အိုက်တင်တွေအပီအပြင်လုပ်ပြနေပြီး အမေ့ခြေရာနင်းမယ့် မယ်လိုဒီရဲ့ သားချောလေး သိဒ္ဓိစစ်

Posted on

ငယ်ရွယ်ပေမယ့် သန့်ပြန့်ချောမောပြီး အကြည်ဓာတ်လေးရှိတဲ့ မယ်လိုဒီရဲ့သားလေးဟာဆိုရင် ဘာသာတရားလည်းကိုင်းရှိုင်းပြီး ညမအိပ်ခင်တိုင်း မိခင်ကိုပဌာန်းအကျယ်ရွတ်ခိုင်းကာ နာယူပြီးမှ အိပ်တတ်သူလေးပါ။ မနက်အာရုံဆွမ်းလောင်းပြီဆိုရင်လည်း တက်တက်ကြွကြွနဲ့ အရမ်းကို သဒ္ဒါထက်သန်တဲ့ ချစ်စဖွယ်ကလေးလေးတစ်ယောက်ပါပဲ။ မေမေ့ရဲ့အချောအလှတွေအကုန် အမွေရထားတဲ့သားချောလေးဟာ တကယ့်ကိုတသွေးတမွှေးပါပဲ။

အသက်ကြီးလာရင်ဆရာဝန်လုပ်ချင်ပြီး ဘုန်ကြီးလည်းခဏဝတ်မယ့်အကြောင်းကိုလည်း မိခင်ကိုပြောပြခဲ့ပါသေးတယ်။ ဘာသာတရားကိုကိုင်းရှိုင်းပြီး လိမ္မာယဉ်ကျေးတဲ့သားလေးက သာသနာ့ဘောင်ဝင်သွားရင်လည်း သူမကကျေနပ်ကြောင်း ပြောခဲ့ပါသေးတယ်။ ဒီလိုသားကောင်းလေးကို ပြုစုပျိုးထောင်တဲ့မိခင်တစ်ယောက်ရဲ့ ဖြူစင်တဲ့စိတ်ထားလေးက တကယ်ကို အတုယူစရာပါပဲနော်။

သဒ္ဓိစစ်တစ်ယောက် ညမအိပ်ခင်မေမေ့ရင်ခွင်ထဲဝင်ပြီး အိုက်တင်တွေအမျိုးမျိုးလုပ်ပြနေတဲ့ Video လေးကို ” အိပ်ကာနီး ဖြစ်နေတာ လိုက်လို့ကိုမမှီတော့ဘူး အိုက်တင်တွေပြန်သင်နေရတယ် ” ဆိုပြီး မေမေမယ်လိုဒီက သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှထားတာပဲဖြစ်ပါတယ်။ မင်းသားလုပ်ရင်လည်း အောင်မြင်မယ့်ဥပတိရုပ်လေးနော်။

Photo – Htet Htet Moe Oo
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)

” အိုက္တင္ေတြအပီအျပင္လုပ္ျပေနျပီး အေမ့ေျခရာနင္းမယ့္ မယ္လိုဒီရဲ႕ သားေခ်ာေလး သိဒၶိစစ္ ”

ငယ္ရြယ္ေပမယ့္ သန္႔ျပန္႔ေခ်ာေမာျပီး အၾကည္ဓာတ္ေလးရွိတဲ့ မယ္လုိဒီရဲ႕သားေလးဟာဆိုရင္ ဘာသာတရား လည္းကိုင္းရိႈင္းျပီး ညမအိပ္ခင္တိုင္း မိခင္ကိုပဌာန္းအက်ယ္ရြတ္ခိုင္းကာ နာယူျပီးမွ အိပ္တတ္သူေလးပါ။ မနက္အာရံု ဆြမ္းေလာင္းျပီဆိုရင္လည္း တက္တက္ၾကြၾကြနဲ႔ အရမ္းကို သဒၵါထက္သန္တဲ့ ခ်စ္စဖြယ္ကေလးေလးတစ္ေယာက္ပါပဲ။ ေမေမ့ရဲ႕အေခ်ာအလွေတြအကုန္ အေမြရထားတဲ့သားေခ်ာေလးဟာ တကယ့္ကိုတေသြးတေမႊးပါပဲ။

အသက္ၾကီးလာရင္ဆရာဝန္လုပ္ခ်င္ျပီး ဘုန္ၾကီးလည္းခဏဝတ္မယ့္အေၾကာင္းကိုလည္း မိခင္ကိုေျပာျပခဲ့ပါေသးတယ္။ ဘာသာတရားကိုကိုင္းရႈိင္းျပီး လိမၼာယဥ္ေက်းတဲ့သားေလးက သာသနာ့ေဘာင္ဝင္သြားရင္လည္း သူမကေက် နပ္ေၾကာင္းေျပာခဲ့ပါေသးတယ္။ ဒီလိုသားေကာင္းေလးကို ျပဳစုပ်ိဳးေထာင္တဲ့မိခင္တစ္ေယာက္ရဲ႕ ျဖဴစင္တဲ့စိတ္ထားေလးက တကယ္ကို အတုယူစရာပါပဲေနာ္။

သဒၶိစစ္တစ္ေယာက္ ညမအိပ္ခင္ေမေမ့ရင္ခြင္ထဲဝင္ျပီး အုိက္တင္ေတြအမ်ိဳးမ်ိဳးလုပ္ျပေနတဲ့ Video ေလးကို ” အိပ္ကာနီး ျဖစ္ေနတာ လိုက္လို႔ကိုမမွီေတာ့ဘူး အိုက္တင္ေတြျပန္သင္ေနရတယ္ ” ဆိုျပီး ေမေမမယ္လိုဒီက သူမရဲ႕ လူမႈကြန္ယက္မွာေဝမွ်ထားတာပဲျဖစ္ပါတယ္။ မင္းသားလုပ္ရင္လည္း ေအာင္ျမင္မယ့္ဥပတိရုပ္ေလးေနာ္။

Photo – Htet Htet Moe Oo
Happy – Cele Gabar