ကလေးတွေကတစ်ဖက် အလုပ်ကတစ်ဖက် ဆိုပေမယ့် စိတ်လက်ပေါ့ပါးစွာနေနိုင်ရတဲ့ လျှို့ဝှက်ချက်ကိုပြောပြခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ကလေးတို့ရဲ့ ‌အမေ အပျိုကြီး ခိုင်နှင်းဝေဟာဆိုရင် လက်ရှိမှာ သူမကိုယ်တိုင် တည်ဆောက်ထားတဲ့ ခိုင်မိသားစုလေးအတွက် အလုပ်တွေကိုဆက်တိုက်လုပ်ပြီးကြိုစားနေရတာကို ပရိသတ်တို့သိပြီးသားပါ။ သူမနေရာက၀င် ကြည့်မယ်ဆိုရင် ကလေးတွေကတစ်ဖက် သူမချစ်တဲ့ အနုပညာအလုပ်တွေကတစ်ဖက် ပရဟိတ‌ကတဖက်နဲ့ မအားမလပ်နဲ့ ပင်ပန်းလို့နေမှာအသေအချာပါပဲနော်။ ဒါပေမယ့် သူမဟာ  ဒီလို ပင်ပန်းမှုတွေကြုံတွေ့ရတဲ့အခါ စိတ်လက်ပေါ့ပါးစွာနဲ့ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ချက်လေးကိုပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ ရယ်မောခြင်းပါတဲ့။

“တစ်နေ့တာမှာ အနည်းဆုံး တစ်ကြိမ်တော့စိတ်လက်ပေါ့ပါးစွား အားပါးတရ ရယ်မောပါ”ဆိုပြီးတော့ သူမရဲ့ အမြင်လေးတစ်ချို့ကိုမျှဝေထားပါတယ်။  “အသက်ရွယ်ရလာတာနဲ့အမျှ မိတ်ဆွေတို့  အလုပ်တွေ ဖိအားတွေကြောင့် တစ်နေ့တာမှာ တကယ့်ကို စိတ်ပြုံးပျော်ပြီး ရယ်မော နိုင်ဖို့ ဆိုတာ အတော်ခဲယဉ်းလာကြတယ်။  အဲ့လို မရယ်မောမိတာဟာ စိတ်ဖိအားတွေပိုများလာစေတယ်ဆိုတာ သတိမထားမိကြတာနဲ့အမျှ လူက Depression ဝင်လာတာမျိုး ဖြစ်တတ်ပါတယ် ” လို့ စိတ်ပင်ပန်းရခြင်း တွေရဲ့ အကြောင်းအရင်းတစ်ချို့ကို သုံးသပ်ပြခဲ့ပါသေးတယ်။

” ကျွန်မ တနေ့တာမှာ အမေရယ် အလုပ်ရယ်ကလေးတွေရယ်ကို ပေးရတဲ့အချိန်နဲ့ ကျမရဲ့ပေါ့ပေါ့ပါးပါး ပျော်ရွှင်ချိန်ဟာ ပျောက်ဆုံးလာလေလေ ကျမ ကိုယ်ကျမ ဖိအားများလာလေလို့ ခံစားရချိန် ကျမ လွတ်လတ်ပေါ့ပါးစွာ ပျော်ရွှင်ဖို့ ရယ်မောဖို့  အချိန် မရ ရအောင် ဆွဲထုတ်တတ်ပါတယ်။ အနည်းဆုံး တစ်ရက်လောက်ပေါ့ …….” ဆိုပြီးတော့ သူမကိုယ်တိုင်ကျင့်သုံးနေတဲ့ ရယ်‌ေမာခြင်းနည်းလမ်းလေးအကြောင်းပြောပြထားပါတယ်။ “နားချိန် အားလပ်ချိန်ရအောင်ယူကြပါ လိုအပ်ပါတယ် ။ဟော… ခုလိုဘယ်လိုမှ နားချိန် မရတဲ့ လ မျိုးတွေဆို အလုပ်ထဲမှာ အလုပ်လုပ်ရင်း ကိုယ့်ပျော်ရွှင်မှု ကို ကိုယ့်ဖန်တီးကြပါ လို့ အကြုံပြုပါတယ်နော် “ဆိုပြီးလည်း သူမရဲ့ ထင်မြင်ယူဆချက်လေးအချို့ကို ချစ်ပရိသတ်တွေအကျိုးရှိဖို့ မျှဝေပေးထားပြန်ပါတယ်။ ကဲ… ဒီနည်းလမ်းလေးက အလုပ်တွေအရမ်းရှုပ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကိုယ်တိုင် ကျင့်သုံးနေပြီးတော့ အရမ်းလည်းထိရောက်တဲ့ နည်းလမ်းလေးမို့ ချစ်ပရိသတ်တို့လည်း တစ်နေ့တာစိတ်ပင်ပန်းမှုတွေအတွက် ရယ်မောပစ်ဖို့မမေ့ပါနဲ့နော်….

Source : Khine Hnin Wai

Steven : CeleZone

(Zawgyiဖြင့် ဖတ်ရန်။)

ကေလးေတြကတစ္ဖက္ အလုပ္ကတစ္ဖက္ ဆိုေပမယ့္ စိတ္လက္ေပါ့ပါးစြာေနႏိုင္ရတဲ့ လွ်ိဳ႕ဝွက္ခ်က္ကိုေျပာျပခဲ့တဲ့ ခိုင္ႏွင္းေဝ

 

ကေလးတို႔ရဲ႕ ‌အေမ အပ်ိဳႀကီး ခိုင္ႏွင္းေဝဟာဆိုရင္ လက္ရွိမွာ သူမကိုယ္တိုင္ တည္ေဆာက္ထားတဲ့ ခိုင္မိသားစုေလးအတြက္ အလုပ္ေတြကိုဆက္တိုက္လုပ္ၿပီးႀကိဳစားေနရတာကို ပရိသတ္တို႔သိၿပီးသားပါ။ သူမေနရာက၀င္ ၾကည့္မယ္ဆိုရင္ ကေလးေတြကတစ္ဖက္ သူမခ်စ္တဲ့ အႏုပညာအလုပ္ေတြကတစ္ဖက္ ပရဟိတ‌ကတဖက္နဲ႔ မအားမလပ္နဲ႔ ပင္ပန္းလို႔ေနမွာအေသအခ်ာပါပဲေနာ္။ ဒါေပမယ့္ သူမဟာ ဒီလို ပင္ပန္းမႈေတြႀကဳံေတြ႕ရတဲ့အခါ စိတ္လက္ေပါ့ပါးစြာနဲ႔ေျဖရွင္းႏိုင္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေလးကိုေျပာျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ ရယ္ေမာျခင္းပါတဲ့။

“တစ္ေန႔တာမွာ အနည္းဆုံး တစ္ႀကိမ္ေတာ့စိတ္လက္ေပါ့ပါးစြား အားပါးတရ ရယ္ေမာပါ”ဆိုၿပီးေတာ့ သူမရဲ႕ အျမင္ေလးတစ္ခ်ိဳ႕ကိုမွ်ေဝထားပါတယ္။ “အသက္႐ြယ္ရလာတာနဲ႔အမွ် မိတ္ေဆြတို႔ အလုပ္ေတြ ဖိအားေတြေၾကာင့္ တစ္ေန႔တာမွာ တကယ့္ကို စိတ္ၿပဳံးေပ်ာ္ၿပီး ရယ္ေမာ ႏိုင္ဖို႔ ဆိုတာ အေတာ္ခဲယဥ္းလာၾကတယ္။ အဲ့လို မရယ္ေမာမိတာဟာ စိတ္ဖိအားေတြပိုမ်ားလာေစတယ္ဆိုတာ သတိမထားမိၾကတာနဲ႔အမွ် လူက Depression ဝင္လာတာမ်ိဳး ျဖစ္တတ္ပါတယ္ ” လို႔ စိတ္ပင္ပန္းရျခင္း ေတြရဲ႕ အေၾကာင္းအရင္းတစ္ခ်ိဳ႕ကို သုံးသပ္ျပခဲ့ပါေသးတယ္။

” ကြၽန္မ တေန႔တာမွာ အေမရယ္ အလုပ္ရယ္ကေလးေတြရယ္ကို ေပးရတဲ့အခ်ိန္နဲ႔ က်မရဲ႕ေပါ့ေပါ့ပါးပါး ေပ်ာ္႐ႊင္ခ်ိန္ဟာ ေပ်ာက္ဆုံးလာေလေလ က်မ ကိုယ္က်မ ဖိအားမ်ားလာေလလို႔ ခံစားရခ်ိန္ က်မ လြတ္လတ္ေပါ့ပါးစြာ ေပ်ာ္႐ႊင္ဖို႔ ရယ္ေမာဖို႔ အခ်ိန္ မရ ရေအာင္ ဆြဲထုတ္တတ္ပါတယ္။ အနည္းဆုံး တစ္ရက္ေလာက္ေပါ့ …….” ဆိုၿပီးေတာ့ သူမကိုယ္တိုင္က်င့္သုံးေနတဲ့ ရယ္‌ေမာျခင္းနည္းလမ္းေလးအေၾကာင္းေျပာျပထားပါတယ္။ “နားခ်ိန္ အားလပ္ခ်ိန္ရေအာင္ယူၾကပါ လိုအပ္ပါတယ္ ။ေဟာ… ခုလိုဘယ္လိုမွ နားခ်ိန္ မရတဲ့ လ မ်ိဳးေတြဆို အလုပ္ထဲမွာ အလုပ္လုပ္ရင္း ကိုယ့္ေပ်ာ္႐ႊင္မႈ ကို ကိုယ့္ဖန္တီးၾကပါ လို႔ အႀကဳံျပဳပါတယ္ေနာ္ “ဆိုၿပီးလည္း သူမရဲ႕ ထင္ျမင္ယူဆခ်က္ေလးအခ်ိဳ႕ကို ခ်စ္ပရိသတ္ေတြအက်ိဳးရွိဖို႔ မွ်ေဝေပးထားျပန္ပါတယ္။ ကဲ… ဒီနည္းလမ္းေလးက အလုပ္ေတြအရမ္းရႈပ္တဲ့ မင္းသမီးေခ်ာ ခိုင္ႏွင္းေဝကိုယ္တိုင္ က်င့္သုံးေနၿပီးေတာ့ အရမ္းလည္းထိေရာက္တဲ့ နည္းလမ္းေလးမို႔ ခ်စ္ပရိသတ္တို႔လည္း တစ္ေန႔တာစိတ္ပင္ပန္းမႈေတြအတြက္ ရယ္ေမာပစ္ဖို႔မေမ့ပါနဲ႔ေနာ္….