တရုတ်မလေးလို အပြင်အဆင်တွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့‌ မအေးသောင်း
ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကိုတစ်ခဲနက်ထားသူလေးကတော့ ‌မင်းသမီးချောလေးအေး‌ေသာင်းပဲဖြစ်ပါတယ်။ သူမဟာ အနုပညာလမ်းကြောင်းပေါ်ကို ဆယ်ကျော်သက် အရွယ်ကတည်းကစတင်အခြေချခဲ့တာဖြစ်ပြီးတော့ အနုပညာအောက်သက်ကြေသူတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူမအနုပညာလောကထဲကို တစ်ကျော့ပြန်၀င်ရောက်လာတဲ့ အခါမှာတော့ အရင်ကထက်ပိုကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို ဖန်တီးချပြခဲ့တာ ပရိသတ်တွေရဲ့ မျက်မြင်ပါပဲနော်
သူမဟာ လက်ရှိမှာ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးလျက်ရှိပြီးတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ သူမတို့ ညီအမတွေထဲမှာဆိုရင် အေးသောင်းတစ်ယောက်တည်းသာ အနုပညာအလုပ်တွေကို ပီပီပြင်ပြင်နဲ့ ဇောက်ချလုပ်ကိုင်နေတာကိုတွေ့ရပြန်ပါတယ်။ အလုပ်ကိုယ်စီနဲ့ ရှုပ်နေကြတဲ့ ညီအမတွေလည်းဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်အချိန်သိပ်မပေးနိုင်ကြပေမယ့် သုံးယောက်သား ဒီရက်ပိုင်းမှာ ထမင်းလက်ဆုံစားရင်းပျော်နေခဲ့တာကိုလည်းတွေ့ရပါတယ်။ အေးသောင်းကတော့ အနုပညာအလုပ်တွေနဲ့ ရှုပ်နေခဲ့ပြီးတော့ လတ်တလောမှာဆိုရင် ပွဲလေးတွေတက်ဖြစ်နေတာကိုတွေ့ရပြန်ပါတယ်။
သူမဟာ အခုတစ်ခါ မန္တလေး The Red Flower Beauty Spa  ဖွင့်ပွဲလေးကို တက်ရောက်ခဲ့တာပဲဖြစ်ပြီးတော့ သူမ၀တ်ဆင်လာတဲ့ ဖက်ရှင်လေးကြောင့် ပရိသတ်တွေလည်ပြန်ငေးခဲ့ရပါတယ်နော်။ တရုတ်မလေးအလား လှပလွန်းတဲ့ ဖက်ရှင်လေးနဲ့ ပြင်ဆင်ခြယ်သ ၀တ်စားဆင်ယင်ကာပွဲတက်လာခဲ့တာပဲဖြစ်လို့ မြင်ရတဲ့ ပရိသတ်တွေက အေးသောင်းမှ ဟုတ်ရဲ့လားဆိုပြီးအမြင်တောင်မှားခဲ့ကြရပါသေးတယ်။ ကဲ… ရိုးရိုးရှင်းရှင်းနဲ့ တရုတ်ဖက်ရှင်လေးကို လိုက်ဖက်စွာ ၀တ်ရင်း ပရိသတ်တေွကြားမှာ ပေါ်လွင်လှပလို့နေတဲ့ အေးသောင်းရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှ‌ဝေပေးလိုက်ပါတယ်နော်။
Source :Aye Thaung
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)