နှလုံးခွဲစိတ်ရမယ့် ကိုးတန်းကျောင်းသားလေးကို ကိုယ်တိုင်ကိုယ်ကျ အလှူငွေ (၇) သိန်း လှူဒါန်းခဲ့တဲ့ ထက်ထက်မိုးဦး

Posted on

ပရိသတ်တွေရဲ့အသည်းစွဲကြော်ငြာမင်းသမီး ထက်ထက်မိုးဦးတစ်ယောက် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ပြီးနောက် အလှူဒါနလေးတွေလည်း လုပ်နေပါတယ်ပရိသတ်ကြီးရေ။ ပင်လုံဆေးရုံမှာ နှလုံးခွဲစိတ်ကုသရမယ့် ” မောင်ဟိန်းထက်ထက် ” ကို (၇) ရက်သားသမီးများကို ရည်စူးပြီးတော့ အလှူငွေ (၇) သိန်း လှူတန်းခဲ့တာပဲဖြစ်ပါတယ်။

ချစ်ဖို့ကောင်းတဲ့စိတ်ထားလေးကို ပိုင်ဆိုင်ထားလို့ အသက်အရွယ်နဲ့မလိုက်အောင်ကို နုပျိုလွန်းသူလေးပါပဲ။ လူမှုကွန်ယက်တွေ မသုံးပေမယ့် လက်ရှိမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးမှုရအောင် သူမရဲ့ကိုယ်ပိုင် Page လေးကနေ Live တွေတောင်လွှင့်ခဲ့ ပါသေးတယ်။ ပရိသတ်တွေနဲ့ရင်းနှီးဖို့အတွက် မကြာခဏဆိုသလို Live လွှင့်ပေးမယ့်အကြောင်းလည်း ပြောခဲ့ပါသေးတယ်။

သူမရဲ့ကြည်နူးစရာအလှူပုံရိပ်လေးတွေကို ” ဒီနေ့ ပင်လုံဆေးရုံမှာနှလုံးခွဲစိတ်ရန် မောင်ဟိန်းထက်ထက် ကို ၇ရက်သားသမီး များအားရည်စူးပြီးတော့ အလှူငွေ- ၇၀၀၀၀၀ကျပ် ကို ထက်ထက်လှူဒါန်းခဲ့ပါတယ် ကာယံကာရှင် ကိုယ်တိုင်ကို ဖုန်းနှင့် တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ မောင်ဟိန်းထက်ထက် 09774386745 ” ဆိုပြီး မျှဝေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ပရိသတ်အသည်းကျော်လေးကတော့ အလှူရေစက် လက်နဲ့မကွာပဲနော်။

Photo – Htet Htet Moe Oo
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Htet Htet Moe Oo
Happy – Cele Gabar