ဝါခေါင်လပြည့်နေ့မှ ာဆွမ်းကပ်ကာကုသိုလ်ယူခဲ့တဲ့ ဝတ်မှုန်ရွှေရည်

Posted on

မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်အချစ်တော်ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။ ပရိသတ်တွေရှေ့စတင်ရောက်ရှိလာကတည်းက ချစ်စရာကောင်းတဲ့မင်းသမီးချောလေးဟာ အခုအချိန်ထိလည်း အသက်နဲ့မလိုက်အောင်နုပျိုနေသလို အနုပညာလောကမှာအောင်မြင်မှုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။


ပရိသတ်တွေကရွှေကစ်လို့ချစ်စနိုးခေါ်တဲ့ မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အလှူဒါနပြုဖို့လည်း လက်မနှေးသူတစ်ယောက်ပါ။ အခုလည်းဝါခေါင်လပြည့်နေ့အလှူအကြောင်းကို “ဝါခေါင်လပြည့်နေ့ မေတ္တာ အခါတော်နေ့ နေ့ဆွမ်း အလှူ” ဆိုပြီးတော့ ရေးသားထားပါတယ်။ ရွှေကစ်ကတော့ မကြာသေးခင်က ပုဂံမြို့မှာသံဃာတော်အပါး(၁၈၀) ကိုလှူဒါန်းခဲ့ပါသေးတယ်။


ကိုဗစ်ကာလမတိုင်ခင်ကလှူဒါန်းခဲ့သလို ကိုဗစ်ကာအလအတွင်းမှာလည်း ရွှေကစ်ကတော့ မပျက်မကွက်အလှူအတန်းတွေပြုနေသူတစ်ယောက်ပါ။ အခုလည်း သံဃာတော်တွေကိုကပ်လှူခဲ့တဲ့ဆွမ်းအလှူကိုပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ့ထက်မကလှူနိုင်တန်းနိုင်ပါစေ ရွှေကစ်ရေ…
Source : WuttHmoneShweYi