ကိုယ့်အလုပ်တွေနဲ့ကိုယ်ရှုပ်နေခဲ့ကြတဲ့ ညီအမတွေနဲ့အတူ လူစုံတုန်း ထမင်းလက်ဆုံစားခဲ့တဲ့ အေးသောင်း

Posted on

တစ်ချိန်က အနုပညာလောကမှာ အေး၀တ်ရည်သောင်း နှင်း၀တ်ရည်သောင်း ဆွိ၀တ်ရည်သောင်းဆိုပြီးတော့ နာမည်ကြီးခဲ့တဲ့ မင်းသမီးချောလေးတွေကို ပရိသတ်တွေ မေ့မယ်မထင်ပါဘူး။ သူမတို့ဟာ တစ်ယောက်နဲ့တစ်ယောက်မျက်နှာပေါက်လေးတွေခပ်ဆင်ဆင်နဲ့ ညီအမတွေဆိုပေမယ့် တစ်ယောက်တစ်မျိုးစီ မရိုးတဲ့ အလှတရားလေးတွေကိုပိုင်ဆိုင်ထားကြသူလေးတွေဆိုရင်လည်း မမှားပါဘူး။

သူမတို့ညီအမတွေထဲက အေးသောင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးရင်း အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပေမယ့် နှင်း၀တ်ရည်သောင်းနဲ့ ဆွိ၀တ်ရည်သောင်းတို့ကတော့ အနုပညာလောကနဲ့ အဆက်အသွယ် အနည်းငယ်ပြတ်လို့နေခဲ့ပါတယ်။ သူမတို့ဟာ အလုပ်တွေကိုယ်စီနဲ့ မအားလပ်တာကြောင့် အတူဆုံပြီး ထမင်းလက်ဆုံ စားဖို့တောင်မလွယ်တော့ပေမယ့် အခုတစ်ခါမှာတော့ သူမတို့ ညီအမ‌တွေကို စုစုစည်းစည်းတွေ့ရပြန်ပါတယ်နော်။

သူမတို့ဟာ ကြိုးစားပြီးတော့ သီးသန့်အချိန်လေးတစ်ခုပေးကာ ညီအမသုံးယောက်သား အတူတူပျော်ပျော်ပါးပါးနဲ့ မြိန်ရေယှက်ရေ ထမင်းလက်ဆုံအတူတူစားခဲ့ ကြခဲ့တာပဲဖြစ်ပါတယ်။ စားရင်းသောက်ရင်းနဲ့ အမှတ်တရပုံရိပ်လေးတွေကို အမှတ်တမဲ့ ရိုက်ကာ အေးသောင်းက သူ့ရဲ့ လူမှုစာမျက်နှာပေါ်မှာမျှဝေထားတာကိုတွေ့ရပါတယ်။ ကဲ…ပကာသနတွေမပါဘဲ ညီအမသုံးယောက်သား ချစ်ချစ်ခင်ခင်နဲ့ ထမင်းလက်ဆုံစားနေကြတဲ့ အေးသောင်းတို့ရဲ့အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Aye Thaung

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)



