ကပ်ရောဂါကြီးကြောင့်စိတ်ညစ်စရာတွေများနေရပေမဲ့ ပရိသတ်တွေကိုပျော်ရွှင်အောင်နေဖို့ပြောလာတဲ့ အေးမြတ်သူ

Posted on

ပါးချိုင့်လေးတွေနဲ့အပြုံးလှလှလေးတွေကိုပိုင်ထားတဲ့ မင်းသမီးချောလေးအေးမြတ်သူကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားသူတစ်ယောက်ပါ။ ပွင့်လင်းပြီးဟန်ဆောင်မှုမရှိသလို အနုပညာအရည်အချင်းအပြည့်ရှိတဲ့အေးမြတ်သူကတော့ အကယ်ဒမီဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားတာပါ။


အခုလည်း ကပ်ရောဂါဆိုးကြီးကြောင့် မြန်မာနိုင်ငံသားတွေလည်း စိတ်ညစ်နေရာတာပါ။ တစ်ရက်တည်းနဲ့ပိုးတွေ့ရှိသူအရေအတွက်များလွန်းတာကြောင့် စိတ်ညစ်နေရတဲ့အခြေအနေမှာ “မနက်အိပ်ယာနိုးတာနဲ့ ပထမဆုံး တွေ့ရတာ စံချိန်သစ်တင်တယ်…. တဲ့ ကြောက်စရာကောင်းတာတော့အမှန်ပါ… ဒါပေမယ့် တွေးပြီးပူပန်../စိတ်ညစ်နေကြမယ်ဆို.. တနေ့တာလုံး စိတ်ချမ်းသာမှု့တွေပျောက်ကွယ်နေလိမ့်မယ်….. ဒါကြောင့် ချစ်ရသူတွေ သတိ.. /အသိ..လေးနဲ့ ဆင်ခြင်ပြီးသွားလာနေထိုင်ကြရအောင်နော်…အချိန်တိုင်းသောကကြီးနဲ့မနေမိအောင်ပေါ့ ….. သာယာအောင်နေတက်ရင်…….ပျော်ရွှင်အောင်တွေးတက်ရင်…..ရှင်းလင်းအောင်မြင်တက်ရင်..မင်း တည်ရှိနေရတာ အဆင်ပြေသွားပြီ… တခြားသူတွေ ကို လိုက်မကြည့်နဲ့…မင်း ကို မင်း မြင်အောင်ကြည့်ပါ..မင်းဘယ်သူဆိုတာ က်ုယ်တိုင်သိမြင်တဲ့နေ့ မင်း နုပျိုတဲ့နေ့” ဆိုပြီးတော့ ရေးသားထားတာပါ။


အေးမြတ်သူကတော့ ကိုယ်တိုင်လည်းပျော်ရွှင်အောင်နေနေသလို အခြားသူတွေလည်း စိတ်ညစ်စရာတွေအများကြီးမတွေးဘဲပျော်အောင်နေဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။ အေးမြတ်သူတစ်ယောက် ကတော့ နေ့စဉ်လှုပ်ရှားမှုတွေအတွေးအခေါ်တွေကို မကြာခဏမျှဝေပေးသလို အခုလည်း ပရိသတ်တွေကို အတွေးသစ်လေးတွေမျှဝေပေးခဲ့ပါပြီနော်..
Source : AyeMyatThu