“ကိကိလေးရေ…ရှန်..” ဆိုပြီး မေမေ့ကို ချွဲချွဲပျစ်ပျစ်နဲ့ လိုချင်တာကို ပူဆာနေတဲ့ ကိကိလေး ရုပ်သံ

Posted on

မျက်မှန်ဝိုင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ကိကိလေးက ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ကလေးလေးတစ်ယောက်ပါ။ အခြားကလေးလေးတွေနဲ့မတူအောင် စကားပြောအရမ်းတတ်လွန်းတဲ့ ကိကိလေးက မေမေနဲ့အတူ ဈေးရောင်းတမ်းကစားထားတဲ့ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ကြော်ညာတွေကို လက်ခံရိုက်ကူးနေရပြီဖြစ်သည်အထိ ကိကိလေးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားပြီး မေမေအတွက် ကံကောင်းစေတဲ့ သမီးကလေးတစ်ယောက်ပါ။ ဈေးရောင်းရတာကို အရမ်းကို ဝါသနာပါတဲ့ ကိကိလေးက ဈေးရောင်းရင် အမကဲလဲနော် ဆိုတဲ့ စကားလေးကို ခဏ ခဏပြောတတ်ပြီး အရွယ်နဲ့ မလိုက်အောင် လူကြီးစကားလေးတွေပြောတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုစေသူလေးပါ။

ကိကိရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုအသစ်လေးတွေကို အမြဲမျှော်နေတဲ့ ပရိသတ်ကြီးအတွက် ကိကိရဲ့ မေမေကယခင်ကနဲ့ မတူတဲ့ ကိကိရဲ့ လိုချင်တာရှိတဲ့ မေမေ့ကို ချွဲပြီးပူဆာတတ်တဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ဝေမျှပေးထားတာဖြစ်ပါတယ်။ ဒီတော့ ပရိသတ်ကြီးလည်း ကိကိရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ဘဝအမောတွေပြေစေဖို့ တင်ပေးလိုက်ပါပြီနော်။

Source:Ki Ki

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)



