ပူပြင်းတဲ့ ရာသီဥတုကို အံတုကာ မကွေးမြို့က ချစ်ရတဲ့ ပရိသတ်‌ေတွနဲ့ ပျော်ရွှင်စွာတွေ့ဆုံခဲ့တဲ့ ရွှေကစ်လေး

Posted on

အာရှသူလေးပီသစွာနဲ့ ဖြူဖွေး၀င်းမွတ်တဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ၀တ်မှုန်ရွှေရည်ဆိုတာဟာ နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု‌ ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက ထိပ်တန်းမင်းသမီးတစ်လက်လည်းဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေဆိုတာဟာ နေရာဒေသအသီးသီးမှာများပြားစွာရှိလို့နေပါတယ်။ ဒါကြောင့် သူမဟာ အခုတစ်ခါမှာတော့ မကွေးမြို့က သူမရဲ့ ချစ်ပရိသတ်တွေဆီကို အရောက်သွားခဲ့တာကို တွေ့ရပြန်ပါတယ်။

နိုင်ငံကျော်တစ်ယောက်ဖြစ်တာကြောင့် သူမကို မာနကြီးမှာပဲလို့ထင်ကြပေမယ့် ရွှေကစ်လေးဟာ ပရိသတ်တွေကို အရမ်းချစ်ပြီးတော့ အရမ်းဂရုစိုက်တတ်တဲ့ သူတစ်ယောက်ပါနော်။ ရွှေကစ်လေးဟာ မကြာခဏဆိုသလို ပရိသတ်တွေနဲ့ တွေ့ဆုံတတ်ပြီးတော့ တွေ့တဲ့အခါတိုင်းမှာလည်း သူမရဲ့ မိသားစု၀င်လေးတွေကို သဘောထားပြီးနွေးထွေးစွာဆက်ဆံတတ်ပါတယ်။ အခုလည်း နယ်ဝေးဖြစ်တဲ့ မကွေးက သူမရဲ့ချစ်ပရိသတ်တွေထံ ပူပြင်းတဲ့ ရာသီဥတုကို အံတုကာ အရောက်သွားခဲ့ပြန်ပါတယ်။

ရွှေကစ်လေးဟာ ရွှေနန်းတော်ရဲ့ ရွှေရောင်လွှမ်းမယ့် မကွေးမြို့ ရွှေပွဲတော်ကြီးကို အရောက်သွားပြီး ပရိသတ်တွေနဲ့ တွေ့ဆုံတာပဲဖြစ်ပါတယ်။ ပူပြင်းတဲ့ နေရောင်ခြည်ဒဏ်ကို အံတုကာ မကွေးမြို့တင်မကဘဲ အနီးနားမြို့တွေက ပရိသတ်တွေကလည်း လာရောက်ခဲ့ကြတဲ့အတွက် ပရိသတ်တွေနဲ့အတူ စကားတပြောပြောနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းခဲ့ကြပါတယ်။ ကဲ… ရွှေဝါရောင်ဖက်ရှင်လှလှလေးကို ၀တ်ဆင်ပြီးပွဲတက်လာခဲ့တဲ့ ရွှေကစ်လေးရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်….

Source : Wutt Hmone Shwe Yi

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

ပူျပင္းတဲ့ ရာသီဥတုကို အံတုကာ မေကြးၿမိဳ႕က ခ်စ္ရတဲ့ ပရိသတ္‌ေတြနဲ႔ ေပ်ာ္႐ႊင္စြာေတြ႕ဆုံခဲ့တဲ့ ေ႐ႊကစ္ေလး

 

အာရွသူေလးပီသစြာနဲ႔ ျဖဴေဖြး၀င္းမြတ္တဲ့ အသားအေရေလးကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး ၀တ္မႈန္ေ႐ႊရည္ဆိုတာဟာ ႏိုင္ငံေက်ာ္ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေအာင္ျမင္မႈ‌ ေပါင္းမ်ားစြာကို စိုက္ထူထားႏိုင္ခဲ့တဲ့ ျမန္မာႏိုင္ငံက ထိပ္တန္းမင္းသမီးတစ္လက္လည္းျဖစ္တာေၾကာင့္ သူမရဲ႕ ပရိသတ္ေတြဆိုတာဟာ ေနရာေဒသအသီးသီးမွာမ်ားျပားစြာရွိလို႔ေနပါတယ္။ ဒါေၾကာင့္ သူမဟာ အခုတစ္ခါမွာေတာ့ မေကြးၿမိဳ႕က သူမရဲ႕ ခ်စ္ပရိသတ္ေတြဆီကို အေရာက္သြားခဲ့တာကို ေတြ႕ရျပန္ပါတယ္။

ႏိုင္ငံေက်ာ္တစ္ေယာက္ျဖစ္တာေၾကာင့္ သူမကို မာနႀကီးမွာပဲလို႔ထင္ၾကေပမယ့္ ေ႐ႊကစ္ေလးဟာ ပရိသတ္ေတြကို အရမ္းခ်စ္ၿပီးေတာ့ အရမ္းဂ႐ုစိုက္တတ္တဲ့ သူတစ္ေယာက္ပါေနာ္။ ေ႐ႊကစ္ေလးဟာ မၾကာခဏဆိုသလို ပရိသတ္ေတြနဲ႔ ေတြ႕ဆုံတတ္ၿပီးေတာ့ ေတြ႕တဲ့အခါတိုင္းမွာလည္း သူမရဲ႕ မိသားစု၀င္ေလးေတြကို သေဘာထားၿပီးေႏြးေထြးစြာဆက္ဆံတတ္ပါတယ္။ အခုလည္း နယ္ေဝးျဖစ္တဲ့ မေကြးက သူမရဲ႕ခ်စ္ပရိသတ္ေတြထံ ပူျပင္းတဲ့ ရာသီဥတုကို အံတုကာ အေရာက္သြားခဲ့ျပန္ပါတယ္။

ေ႐ႊကစ္ေလးဟာ ေ႐ႊနန္းေတာ္ရဲ႕ ေ႐ႊေရာင္လႊမ္းမယ့္ မေကြးၿမိဳ႕ ေ႐ႊပြဲေတာ္ႀကီးကို အေရာက္သြားၿပီး ပရိသတ္ေတြနဲ႔ ေတြ႕ဆုံတာပဲျဖစ္ပါတယ္။ ပူျပင္းတဲ့ ေနေရာင္ျခည္ဒဏ္ကို အံတုကာ မေကြးၿမိဳ႕တင္မကဘဲ အနီးနားၿမိဳ႕ေတြက ပရိသတ္ေတြကလည္း လာေရာက္ခဲ့ၾကတဲ့အတြက္ ပရိသတ္ေတြနဲ႔အတူ စကားတေျပာေျပာနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်ိန္ေလးေတြကို ျဖတ္သန္းခဲ့ၾကပါတယ္။ ကဲ… ေ႐ႊဝါေရာင္ဖက္ရွင္လွလွေလးကို ၀တ္ဆင္ၿပီးပြဲတက္လာခဲ့တဲ့ ေ႐ႊကစ္ေလးရဲ႕ ပြဲတက္ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္….