မမချစ်သုဝေကို အရမ်းချစ်တဲ့အကြောင်း အင်္ဂလိပ်လို ပြောနေတဲ့ ထိပ်ထားလေး ရုပ်သံ
Posted on
ထိပ်ထားလေးကတော့ ပရိသတ်တွေကြားမှာ Tiktok ဗီဒီယိုလေးတွေနဲ့ ရေပန်းစားခဲ့ပြီး ပရိသတ်တွေရဲ့ နှလုံးသားတွေကို အပိုင်သိမ်းသွားသူလေးပါ။ အနုပညာမျိုးရိုးမရှိပေမယ့် အနုပညာအလုပ်တွေကို ဝါသနာပါပြီး ငယ်ငယ်ကတည်းက အိုက်တင်တွေပီပီပြင်ပြင်တဲ့ Tiktok ဆော့ထားတဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေကြည့်ဖူးကြမှာပါ။
အခုဆိုရင် ထိပ်ထားလေးက ငယ်ငယ်လေးနဲ့ သူမရဲ့ အိမ်မက်တွေကိုအောင်မြင်အောင် မေမေက အကောင်းဆုံး ပံ့ပိုးပေးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင် သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ လက်ရှိ အနုပညာလောကထဲမှာပါ နာမည်ကြီးနေတဲ့ ထိပ်ထားလေးက စိတ်ထဲရှိတဲ့အတိုင်းရိုးရိုးသားသားပြောတတ်သူလေးမို့ မင်းသား မင်းသမီးတွေက အရမ်းကို ချစ်နေရတဲ့ သူတစ်ယောက်လည်း ဖြစ်နေပါပြီ။
အခုလည်း ထိပ်ထားလေးက အမြွှာလေးတို့ မေမေ ချစ်သုဝေနဲ့ ပွဲတစ်ခုမှာ ဆုံတုန်း တီတီ ချစ်သုဝေကို လေးစားသွားရလောက်အောင် အရမ်းချစ်တဲ့ အကြောင်း အင်္ဂလိပ်လို ပြောသွားတဲ့ ဗီဒီယိုလေးကို ပရိသတ်ကြည့်ပြီး အသည်းယားမိမှာပါ။ ဒါကြောင့် Celezone ကို အားပေးနေတဲ့ ပရိသတ်ကြီးထဲက ထိပ်ထားလေးရဲ့ Fanလေးတွေအတွက် ချစ်စရာကောင်းလွန်းတဲ့ တီတီ ချစ်သုဝေနဲ့ ထိပ်ထားလေးတို့ ဗီဒီယိိုလေးကို မျှဝေပေးလိုက်ပါပြီနော်။
Source:ထိပ်ထားလေး
NORA:CeleZone
(Zawgyi ဖြင့်ဖတ်ရန်)