ထိုင်းမလေးတွေဘာကြောင့် ‌ကြွေကြလဲဆိုတာသက်သေပြသွားတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို

Posted on

ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ်မြန်မာမော်ဒယ်မင်းသားချောတစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က နှုတ်ခမ်းနီမလေးတွေကြွေလောက်အောင် ဆံပင်ရှည်လေးနဲ့ အရမ်းကို ဆွဲဆောင်မှုရှိလွန်းတဲ့ မင်းသားတစ်ဦးပါ။ လက်ရှိမှာ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး ကြော်ငြာရိုက်ကူးမှုတွေကို ပြုလုပ်လျက်ရှိပြီး သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ မြန်မာနိုင်ငံရဲ့ အနုပညာလောကမှာလည်း ရေပန်းစားနေတဲ့ ပိုင်တံခွန်က မြန်မာနိုင်ငံမှာလည်း အနုပညာလှုပ်ရှားမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။

မိန်းကလေးတိုင်း သ‌ဘောကျရတဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားတွေအပြင် ဆွဲဆောင်မှုအားပြင်းလွန်းတဲ့ တစ်ကိုယ်လုံးနီးပါးထိုးထားတဲ့ တက်တူးတွေက ပိုင်တံခွန်ရဲ့ ဆွဲဆောင်မှုတွေထဲကတစ်ခုပါ။နောက်ပြီး မြန်မာလူမျိုးပီပီ ဖြူစင်တဲ့ စိတ်ထားကို ပိုင်ဆိုင်ထားပြီး တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ နူးညံတဲ့နှလုံးသားပိုင်ရှင်‌လေးမို့ ပရိသတ်မလေးတွေကြွေနေရတာလည်း မဆန်းပါဘူးနော်။

 

ခုလည်း ဘယ်လို ဒီဇိုင်းနဲ့ ဖြစ်ဖြစ် ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပိုင်တံခွန်ရဲ့ ကြည့်မိသူတိုင်းကြွေသွားလောက်တဲ့ အပြုံးလေးတွေဝေဆာနေတဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ ပွဲတစ်ခုတက်ရင်း လျှပ်တပြက်ရိုက်ထားတဲ့ ပိုင်တံခွန်တဲ့ ပုံရိပ်လေးတွေက ထိုင်းမလေးတွေတင် မဟုတ်ပဲ မိန်းကလေးတိုင်းရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်လွန်းနေတဲ့ ဗီဒီယိုလေးကို CeleZoneပရိသတ်တွေအတွက် တင်‌ပေးလိုက်ပါပြီ..ပရိသတ်ကြီးရေ။

Source:Stefan Hseng

NORA:CeleZone

(Zawgyi ဖြင့်ဖတ်ရန်)

ထိုင္းမေလးေတြဘာေၾကာင့္ ‌ေႂကြၾကလဲဆိုတာသက္ေသျပသြားတဲ့ ပိုင္တံခြန္ရဲ႕ ဗီဒီယို

ထိုင္းမေလးေတြရဲ႕ သည္းသည္းလႈပ္ျမန္မာေမာ္ဒယ္မင္းသားေခ်ာတစ္ဦးျဖစ္တဲ့ ပိုင္တံခြန္က ႏႈတ္ခမ္းနီမေလးေတြေႂကြေလာက္ေအာင္ ဆံပင္ရွည္ေလးနဲ႔ အရမ္းကို ဆြဲေဆာင္မႈရွိလြန္းတဲ့ မင္းသားတစ္ဦးပါ။ လက္ရွိမွာ ထိုင္းႏိုင္ငံနဲ႔ပူးေပါင္းၿပီး ေၾကာ္ျငာ႐ိုက္ကူးမႈေတြကို ျပဳလုပ္လ်က္ရွိၿပီး သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ ႀကိဳးစားေနတာကို ျမင္ေတြ႕ရမွာပါ။ ျမန္မာႏိုင္ငံရဲ႕ အႏုပညာေလာကမွာလည္း ေရပန္းစားေနတဲ့ ပိုင္တံခြန္က ျမန္မာႏိုင္ငံမွာလည္း အႏုပညာလႈပ္ရွားမႈေတြ လုပ္ေနဆဲျဖစ္ပါတယ္။

မိန္းကေလးတိုင္း သ‌ေဘာက်ရတဲ့ အရပ္အေမာင္းနဲ႔ ခႏၶာကိုယ္အခ်ိဳးအစားေတြအျပင္ ဆြဲေဆာင္မႈအားျပင္းလြန္းတဲ့ တစ္ကိုယ္လုံးနီးပါးထိုးထားတဲ့ တက္တူးေတြက ပိုင္တံခြန္ရဲ႕ ဆြဲေဆာင္မႈေတြထဲကတစ္ခုပါ။ေနာက္ၿပီး ျမန္မာလူမ်ိဳးပီပီ ျဖဴစင္တဲ့ စိတ္ထားကို ပိုင္ဆိုင္ထားၿပီး တိရစာၦန္ေလးေတြကို ခ်စ္တတ္တဲ့ ႏူးညံတဲ့ႏွလုံးသားပိုင္ရွင္‌ေလးမို႔ ပရိသတ္မေလးေတြေႂကြေနရတာလည္း မဆန္းပါဘူးေနာ္။

ခုလည္း ဘယ္လို ဒီဇိုင္းနဲ႔ ျဖစ္ျဖစ္ ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္တဲ့ ပိုင္တံခြန္ရဲ႕ ၾကည့္မိသူတိုင္းေႂကြသြားေလာက္တဲ့ အၿပဳံးေလးေတြေဝဆာေနတဲ့ ဗီဒီယိုေလးေတြကို ပရိသတ္ေတြျမင္ေတြ႕ရမွာပါ။ ပြဲတစ္ခုတက္ရင္း လွ်ပ္တျပက္႐ိုက္ထားတဲ့ ပိုင္တံခြန္တဲ့ ပုံရိပ္ေလးေတြက ထိုင္းမေလးေတြတင္ မဟုတ္ပဲ မိန္းကေလးတိုင္းရဲ႕ အသည္းႏွလုံးကို ဖမ္းစားထားႏိုင္လြန္းေနတဲ့ ဗီဒီယိုေလးကို CeleZoneပရိသတ္ေတြအတြက္ တင္‌ေပးလိုက္ပါၿပီ..ပရိသတ္ႀကီးေရ။