ကွယ်လွန်သူခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး ဂျာမနီနိုင်ငံထုတ် ဆေးရုံသုံးခုတင်တွေလှူဒါန်းခဲ့တဲ့ ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး အကယ်ဒမီဝါဝါဝင်းရွှေကတော့ ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး အလှူတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဝါဝါြင်းရွှေကတော့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး အလှူအတန်းတွေကို မကြာခဏဆိုသလိုပြုလုပ်လေ့ရှိပါတယ်။

အခုတစ်ခေါက်မှာလည်း ဝါဝါဝင်းရွှေက ခင်ပွန်းဖြစ်သူအတွက်ရည်စူးပြီး ဒဂုံမြို့သစ် အရှေ့ပိုင်း(၁၂)ရပ်ကွက်ရှိဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာမှာ ဂျာမနီနိုင်ငံထုတ် ဆေးရုံသုံးခုတင်တွေကို သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ အခုလိုအလှူလေူဖြစ်မြောက်အောင်ကူညီပေးကြတဲ့ သူတွေကို ကျေးဇူးတင်ကြောင်းပြောထားရင်း အလှူပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားတာပဲဖြစ်ပါတယ်။

CeleZone ပရိသတ်ကြီးတွေလည်း ဝါဝါဝင်ရွှေရဲ့ ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး လှူဒါန်းတဲ့ အလှူဒါနလေးကို ဝမ်းမြောက်ဝမ်းသာနဲ့ မုဒိတာပွားသာဓုခေါ်ဆိုနိုင်စေဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ CeleZone ပရိသတ်ကြီးတွေ သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။

Chilli – CeleZone
Source – Than Myint Aung, Wah Wah Win Shwe

error: Content is protected !!