အတူတူမရှိတဲ့အချိန်ဆိုရင် အများကြီးတွေး‌ေနမိတယ်ဆိုပြီးတော့ ချစ်သူလေးကို ချုပ်လိုက်တဲ့ ထွန်းထွန်း
Posted on
အကယ်ဒမီ ဆုကြီးကိုထိုက်ထိုက်တန်တန်ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသား တဖြစ်လဲ အဆိုတော်ထွန်းထွန်းဟာဆိုရင် လက်ရှိမှာ သာယာတဲ့ Relationshipလေးတစ်ခုကိုပိုင်ဆိုင်လို့ထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအပြည့်နဲ့ ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးလေးတွေကို ချည်နှောင်ထားတာကြောင့် သူတို့နှစ်ဦးရဲ့ ချစ်သူဘ၀လေးကို ပရိသတ်တိုင်းအားကျလို့‌ေနခဲ့ရပါတယ်။
အလုပ်ကိုယ်စီနဲ့ မတွေ့ဖြစ်ကြတဲ့ အချိန်လေးတွေမှာလည်း ယုံကြည်မှုတွေအပြည့်ပေးထားပြီးတော့ ရွှေလက်တွဲထားနိုင်ကြတဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ဘာအစိုင်အခဲကြီးကြီးမားမားမှမရှိခဲ့ပါဘူးနော်။ ဒီရက်ပိုင်းမှာဆိုရင် ထွန်းထွန်းရဲ့ ချစ်သူလေးဟာ ၂၄နှစ်ပြည့် မွေးနေ့ရက်မြတ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီးတော့ သူတို့ရဲ့ Anniနေ့လေးနဲ့တစ်နေ့တည်းလည်းဖြစ်ပါတယ်။ ဒါကြောင့် ထွန်းထွန်းဟာ ချစ်သူလေးအတွက်မွေးနေ့ဆုတောင်းပေးရင်း သူ့ရဲ့ ခံစားချက်လေးအချို့ကို ရင်ဖွင့်ခဲ့ပါတယ်နော်။
” သူမအကြောင်းကို တကူးတကမစဉ်းစားပဲနဲ့လည်း အတွေးထဲကို အတွေးထဲကို အမြဲရောက်နေတယ်. အတူတူအနားမှာရှိနေရင်တောင် သူလေးဘာလိုအပ်မလဲတွေးနေမိတာ. အတူတူမရှိတဲ့ခဏတာမျိုးမှာဆိုရင် အများကြီးတွေးမိရောပေါ့ဗျာ” ဆိုပြီးတော့ သူ့ရဲ့ ခံစားချက်တွေကို ပြောပြရင်း အပီအပြင်Roပြလိုက်ပြန်ပါတယ်နော်။ ဆိုတော့ ထွန်းထွန်းကတော့ ဒီလို Roဆန်ဆန် စကားလုံးလေးတွေနဲ့ ချစ်သူလေးရဲ့ နှလုံးသားကို ရုန်းမရအောင် သိမ်းပိုက်ထားတဲ့ပုံပါပဲ။ ကဲ… ဒီတော့ ဒီလိုမျိုး အလျားအနံညီမျှတဲ့ ထွန်းထွန်းတို့လို Relationshipလေးတစ်ခုကို ပရိသတ်တို့ကော မပိုင်ဆိုင်ချင်ကြဘူးလားနော်…
Source : Htin Aung Tun
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)
အတူတူမရှိတဲ့အချိန်ဆိုရင် အများကြီးတွေး‌နေမိတယ်ဆိုပြီးတော့ ချစ်သူလေးကို ချုပ်လိုက်တဲ့ ထွန်းထွန်း