မေမေဘေးကနေလိုက်စနေတာအောင် ဂရုမစိုက်အားဘဲ အင်္ဂလိပ်စာသင်တဲ့အစီအစဉ်လေးကို စိတ်၀င်တစားကြည့်နေတဲ့ lvyလေး

Posted on

အဆိုတော်မလေးအေသင်ချိုဆွေနဲ့ သမီးလေးlvyတို့ သားအမိနှစ်ယောက်ဟာ ဆိုရင် နှစ်ဦးတည်းနဲ့ ပြီးပြည့်စုံတဲ့ မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားထားပါတယ်နော်။ lvyလေးဟာ မေချစ်သမီးလေး‌လည်း ဖြစ်တာကြောင့် မေမေပြောသမျှ သွန်သင် သမျှ အားလုံးကို မြေ၀ယ်မကျနားထောင်‌ လိုက်နာတတ်သူလေးတစ်ယောက်လည်းဖြစ်ပါသေးတယ်။ ဒါကြောင့် အခုအချိန်ကတည်းက သမီးလေးlvyမှာ ပရိသတ်တွေအခိုင်အမာတောင်ရှိလို့နေခဲ့ပြီပဲဖြစ်ပါတယ်။

 

အေသင်ဟာ သမီးလေးတစ်ဖက်နဲ့ဆိုပေမယ့် သူမချစ်တဲ့ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ အားလပ်တဲ့အချိန်တွေတိုင်းမှာ သမီးလေးနဲ့အတူကုန်ဆုံးနေတတ်ပြီးတော့ သမီးလေးကို အဖေလိုတစ်မျိုး အမေတစ်မျိုး နွေးထွေး ကြင်နာမှုတွေကိုပေးထားနိုင်တဲ့အတွက် lvyလေးအတွက်ကတော့ အေသင်က အကောင်းဆုံးမေမေတစ်ယောက်ပါပဲနော်။ သမီးလေးကလည်း အရွယ်လေးနဲ့ မလိုက်အောင်သိတတ်လိမ္မာသူလေးဖြစ်တာကြောင့် မေမေအတွက် အမောပြေဆေးလေးဆိုလည်းမမှားပါဘူး။

 

အခုလည်း တီဗီကနေလာနေတဲ့ ကလေး အင်္ဂလိပ်စာသင်တဲ့ အစီအစဉ်လေးကို လူကြီးလေးအလား စိတ်၀င်တစားနဲ့ ကြည့်နေတဲ့ lvyလေးကြောင့် မေမေအေသင်လည်းအသည်းယားပြီးအချစ်ပိုခဲ့ရပါတယ်။ ဘေးကနေ ‌အူယားလွန်းလို့ လိုက်စနေတဲ့ မေမေ့ကိုတောင် အရေးမလုပ်နိုင်ပဲ တီဗီကိုသာ စူးစိုက်ကြည့်ပြီး စိတ်၀င်စားနေတဲ့ lvyလေးကတော့ တကယ့်ကို ချစ်စရာကောင်းလို့နေပါတယ်။ ဘေးကနေ တတွတ်တွတ်ပြောပြီးလိုက်စနေတဲ့ မေမေ့ကို ချေပြီးတော့ တီဗီကိုသာ အာရုံစိုက်နေတဲ့ lvyလေးရဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ…. lvyလေးဘယ်လိုတောင် ချေနေလဲဆိုတာ ကြည့်လိုက်ကြပါအုန်း ချစ်ပရိသတ်တို့ရေ….

 

 

 

Source : Athen Cho Swe

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

 

ေမေမေဘးကေနလိုက္စေနတာေအာင္ ဂ႐ုမစိုက္အားဘဲ အဂၤလိပ္စာသင္တဲ့အစီအစဥ္ေလးကို စိတ္၀င္တစားၾကည့္ေနတဲ့ lvyေလး

 

 

အဆိုေတာ္မေလးေအသင္ခ်ိဳေဆြနဲ႔ သမီးေလးlvyတို႔ သားအမိႏွစ္ေယာက္ဟာ ဆိုရင္ ႏွစ္ဦးတည္းနဲ႔ ၿပီးျပည့္စုံတဲ့ မိသားစုကမာၻေလးကို ပိုင္ဆိုင္ထားထားပါတယ္ေနာ္။ lvyေလးဟာ ေမခ်စ္သမီးေလး‌လည္း ျဖစ္တာေၾကာင့္ ေမေမေျပာသမွ် သြန္သင္ သမွ် အားလုံးကို ေျမ၀ယ္မက်နားေထာင္‌ လိုက္နာတတ္သူေလးတစ္ေယာက္လည္းျဖစ္ပါေသးတယ္။ ဒါေၾကာင့္ အခုအခ်ိန္ကတည္းက သမီးေလးlvyမွာ ပရိသတ္ေတြအခိုင္အမာေတာင္ရွိလို႔ေနခဲ့ၿပီပဲျဖစ္ပါတယ္။

ေအသင္ဟာ သမီးေလးတစ္ဖက္နဲ႔ဆိုေပမယ့္ သူမခ်စ္တဲ့ အႏုပညာအလုပ္ေတြကိုလည္း ဆက္လက္လုပ္ကိုင္လ်က္ရွိပါတယ္။ အားလပ္တဲ့အခ်ိန္ေတြတိုင္းမွာ သမီးေလးနဲ႔အတူကုန္ဆုံးေနတတ္ၿပီးေတာ့ သမီးေလးကို အေဖလိုတစ္မ်ိဳး အေမတစ္မ်ိဳး ေႏြးေထြး ၾကင္နာမႈေတြကိုေပးထားႏိုင္တဲ့အတြက္ lvyေလးအတြက္ကေတာ့ ေအသင္က အေကာင္းဆုံးေမေမတစ္ေယာက္ပါပဲေနာ္။ သမီးေလးကလည္း အ႐ြယ္ေလးနဲ႔ မလိုက္ေအာင္သိတတ္လိမၼာသူေလးျဖစ္တာေၾကာင့္ ေမေမအတြက္ အေမာေျပေဆးေလးဆိုလည္းမမွားပါဘူး။

အခုလည္း တီဗီကေနလာေနတဲ့ ကေလး အဂၤလိပ္စာသင္တဲ့ အစီအစဥ္ေလးကို လူႀကီးေလးအလား စိတ္၀င္တစားနဲ႔ ၾကည့္ေနတဲ့ lvyေလးေၾကာင့္ ေမေမေအသင္လည္းအသည္းယားၿပီးအခ်စ္ပိုခဲ့ရပါတယ္။ ေဘးကေန ‌အူယားလြန္းလို႔ လိုက္စေနတဲ့ ေမေမ့ကိုေတာင္ အေရးမလုပ္ႏိုင္ပဲ တီဗီကိုသာ စူးစိုက္ၾကည့္ၿပီး စိတ္၀င္စားေနတဲ့ lvyေလးကေတာ့ တကယ့္ကို ခ်စ္စရာေကာင္းလို႔ေနပါတယ္။ ေဘးကေန တတြတ္တြတ္ေျပာၿပီးလိုက္စေနတဲ့ ေမေမ့ကို ေခ်ၿပီးေတာ့ တီဗီကိုသာ အာ႐ုံစိုက္ေနတဲ့ lvyေလးရဲ႕ အသည္းယားစရာေကာင္းတဲ့ ဗီဒီယိုဖိုင္ေလးကိုျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။ ကဲ…. lvyေလးဘယ္လိုေတာင္ ေခ်ေနလဲဆိုတာ ၾကည့္လိုက္ၾကပါအုန္း ခ်စ္ပရိသတ္တို႔ေရ….