယ်ချင်းတွေ အားလုံးလည်း….ဗဟုသုတ ရအောင်….သူ့ကို စကားပြောကြည့် တယ်……သတင်းတွေထဲမှာ…ရခိုင် မှ ပြန် လာ သူ များ…..လေး ပါတ် အတွင်း ….ရခိုင် သို့ သွား ထားသူများ….ဆက်သွယ် ပါ ဆိုလို့ … မြို့ နယ် ကျန်းမာရေး ကို ….ဖုန်း ဆက် လိုက် တယ် တဲ့….အကျိုးအကြောင်း ပြောပြတော့ ….လာခေါ် မယ် ပေါ့…..လာခေါ်မယ် လို့ ပြော ပီး ချိန် မှာ …..သူတို့ ကတော့ ….ဝတ်စုံ ပြည့် နဲ့ အဆင်သင့် ….စောင့်နေကြတာ.. ..ရပ်ကွက် ရုံးကဆက် လိုက်…..ရဲစခန်း က ဆက် လိုက် ….ပရဟိတ အဖွဲ့ က ဆက် လိုက်….မြို့နယ် ရုံး က ဆက် လိုက်….နောက် တရက် လာမခေါ် ခင် ထိ ….ဖုန်းတေဆက် ပီး…ဂရု တစိုက် …..ဆက်သွယ် နေပါတယ် တဲ့….နောက်တနေ့ …လာခေါ်တော့….သူတို့ Ambulance တွေနဲ့ ….လိုက်မလား….ကိုယ့် အိမ် က ကားနဲ့ လိုက်မလား….ရွေးချယ်ခွင့် ပေး ပါတယ်….အကယ်ရွေ့….Possitive လူနာ ဆိုရင်တော့….Ambulance နဲ့ ပဲ လိုက် ရ ပါ မယ်….အဲ့ လို နဲ့….စစ်ဆေးမဲ့ နေရာ.. ..တက္ကသိုလ် ဝင်း ကြီး ထဲ ကို ရောက်တော့…ကွင်း လယ်ခေါင်မှာ …Tent တွေ ထိုးပီး….တယောက် ချင်း …..တန်းစီ ဝင်ရပါတယ်….အားလုံး ကလည်း ပြူပြူ ဌာဌာ…ဖော်ရွေစွာ ဆက်ဆံ.. .ကြလို့…ကြောက် စိတ် တောင် မရှိခဲ့ ပါ ဘူး

တဲ့….အလှည့် ရောက်တဲ့ အခါ….အပြင် မှာ ကြားဘူးတာ…နှာခေါင်း ထဲ ကို တုတ် တခုနဲ့ ….ထိုးထည့် တာ….အရမ်း ခံ ရတယ် ဘာ ညာ ….ကြားထားတော့….နှာခေါင်းစစ်မယ် ဆိုတော့ ….ကြောက်နေတာပေါ့….တကယ်တော့….လေး လက်မ လောက် ရှိတဲ့ ….ဂွမ်းတံ လေး နဲ့ …..ထိုး ပြီး စစ် တာ…ယား ရုံ လေး လောက်ပဲ….ခံစားရပါတယ်….တဲ့….သူ့ တူ မလေး….လသမီး အရွယ်လေး ကြတော့…ပါးစပ် ထဲက တံတွေး ….ကိုပဲ ယူပါ တယ်….ပီးတဲ့ အခါ ….အိမ် ပြန် ပီး အဖြေကို စောင့် ကြည့် …တဲ့ အချိန် ကတော့ ….ဆယ်တန်း စာမေးပွဲ အောင်စာရင်း….စောင့်ရသလိုပါပဲတဲ့ …..ညနေ သတင်း မှာ…..သူတို့ ဗဟန်း ကပါလား…..ဗဟန်း က ဘယ်နှယောက် လဲ….စောင့် ကြည့် နေ ရ တာ ….မနက် ၄ နာရီ လောက်ထိ ….မအိပ် နိုင် ကြ ပါဘူး…..မနက် ၈နာရီ လောက် …..သတင်း မှာ ပါလာ တော့ မှ ….ဟင်း ချ နိုင် ပါ တယ်….သတင်း ထဲ က လူ စာရင်းမှာ….သူတို ဗဟန်းက တယောက်မှ….မပါလို့ ဝမ်းသာ ရပါတယ်….ဆေးစစ် ဘို့ လာခေါ် ပီး….ပြန် လာ သည် အထိ….ဆေးဝန်ထမ်းများ….ပရဟိတ အသင်းဝင်များ….မြို့နယ်တာဝန် ရှိသူများ သည်….နွေးထွေး စွာ … ရင်းနှီး စွာ….ဆက်ဆံ ပေးကြတဲ့ အတွက်….ကျေးဇူးတင် ကြောင်း ….မကြုံ ဘူးသေးသော ….သူငယ်ချင်း များအားလည်း….ကြောက် စိတ် မဝင် ပဲ …..စစ် စရာ ရှိ လျင် ရဲရဲဝံ့ဝံ့.. ..စစ် စေ လို ကြောင်း ….ကြောက်စရာလုံးဝ မရှိကြောင်း….မာမီကျော် မှ ….တဆင့် ကာယကံရှင် ကိုယ်စား….ပြောကြား ပါ ရစေ….အတွေ့ အကြုံ ကို share ခွင့်ပေးသော…Designer Sha tra ကို….ကျေးဇူးအထူးတင် ပါတယ်….ချစ်သော.. ..မေမေကျော်…..(စာရေးသူမေမေကျော်Win Kyawနှင့်ဒီဇိုင်နာ သျှတကိုလေးစားပါတယ်ရှင်)ဓာတ်ပုံလေးတွေတော့ သည်းခံပါနော် အေးချမ်းကြပါစေရှင်” ဆိုပြီးတော့ ရေးသားထားတာပါ။


အခုဆိုရင်တော့ ကပ်ရောဂါဆိုးကြီးကြောင့် လူတွေစိတ်ပူပန်သောကရောက်နေရတာပါ။ ဒီုအခြေအနေမှာ မသိသေးတဲ့သူတွေလည်း သိရအောင် ပိုးရှိမရှိစစ်ဆေးခဲ့တဲ့ ဒီဇိုင်နာသျှတ္တရရဲ့အတွေ့အကြုံကို မယ်လိုဒီကပြန်ပြီးတော့ မျှဝေလာတာပဲဖြစ်ပါတယ်။
Source : MelodyMyo