တကယ့်မြွေအစစ်နဲ့ရိုက်ကူးရေးလုပ်ရလို့ အသည်းယားပြီး ကြောက်လန့်နေခဲ့တဲ့ နေခြည်ဦး

Posted on

ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလာပြီဖြစ်တဲ့ ချီချီတစ်ယောက် သူမရဲ့ဇာတ်ကားအသစ်ဖြစ်တဲ့ ” အခမ်းနားဆုံးမေတ္တာ ” ဇာတ်ကားရဲ့ Behind the Scene မှာ တကယ့်မြွေအစစ်နဲ့ ရိုက်ကူးရေး လုပ်ရတာကြောင့် အသည်းယားပြီးလန့်နေတဲ့ ပုံရိပ် လေးတွေကို ထုတ်လုပ်ရေးက ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ မြွေဆိုရင် လူတော်တော်များများကကြောက်ကြတာမို့ ချီချီလည်း အရမ်းမကြောက်ရင်တောင် အသည်းယားနေမှာပဲနော်။

ရဲရင့်ပြီးဆုံးဖြတ်ချက်ပြတ်သားတဲ့ မိန်းကလေးအများစုရဲ့ Idol ချီချီရဲ့ လန့်နေတဲ့ပုံရိပ်လေးဟာ အရမ်းကိုချစ်စရာကောင်း လွန်းတာမို့ အားလုံးကလည်း သူမကိုအသည်းတယားယားနဲ့ပါ။ Beauty Blogger အဖြစ်နဲ့ ပရိသတ်တွေစတင်သတိထား မိပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်ရှိလာပြီး လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

သဏ္ဍာန်လုပ်သရုပ်တူဆိုတဲ့အတိုင်း ကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်ရတာမို့ ချီကတော့ မဖြစ်မနေ မြွေနဲ့ ရိုက်ရမယ့်အချိန်မှာ ကြောက်ရွံ့စိတ်ကိုထိန်းပြီး အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးသရုပ်ဆောင်ခဲ့တာကြောင့် သူမရဲ့ ပရိသတ်တွေကလည်း အရမ်းကိုကျေနပ်နေကြပါတယ်။ ချစ်ဖို့ကောင်းတဲ့ချီချီကတော့ ကြောက်နေတာတောင် ချစ်စရာလေးနော်။

Photo – 7th Sense Creation
Happy – Cele Gabar

(ဇော်ဂျီဖြင့်ဖတ်ရန်)

” တကယ့္ေျမြအစစ္နဲ႔ရုိက္ကူးေရးလုပ္ရလို႔ အသည္းယားျပီး ေၾကာက္လန္႔ေနခဲ့တဲ့ ေနျခည္ဦး ”

ရုပ္ရွင္ဇာတ္ကားေတြရိုက္ကူးလာျပီျဖစ္တဲ့ ခ်ီခ်ီတစ္ေယာက္ သူမရဲ႕ဇာတ္ကားအသစ္ျဖစ္တဲ့ ” အခမ္းနားဆံုးေမတၱာ ” ဇာတ္ကားရဲ႕ Behind the Scene မွာ တကယ့္ေျမြအစစ္နဲ႔ ရိုက္ကူးေရး လုပ္ရတာေၾကာင့္ အသည္းယားျပီးလန္႔ေနတဲ့ ပံုရိပ္ေလးေတြကို ထုတ္လုပ္ေရးက ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ ေျမြဆိုရင္ လူေတာ္ေတာ္မ်ားမ်ားကေၾကာက္ၾကတာမို႔ ခ်ီခ်ီလည္း အရမ္းမေၾကာက္ရင္ေတာင္ အသည္းယားေနမွာပဲေနာ္။

ရဲရင့္ျပီးဆံုးျဖတ္ခ်က္ျပတ္သားတဲ့ မိန္းကေလးအမ်ားစုရဲ႕ Idol ခ်ီခ်ီရဲ႕ လန္႔ေနတဲ့ပံုရိပ္ေလးဟာ အရမ္းကိုခ်စ္စရာေကာင္းလြန္း တာမို႔ အားလံုးကလည္း သူမကိုအသည္းတယားယားနဲ႔ပါ။ Beauty Blogger အျဖစ္နဲ႔ ပရိသတ္ေတြစတင္သတိထားမိျပီး ေနာက္ပိုင္း အႏုပညာလႈပ္ရွားမႈေတြလည္း ဆက္တိုက္ရွိလာျပီး လက္ရွိမွာေတာ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြရိုက္ကူးေနျပီပဲ ျဖစ္ပါတယ္။

သ႑ာန္လုပ္သရုပ္တူဆိုတဲ့အတိုင္း က်ရာဇာတ္ရုပ္မွာပီျပင္ေအာင္သရုပ္ေဆာင္ရတာမို႔ ခ်ီကေတာ့ မျဖစ္မေန ေျမြနဲ႔ရိုက္ရမယ့္ အခ်ိန္မွာ ေၾကာက္ရြံ႕စိတ္ကိုထိန္းျပီး အတတ္ႏိုင္ဆံုးနဲ႔ အေကာင္းဆံုးသရုပ္ေဆာင္ခဲ့တာေၾကာင့္ သူမရဲ႕ပရိသတ္ေတြကလည္း အရမ္းကိုေက်နပ္ေနၾကပါတယ္။ ခ်စ္ဖို႔ေကာင္းတဲ့ခ်ီခ်ီကေတာ့ ေၾကာက္ေနတာေတာင္ခ်စ္စရာေလးေနာ္။

Photo – 7th Sense Creation
Happy – Cele Gabar