စိတ်ကောက်နေတဲ့ဝါဆိုမိုးဦးကို မထင်မှတ်တဲ့အချိန်မှာ Surprise လေးလုပ်ပြီးချော့လိုက်တဲ့ ဖြိုးလေးရဲ့ Video
Posted on
ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့စုံတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ လက်တွဲလာခဲ့ပြီး လက်ရှိအချိန်ထိလည်း ပျော်စရာကောင်းတဲ့အချစ်ကမ္ဘာလေးကို နှစ်ယောက်အတူတူတည်ဆောက် ထားကြသူတွေလည်းဖြစ်ပါတယ်။ ကိုယ်ပိုင် လမ်းကြောင်းတွေပေါ်မှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုလည်း အပြည့်အဝပိုင်ဆိုင် ထားသူတွေ ဖြစ်ပါတယ်။
မကြာခဏဆိုသလို စိတ်ကောက်တတ်တဲ့ဝါဆိုကို ယောကျာ်းလေးပီပီ ဖြိုးလေးက အမြဲတမ်းချော့ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ လည်း စိတ်ကောက်နေတဲ့ဝါဆို့ကို ကားပေါ်ကဆင်းခါနီးမှာ ကားနောက်ခန်းက ပန်းစည်းလေးယူပြီး surprise လက်ဆောင်လေး ပေးကာ ချော့လိုက်တာမို့ ဝါဆိုတစ်ယောက် ကြည်နူးသွားတာတော့ အမှန်ပါပဲ။
ဒီလိုကြည်နူးစရာအခိုက်အတန့်လေးကို Video လေးရိုက်ကူးထားပြီး ဝါဆိုတစ်ယောက် သူမရဲ့ လူမှုကွန်ယက်မှာ ဝေမျှလိုက် တာပဲဖြစ်ပါတယ်။ ချစ်သူတွေကြားထဲမှာ ကြည်နူးစရာအကောင်းဆုံး အချိန်လေးဟာ ရန်ဖြစ်ပြီးပြန်ချစ်ကြတဲ့ အချိန်လေးပါပဲ။ ပိုချစ်တဲ့သူတွေက ပိုပြီးရန်ဖြစ်ကြပါတယ်တဲ့။ ပရိသတ်ကြီးမှာရော ဘယ်လောက်ပဲရန်တွေဖြစ်ဖြစ် ဘယ်တော့မှမပြတ်တဲ့ ချစ်သူလေးမျိုး ပိုင်ဆိုင်ထားပြီလား။
Photo – Warso Moe Oo
Happy – Cele Gabar
(ဇော်ဂျီဖြင့်ဖတ်ရန်)
” စိတ်ကောက်နေတဲ့ချစ်သူလေးကို မထင်မှတ်တဲ့အချိန်မှာ Surprise လေးလုပ်ပြီးချော့လိုက်တဲ့ ဖြိုးလေးရဲ့ Video ”
Photo – Warso Moe Oo
Happy – Cele Gabar