စိတ်ကောက်လိုက် ပြန်ချော့လိုက်လိုက်နဲ့ ချစ်ဖို့လည်းအရမ်းေကာင်းပြီးတော့ ရှေ့သွားနောက်လိုက်လည်းအရမ်းညီတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးဟာ လက်ရှိမှာ လူငယ်ပရိသတ်တွေကြားပေါ်ြပူလာဖြစ်လို့နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အပေးအယူ မျှတစွာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ Relationshipလေးကို တည်ဆောက်ထားတဲ့အတွက် ပရိသတ်အပေါင်းရဲ့ အားကျ အချစ်ပိုခြင်းကိုခံနေရတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။
ဖြိုးလေးဟာဆိုရင် ဒီနှစ်ထဲမှာဆိုရင် ဘာတွေဖြစ်ဆိုတဲ့ အခွေအသစ်လေးကိုထွက်ရှိထားခဲ့ပြီးတော့ ဒီအခွေလေးထဲမှာဆိုရင် သူတို့စုံတွဲ လိုက်ဖက်ညီစွာ သီဆိုထားတဲ့ Blacklistဆိုတဲ့ သီချင်းလေးဟာလည်း လူကြိုက်များအားေပးခြင်းခံခဲ့ရပါေသးတယ်။ ကိုယ့်အလုပ်တွေနဲ့ ကိုယ် မအားမလပ်ခဲ့ကြရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေအပြည့်ပေးထားတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေမတက်ဘဲ အချစ်တွေပိုခိုင်မြဲနေခဲ့ရပါတယ်။ သူတို့စုံတွဲလေးဟာ စိတ်ဆိုးစိတ်ေကာက်တော့ရှိပေမယ့် ပြန်ချော့တဲ့အခါတိုင်းမှာလည်း ကြည်ကြည်နူးနူးနဲ့ပြေလည်သွားတာကများပါတယ်။
ဒီရက်ပိုင်းမှာလည်း ဝါဆိုဟာ စိတ်ကောက်နေတာကြောင့် ဖြိုးလေးပြန်ချော့ခဲ့ရတဲ့ဗီဒီယိုဖိုင်လေးကိုပရိသတ်တို့ လည်းမြင်မိကြမှာပါ။ စိတ်ဆိုးစိတ်ကောက်တွေအပြီးမှာတော့ နှစ်ယောက်သာကြည်ကြည်နူးနူးပုံရိပ်လေးတွေကိုတွေ့ရပြန်ပါတယ်နော်။ Halloweenအကြို အနေနဲ့ အရိုးခေါင်းပုံ တက်တူးလေးကို ဖြိုးလေးရဲ့ မျက်နှာ တစ်ခြမ်းမှာရေးဆွဲကာ ချစ်သူလေးနဲ့အတူ အထာကျကျပုံစံဖမ်းပြီး ပရိသတ်တွေကို surprise လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ကောက်ပြီးပြေလည်သွားရင်လည်း တအားကိုချစ်ဖို့ကောင်းအောင်Roတတ်ကြတာမို့ သူတို့စုံတွဲလေးက ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်နေရတာပါ။ကဲ…အထာကျကျနဲ့ စုံတွဲလေးဂေါ်ထားကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပေးလိုက်ပါတယ်နော်…
Source : Warso Moe Oo
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)
မ်က္ႏွာေပၚက အ႐ိုးေခါင္းပုံစံတက္တူးနဲ႔ ပရိသတ္ေတြကို surpriseလုပ္လိုက္တဲ့ ၿဖိဳးေလးနဲ႔ ဝါဆိုမိုးဦး
စိတ္ေကာက္လိုက္ ျပန္ေခ်ာ့လိုက္လိုက္နဲ႔ ခ်စ္ဖို႔လည္းအရမ္းေကာင္းၿပီးေတာ့ ေရွ႕သြားေနာက္လိုက္လည္းအရမ္းညီတဲ့ ၿဖိဳးေလးနဲ႔ ဝါဆိုမိုးဦးတို႔စုံတြဲေလးဟာ လက္ရွိမွာ လူငယ္ပရိသတ္ေတြၾကားေပၚျပဴလာျဖစ္လို႔ေနပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္လည္း အေပးအယူ မွ်တစြာနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ Relationshipေလးကို တည္ေဆာက္ထားတဲ့အတြက္ ပရိသတ္အေပါင္းရဲ႕ အားက် အခ်စ္ပိုျခင္းကိုခံေနရတာဆိုရင္လည္း မွားမယ္မထင္ပါဘူး။
ၿဖိဳးေလးဟာဆိုရင္ ဒီႏွစ္ထဲမွာဆိုရင္ ဘာေတြျဖစ္ဆိုတဲ့ အေခြအသစ္ေလးကိုထြက္ရွိထားခဲ့ၿပီးေတာ့ ဒီအေခြေလးထဲမွာဆိုရင္ သူတို႔စုံတြဲ လိုက္ဖက္ညီစြာ သီဆိုထားတဲ့ Blacklistဆိုတဲ့ သီခ်င္းေလးဟာလည္း လူႀကိဳက္မ်ားအားေပးျခင္းခံခဲ့ရပါေသးတယ္။ ကိုယ့္အလုပ္ေတြနဲ႔ ကိုယ္ မအားမလပ္ခဲ့ၾကရင္ေတာင္မွ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈေတြအျပည့္ေပးထားတဲ့အတြက္ မလိုလားအပ္တဲ့ ျပႆနာေတြမတက္ဘဲ အခ်စ္ေတြပိုခိုင္ၿမဲေနခဲ့ရပါတယ္။ သူတို႔စုံတြဲေလးဟာ စိတ္ဆိုးစိတ္ေကာက္ေတာ့ရွိေပမယ့္ ျပန္ေခ်ာ့တဲ့အခါတိုင္းမွာလည္း ၾကည္ၾကည္ႏူးႏူးနဲ႔ေျပလည္သြားတာကမ်ားပါတယ္။
ဒီရက္ပိုင္းမွာလည္း ဝါဆိုဟာ စိတ္ေကာက္ေနတာေၾကာင့္ ၿဖိဳးေလးျပန္ေခ်ာ့ခဲ့ရတဲ့ဗီဒီယိုဖိုင္ေလးကိုပရိသတ္တို႔ လည္းျမင္မိၾကမွာပါ။ စိတ္ဆိုးစိတ္ေကာက္ေတြအၿပီးမွာေတာ့ ႏွစ္ေယာက္သာၾကည္ၾကည္ႏူးႏူးပုံရိပ္ေလးေတြကိုေတြ႕ရျပန္ပါတယ္ေနာ္။ Halloweenအႀကိဳ အေနနဲ႔ အ႐ိုးေခါင္းပုံ တက္တူးေလးကို ၿဖိဳးေလးရဲ႕ မ်က္ႏွာ တစ္ျခမ္းမွာေရးဆြဲကာ ခ်စ္သူေလးနဲ႔အတူ အထာက်က်ပုံစံဖမ္းၿပီး ပရိသတ္ေတြကို surprise လုပ္ခဲ့တာပဲျဖစ္ပါတယ္။ ေကာက္ၿပီးေျပလည္သြားရင္လည္း တအားကိုခ်စ္ဖို႔ေကာင္းေအာင္Roတတ္ၾကတာမို႔ သူတို႔စုံတြဲေလးက ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ျဖစ္ေနရတာပါ။ကဲ…အထာက်က်နဲ႔ စုံတြဲေလးေဂၚထားၾကတဲ့ ၿဖိဳးေလးနဲ႔ ဝါဆိုမိုးဦးတို႔ရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ေပးလိုက္ပါတယ္ေနာ္…