မွေးနေ့လမှာရှိခဲ့တဲ့ အမှတ်တရတွေအကြောင်းကိုပြောခဲ့တဲ့ နန်းစုရတီစိုး

Posted on

မင်းသမီးချောလေးနန်းစုရတီစိုးကတော့ အလှတရားနဲ့ပတ်သက်ရင်နုနယ်ပျိုမျစ်လွန်းသူတစ်ယောက်ဖြစ်တာကြောင့် တင်စားခံရလေ့ရှိသူပါ။ သူကတော့ ပရိသတ်တွေကို သီချင်းအသစ်လေးတွေဖန်တီးပေးလေ့ရှိသလို အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်နေသူတစ်ယောက်ပါ။ ဒီနေ့ကတော့ စက်တင်ဘာလ(၁)ရက်နေ့ဖြစ်ပြီး ဒီလထဲမှာ နန်းစုရဲ့မွေးနေ့ရှိတယ်လို့လည်း သိရပါတယ်။


နန်းစုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ “Hello ~ September မွေးလ လေးလည်း ဖြစ်သလို ဘဝရဲ့ ပြောင်းလဲမှုကြီးကြီးမားမား အများစုတွေ ကြုံခဲ့ရတဲ့ စက်တင်ဘာ ပါ ကြည်နူးခြင်းဝမ်းနည်းခြင်း ဝမ်းသာခြင်း ကံကောင်းခြင်း အစုံပါပဲ ပျော်ရွှင်စရာတွေများခဲ့ပေမယ့် စိတ်ညစ်စရာလေးတွေလည်း ကြုံခဲ့ရဖူးတယ်..ဒီနှစ်မွေးလ စက်တင်ဘာမှာတော့ ပျော်ရွှင်စရာတွေပဲ ကြုံတွေ့ရပါစေ…နန်းဆုနဲ့ မွေးလတူတဲ့သူအားလုံးလည်း ပျော်ရွှင်ဖွယ်ရာမွေးလ လေး ဖြစ်ပါစေလို့ Happy Birth Month To Me & All September born” ဆိုပြီးတော့ ရေးသားထားတာပါ။


နန်းစုကတော့ မကြာခဏဆိုသလိုသူ့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကို မျှဝေတတ်သူတစ်ယောက်ပါ။ အခုလည်း သူ့ရဲကမွေးလမှာ ကြည်နူးခြင်းဝမ်းနည်းခြင်း ဝမ်းသာခြင်း ကံကောင်းခြင်းစတာတွေကို စုံလင်အောင်ခံစားခဲ့ရတဲ့အကြောင်းကို ပရိသတ်တွေကိုမျှဝေခဲ့ပြန်တာပါ။
Source : NansuYatiSoe