အသက်(၂၉)နှစ်ပြည့်မွေးနေ့မှာ အလှူဒါနများစွာပြုလုပ်ရင်းဖြတ်သန်းခဲ့တဲ့ နီနီခင်ဇော်

Posted on

ပရိသတ်အချစ်တော်နိုင်ငံကျော်အဆိုတော်နီနီခင်ဇော်ကတော့ သံစဉ်များနဲ့ကမ္ဘာပြိုင်ပွဲကစပြီး ပရိသတ်တွေရဲ့အားပေးမှုကိုရရှိလာကာ အခုဆိုရင် ဒိတ်ဒိတ်ကြဲအဆိုတော်အဖြစ်ရပ်တည်နေပါပြီ။ နီနီကတော့ အောင်မြင်မှုများစွာကိုပိုင်ဆိုင်ထားရင်း အခုဆိုအသက်(၂၉)နှစ်ပြည့်ခဲ့ပါပြီ။


(၂၉)နှစ်ပြည့်တဲ့အချိန်မှာတော့နီနီတစ်ယောက် အလှူအတန်းများစွာလုပ်ခဲ့ပါတယ်။ သူငယ်ချင်းတွေ ပရိသတ်တွေပါဝင်ခဲ့တဲ့သူ့ရဲ့မွေးနေ့အလှူတွေအကြောင်းကိုတော့ “29th Birthday Donation ! နီနီနဲ့ နီနီ့သူငယ်ချင်းမောင်နှမတွေ Ninians တွေ မွေးနေ့ လှူဒါန်းခြင်း အမှတ်တရ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှာ ၁၀ သိန်း ၊ နွမ်းပါး အိမ်ထောင်စု အစု (၅၀) စာ ပစ္စည်းများ ၊ ငလိုက်စခန်းသာဆင်စခန်းတွင် ဆင်စာ ဘူဖေး အစရှိသဖြင့် လှူဒါန်းခဲ့ပါတယ် …” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ ရေးသားထားခဲ့ပါတယ်။

နီနီကတော့ အောင်မြင်မှုတွေရနေသလို လိုအပ်တဲ့နေရာတွေမှာလှူဖို့ကိုလည်း မမေ့တဲ့သူတစ်ယောက်ပါ။ ပရိသတ်အချစ်တော်နီနီခင်ဇော်တစ်ယောက် မွေးနေ့မှစပြီး သက်ဆုံးတိုင်အောင်မြင်ပျော်ရွှင်မှုများစွာဖြင့် ဘဝကိုဖြတ်သန်းသွားစေဖို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : NiNiKhinZaw