အမြန်လမ်း မိုင် ၆၀မှာ ကြီးကျယ်စွာအလှူပွဲကြီး ပြုလုပ်မယ့် စမိုင်းလ်တို့ မိသားစု

Posted on

ပရိသတ်ကြီးရေ….အလှူလက်နဲ့မပြတ်တဲ့ စမိုင်းလ်တို့ မိသားစုလေးကတော့ ယခုတစ်ခါမှာလည်း အရမ်းကို စည်းကားသိုက်မြိုက်ပြီး ခမ်းနားတဲ့ အလှူပွဲကြီးတစ်ခုကို ပြုလုပ်တော့မှာဖြစ်ပါတယ်။ အရာရာမှာ လေးစားအားကျရတဲ့ မင်းသမီးတလက်ဖြစ်တဲ့ စမိုင်းလ်က အလှူဆိုတာနဲ့ တက်ညီလက်ညီ စိတ်တူကိုယ်တူရှိတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ပါရမီဖြည့်ပေးမယ့် ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားသူမို့ မိန်းကလေးတိုင်းအားကျရတဲ့ သူလေးတစ်ယောက်ပါ။

အလှူရေစက်လက်နဲ့ မကွာလို့ ဆိုလိုက်ရင် စမိုင်းလ်တို့ မိသားစုလေးကို ညွှန်းပြရလောက်အောင် တကယ့်ကို အလှူအဒါန်းပြုလုပ်တဲ့ နေရာမှာ အရမ်းကို တက်ကြွတဲ့ မိသားစုလေးပါ။ မကြာသေးခင်ကမှ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ သူငယ်ချင်းတွေနဲ့အတူ Bali ကျွန်းလေးကို အလည်သွားခဲ့ပြီး အရမ်းကိုပျော်ခဲ့ကြပြီးတဲ့ နောက်မှာတော့ ပြန်ရောက်တာနဲ့ အလှူလုပ်ဖို့အတွက် စီစဉ်ခဲ့တာဖြစ်ပါတယ်။

 

 

“လုပ်ချင်တာတွေလုပ်ပြီးပြီဆိုတော့ကုသိုလ်ရေးဖက်ပြန်လှည့် .. မနက်ဖြန် အမြန်လမ်း မိုင် ၆၀ မှာကထိန်ခင်းပါမယ်.. မည်သူမဆိုလာရောက်သုံးဆောင်နိုင်ပါတယ်နော်.. ဒိညအငြိမ့်လေကစပြဖျော်ဖြေပါမယ်… မနက်ဖြန်တွေ့ကြမယ်နော်” ဆိုပြီးအမြန်လမ်း မိုင် ၆၀ မှာ ကြီးကြယ်ခမ်းနားစွာနဲ့ ကထိန်ခင်းမယ့် မှာဖြစ်လို့ ပရိသတ်တွေကိုပါ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ကြားလိုက်တဲ့ စမိုင်းရဲ့ ဖိတ်စာလေးနဲ့ CeleZone ပရိသတ်ကြီးကို တဆင့်ပြန်ဖိတ်လိုက်ပါတယ်နော်။

Source:စမိုင်းလ်

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



