လမ်းလျှောက်ရင်း လက်ညှိုးလေးတထိုးထိုးနဲ့ ‌တစ်ယောက်တည်းစကားတွေပြောနေတဲ့Liamလေးရဲ့ ဗီဒီယိုဖိုင်

Posted on

လတ်တလောမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပိုင်သိမ်းထားခဲ့တဲ့ သူလေးကတော့ သားသားလေးLiamပဲဖြစ်ပါတယ်။ နှစ်ဖက်သော ဖိုးဖိုးဖွားဖွားတွေရဲ့ အသည်းနှလုံးလည်းဖြစ်သလို ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းကိုခံနေရတဲ့ ဖိုးဖိုးလွင်မိုးရဲ့ မြေးလေးလည်းဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် သားလေးဟာ စကားလေးတွေတောင် လိုက်ပြောတတ်နေပြီပဲဖြစ်ပါတယ်နော်။

သားလေးLiamဟာ အသက်လည်း (၁)နှစ်နဲ့ (၂)လ ကျော်သွားခဲ့ပြီဖြစ်လို့လမ်းလည်းကောင်းကောင်းလျှောက်တတ်နေပြီဖြစ်ပြီးတော့ အခုလည်း တစ်ယောက်တည်းခြံထဲမှာ လမ်းလေးတွေ တောက်တောက် တောက်တောက်နဲ့ လျှောက်သွားနေတာကိုတွေ့ရပါတယ်။ လီလီလုံးလေးဟာ သင်လွယ်တတ်လွယ်နဲ့ ချစ်စရာကောင်းလွန်းတာကြောင့် သူ့ရဲ့ဗီဒီယိုဖိုင်လေးတွေ ပုံလေးတွေဆိုရင် ချစ်လွန်းလို့ ကြည့်ရှုတဲ့ ပရိသတ်တွေအမြဲတမ်းများပြားလို့နေခဲ့ရပါတယ်နော်။

အခုလည်း ထုံစံအတိုင်းဖွားဖွားမေသူက သားလေးLiamရဲ့ ဗီဒီယိုလေးကို တင်ခဲ့တာပဲဖြစ်ပြီးတော့ ပရိသတ်တွေကို တစ်ဖန်အသည်းယားပြီးအချစ်ပိုစေခဲ့ပြန်ပါတယ်နော်။ ခြံထဲမှာ လမ်းလေးလျှောက်ရင်းနဲ့ လက်ညှိုးလေးကို ဟိုထိုး ဒီထိုးလုပ်ကာ စကားလေးတွေပြောနေတဲ့ လီလီလုံးလေးဟာ အရမ်းပဲချစ်စ‌ရာကောင်းလို့နေတာကို တွေ့ရပါတယ် ပရိသတ်တို့ရေ။ ကဲ… ပရိသတ်တွေရဲ့ အသည်းကျော် သားLiamလေးဟာ ဒီတစ်ခါမှာလည်း ပရိသတ်တွေကို ဘယ်လို အူယားစေခဲ့ပြန်ပြီလဲဆိုတာကို ဗီဒီယိုလေးထဲမှာ ကြည့်ရှုလိုက်ကြပါအုန်းနော်….


Source : Maythulay73 IG

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

လမ္းေလွ်ာက္ရင္း လက္ညႇိဳးေလးတထိုးထိုးနဲ႔ ‌တစ္ေယာက္တည္းစကားေတြေျပာေနတဲ့Liamေလးရဲ႕ ဗီဒီယိုဖိုင္

 

လတ္တေလာမွာ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အပိုင္သိမ္းထားခဲ့တဲ့ သူေလးကေတာ့ သားသားေလးLiamပဲျဖစ္ပါတယ္။ ႏွစ္ဖက္ေသာ ဖိုးဖိုးဖြားဖြားေတြရဲ႕ အသည္းႏွလုံးလည္းျဖစ္သလို ခ်စ္စရာေကာင္းလြန္းလို႔ ပရိသတ္ေတြရဲ႕ ၀န္းရံအားေပးျခင္းကိုခံေနရတဲ့ ဖိုးဖိုးလြင္မိုးရဲ႕ ေျမးေလးလည္းျဖစ္ပါတယ္။ အခုအခ်ိန္မွာဆိုရင္ သားေလးဟာ စကားေလးေတြေတာင္ လိုက္ေျပာတတ္ေနၿပီပဲျဖစ္ပါတယ္ေနာ္။

သားေလးLiamဟာ အသက္လည္း (၁)ႏွစ္နဲ႔ (၂)လ ေက်ာ္သြားခဲ့ၿပီျဖစ္လို႔လမ္းလည္းေကာင္းေကာင္းေလွ်ာက္တတ္ေနၿပီျဖစ္ၿပီးေတာ့ အခုလည္း တစ္ေယာက္တည္းၿခံထဲမွာ လမ္းေလးေတြ ေတာက္ေတာက္ ေတာက္ေတာက္နဲ႔ ေလွ်ာက္သြားေနတာကိုေတြ႕ရပါတယ္။ လီလီလုံးေလးဟာ သင္လြယ္တတ္လြယ္နဲ႔ ခ်စ္စရာေကာင္းလြန္းတာေၾကာင့္ သူ႔ရဲ႕ဗီဒီယိုဖိုင္ေလးေတြ ပုံေလးေတြဆိုရင္ ခ်စ္လြန္းလို႔ ၾကည့္ရႈတဲ့ ပရိသတ္ေတြအၿမဲတမ္းမ်ားျပားလို႔ေနခဲ့ရပါတယ္ေနာ္။

အခုလည္း ထုံစံအတိုင္းဖြားဖြားေမသူက သားေလးLiamရဲ႕ ဗီဒီယိုေလးကို တင္ခဲ့တာပဲျဖစ္ၿပီးေတာ့ ပရိသတ္ေတြကို တစ္ဖန္အသည္းယားၿပီးအခ်စ္ပိုေစခဲ့ျပန္ပါတယ္ေနာ္။ ၿခံထဲမွာ လမ္းေလးေလွ်ာက္ရင္းနဲ႔ လက္ညႇိဳးေလးကို ဟိုထိုး ဒီထိုးလုပ္ကာ စကားေလးေတြေျပာေနတဲ့ လီလီလုံးေလးဟာ အရမ္းပဲခ်စ္စ‌ရာေကာင္းလို႔ေနတာကို ေတြ႕ရပါတယ္ ပရိသတ္တို႔ေရ။ ကဲ… ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ သားLiamေလးဟာ ဒီတစ္ခါမွာလည္း ပရိသတ္ေတြကို ဘယ္လို အူယားေစခဲ့ျပန္ၿပီလဲဆိုတာကို ဗီဒီယိုေလးထဲမွာ ၾကည့္ရႈလိုက္ၾကပါအုန္းေနာ္….