ဖခင်ဖြစ်သူအောင်ရင်နဲ့ ဆင်တူအင်္ကျီ၀တ်ကာ နိုင်ငံခြားဖျော်‌ေြဖရေးခရီးစဉ်မှာလိုက်ပါခဲ့တဲ့ မိုးအောင်ရင်
Posted on
အရင်ကထက်ပိုပြီး ပရိသတ်တွေအချစ်တေွကိုပိုင်ဆိုင်ထားနေရပြီဖြစ်တဲ့ လူငယ်မင်းသားချော မိုးအောင်ရင်ဟာဆိုရင် လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်နော်။ လူကော စိတ်ဓာတ်တွေကောကို အစစအရာရာပြောင်းလဲပြင်ဆင်ပြီးတော့ ပရိသတ်တွေရှေ့ကို တစ်ကျော့ပြန်၀င်ရောက်လာခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းကိုတစ်ခဲနက်ရရှိနေခဲ့တာပဲဖြစ်ပါတယ်နော်။
လတ်တလောမှာဆိုရင်လည်း သူဟာ သူ့ရဲ့ အမာခံပရိသတ်လေးတစ်ယောက်လည်းဖြစ်ပြီးတော့ ပိုလီယိုရောဂါကိုခံစားနေရတဲ့ ညီမလေး ဇင်အိခိုင်ဆီကိုသွားရောက်ပြီးနှစ်သိမ့်ပေးခဲ့ပါ‌ေသးတယ်။ ဖြူစင်တဲ့ စိတ်ထားလေးနဲ့ လူ့ပတ်၀န်းကျင်အတွက်ကော သူချစ်တဲ့ ရုပ်ရှင်အနုပညာအတွက်ကိုပါ ‌အကောင်းဆုံး ကြိုးစားနေပြီဖြစ်တဲ့ သားဖြစ်သူမိုးအောင်ရင်အတွက် ဖခင်ဖြစ်သူအောင်ရင်လည်း ဂုဏ်ယူပြီး ကျေနပ်မဆုံးဖြစ်နေခဲ့ရပါတယ်။ အခုလည်း သားအဖနှစ်ယောက်သား စင်္ကာပူနိုင်ငံကိုဖျော်ဖြေရေးခရီးစဉ်အတူတူထွက်ခဲ့ကြတာကိုတွေ့ရပြန်ပါတယ်နော်။
” စင်္ကာပူမှာ သီချင်းသွားဆိုလိုက်ဦးမယ် ၊ ၄ ညအိပ် ၅ ရက်ခရီးပါဗျ။ ရန်ကုန်ကဘော်ဒါတွေနဲ့လကုန်မှာပြန်ဆုံပါမယ်ခင်ဗျာ။ “ဆိုပြီးတော့ ဖခင်ဖြစ်သူအောင်ရင်က သူ့ရဲ့ လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် ပရိသတ်တွေကို အသိပေးခဲ့တာလည်းဖြစ်ပါတယ်။ သားဖြစ်သူ မိုးအောင်ရင်နဲ့အတူတူ ဆင်တူအင်္ကျီလေးကို ၀တ်ကာ ခရီးအတူတူထွက်ခဲ့ကြတာဖြစ်လို့ နှစ်ဦးစလုံး ပျော်ရွှင်လို့နေခဲ့ကြပါတယ်နော်။ ကဲ… မိုးအောင်ရင်တို့သားအဖနှစ်ယောက်ရဲ့ ခရီးသွားပုံရိပ်လေးတွေကိုတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက် ပြန်လည်ဖော်‌ပြပေးလိုက်ပါတယ်နော်။
Source : Moe Aung Yin
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)
ဖခင်ဖြစ်သူအောင်ရင်နဲ့ ဆင်တူအင်္ကျီဝတ်ကာ နိုင်ငံခြားဖျော်‌ဖြေရေးခရီးစဉ်မှာလိုက်ပါခဲ့တဲ့ မိုးအောင်ရင်