ဖေဖေပုံစံကို တစ်ပုံစံတဲ့တူအောင် လုပ်ပြနေတဲ့ ဆုပန်ထွာသားလေး Roar Roar

Posted on

အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးအဆိုတော် တစ်ဦးဖြစ်တဲ့ ဆုပန်ထွာရဲ့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သားလေး Roar Roarလေးကို ပရိသတ်တွေ သိကြမှာပါ။ မျက်နှာချိုချိုလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် စကားတတ်ပြီး ဖေဖေ မေမေတို့ကိုလည်း ချွဲတတ်လွန်းလို့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ အချစ်ပိုနေရတဲ့ သူလေးဖြစ်ပါတယ်။

စည်းကမ်းရှိရှိနဲ့ သားလေးကို အရမ်းမချုပ်ချယ်ပဲ လူတော်လူကောင်းလေးတစ်ယောက်ဖြစ်လာအောင် ဆုံးမ ထိန်းကြောင်းနေတဲ့ မေမေ ဆုပန်ထွာကလည်း အနုပညာအလုပ်တွေက တစ်ဖက် သားလေးက တစ်ဖက် အချိန်ပေးရင်း မိခင်ကောင်းတစ်ယောက်ပီသ သူဆိုတာကို Roarလေးကို ကြည့်ရင်း ပရိသတ်တွေသိနိုင်ပါတယ်။ မေမေ ဆုပန်ထွာက Roarလေးရဲ့ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ သားလေးရဲ့ အမူအယာလေးတွေ ဂျီကျပုံလေးတွေကို ဗီဒီယိုရိုက်ပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်လေ့ရှိပါတယ်။

 

အခုလည်း အလုပ်ကိစ္စကြောင့် ခရီးတွေထွက်နေရတဲ့ အချိန်တွေမှာ သားလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို တင်ပြီး အလွမ်းသယ်နေတာပါ။ ” ဒီသားအဖကို လွမ်းလွန်းလို့ပါ။အဖေ့ခြေရာနင်းမယ့်သား သူ့အဖေလို Vape လုပ်ရတာတစ်မျိုး  ကားမောင်းရင်း ဆော်ရှိတ်ရတာတစ်မျိုး” ဆိုပြီး ဖေဖေပုံစံအတိုင်း တစ်ပုံစံထဲတူအောင် လိုက်လုပ်နေတဲ့ Roarလေးရဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဗီဒီယိုလေးနှစ်ဖိုင်ကို အောက်မှာ ဆက်ကြည့်ပြီး အသည်းတွေပေးသွားအုံးနော်။

Source:Supan Htwar

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ေဖေဖပုံစံကို တစ္ပုံစံတဲ့တူေအာင္ လုပ္ျပေနတဲ့ ဆုပန္ထြာသြားေလး Roar Roar

အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးအဆိုေတာ္ တစ္ဦးျဖစ္တဲ့ ဆုပန္ထြာရဲ႕ ခ်စ္စရာေကာင္းတဲ့ တစ္ဦးတည္းေသာ သားေလး Roar Roarေလးကို ပရိသတ္ေတြ သိၾကမွာပါ။ မ်က္ႏွာခ်ိဳခ်ိဳေလးနဲ႔ အသည္းယားစရာေကာင္းေလာက္ေအာင္ စကားတတ္ၿပီး ေဖေဖ ေမေမတို႔ကိုလည္း ခြၽဲတတ္လြန္းလို႔ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္အျဖစ္ ပရိသတ္ေတြၾကားမွာ အခ်စ္ပိုေနရတဲ့ သူေလးျဖစ္ပါတယ္။

စည္းကမ္းရွိရွိနဲ႔ သားေလးကို အရမ္းမခ်ဳပ္ခ်ယ္ပဲ လူေတာ္လူေကာင္းေလးတစ္ေယာက္ျဖစ္လာေအာင္ ဆုံးမ ထိန္းေၾကာင္းေနတဲ့ ေမေမ ဆုပန္ထြာကလည္း အႏုပညာအလုပ္ေတြက တစ္ဖက္ သားေလးက တစ္ဖက္ အခ်ိန္ေပးရင္း မိခင္ေကာင္းတစ္ေယာက္ပီသ သူဆိုတာကို Roarေလးကို ၾကည့္ရင္း ပရိသတ္ေတြသိႏိုင္ပါတယ္။ ေမေမ ဆုပန္ထြာက Roarေလးရဲ႕ ပရိသတ္ေတြအတြက္ ခ်စ္စရာေကာင္းတဲ့ သားေလးရဲ႕ အမူအယာေလးေတြ ဂ်ီက်ပုံေလးေတြကို ဗီဒီယို႐ိုက္ၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ တင္ေလ့ရွိပါတယ္။

အခုလည္း အလုပ္ကိစၥေၾကာင့္ ခရီးေတြထြက္ေနရတဲ့ အခ်ိန္ေတြမွာ သားေလးရဲ႕ ခ်စ္စရာေကာင္းတဲ့ ဗီဒီယိုေလးေတြကို တင္ၿပီး အလြမ္းသယ္ေနတာပါ။ ” ဒီသားအဖကို လြမ္းလြန္းလို႔ပါ။အေဖ့ေျခရာနင္းမယ့္သား သူ႔အေဖလို Vape လုပ္ရတာတစ္မ်ိဳး
ကားေမာင္းရင္း ေဆာ္ရွိတ္ရတာတစ္မ်ိဳး” ဆိုၿပီး ေဖေဖပုံစံအတိုင္း တစ္ပုံစံထဲတူေအာင္ လိုက္လုပ္ေနတဲ့ Roarေလးရဲ႕ အသည္းယားစရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းေနတဲ့ ဗီဒီယိုေလးႏွစ္ဖိုင္ကို ေအာက္မွာ ဆက္ၾကည့္ၿပီး အသည္းေတြေပးသြားအုံးေနာ္။