ရေကြိုက်တတ်တဲ့ချစ်ဇနီးလေးကို ဖက်ပြီး ရေကန်ထဲမှာ အပြတ်တွေ Ro နေတဲ့ ရွှေထူး
Posted on
ရွှေစုံတွဲလေးကတော့ လတ်တလောမှာ အင်းလေးကိုရောက်ရှိနေပြီး နှစ်ယောက်သား အရမ်းကို ကြည်နူးနေတာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပြီး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ပါပဲ။ နားလည်မှုတွေနဲ့လက်တွဲ ထားခဲ့ကြပြီး လက်ရှိအချိန်ထိလည်း ရွှေထူးတစ်ယောက် ချစ်ဇနီးလေးကို တုန်နေအောင်ချစ်ပြီး စိတ်ကောက်တိုင်းလည်း ဂရုတစိုက်ချော့နေဆဲပါပဲ။
ပြီးခဲ့တဲ့ရွှေထူးရဲ့မွေးနေ့မှာ ခင်ပွန်းသည်လိုအပ်မှန်းသိလို့ ကားတစ်စီးဝယ်ပေးပြီး မွေးနေ့ surprise လုပ်ပေးခဲ့တဲ့ ချစ်ဇနီးလေး ကြောင့် မျက်ရည်ကျရတဲ့အထိကို ဝမ်းသာခဲ့ရတဲ့ ရွှေထူးရဲ့ပုံရိပ်တွေဟာ ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့ ပါ တယ်။ လက်ရှိမှာလည်း နှစ်ယောက်သား ချစ်စ ခင်စ ကြင်နာစ လိုပဲ အရမ်းကို Ro နေဆဲပါပဲ။
နှစ်ယောက်အတူသွားတဲ့ပျော်စရာခရီးလေးမှာ ချစ်ဇနီးလေးနဲ့အတူ ရေကူးကန်ထဲမှာအပန်းဖြေနေတဲ့ ပုံရိပ်လေးကို ” ရေသူမနဲ့ ဆုံတွေ့ ” ဆိုပြီး Facebook My Day မှာ တင်ထားတာပဲဖြစ်ပါတယ်။ အပျိုတုန်းကတည်းက ရေကူးရတာကြိုက်တဲ့ ရွှေမှုန် တစ်ယောက် ဒီတစ်ခေါက်မှာတော့ ခင်ပွန်းသည်နဲ့အတူ Ro ဆန်ဆန် ရေစိမ်ပြီး အရမ်းကိုပျော်နေပုံပါပဲပရိသတ်ကြီးရေ။
Photo – Htet Htet Moe Oo
Happy – Cele Gabar
(ဇော်ဂျီဖြင့်ဖတ်ရန်)
Photo – Htet Htet Moe Oo
Happy – Cele Gabar