Open House ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အကြောင်းကို သေချာရှင်းပြခဲ့တဲ့ သမီးလေး ဧရာ၀တီလူမင်း

Posted on

အရမ်းကိုပျော်ရွှင်စရာကောင်းပြီးတော့ အေးချမ်းသာယာတဲ့ လူမင်းတို့ရဲ့ မိသာစုလေးဟာ လက်ရှိမှာဆိုရင် ပရိသတ်တွေအားကျနေရတဲ့ မိသားစုလေးတစ်ခုပါ။ လိမ္မာရေးခြားရှိပြီးတော့ထူးချွန်ထက်မြက်တဲ့သားတစ်ယောက် သမီးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရတဲ့ တာကြောင့် လူမင်းဟာ ဘယ်သွားသွားမျက်နှာပွင့့်ြပီး သားသမီးတွေအတွက် အမြဲတမ်းဂုဏ်ယူနေခဲ့ရပါတယ်။

လူမင်းဟာ အခုအချိန်မှာဆိုရင် ဂျူနီယာအနုပညာရှင်မောင်နှမတွေအားလုံး ရဲ့ အတုယူလေးစားခြင်းကိုခံနေရတဲ့ မင်းသားကြီးတစ်လက်လည်းဖြစ်လို့နေပါပြီ။ သူဟာ သရုပ်ဆောင်အနုပညာအလုပ်တင်သာမကဘဲ ကိုယ်တိုင်လည်းဒါရိုက်တာလုပ်ကာ ဇာတ်ကားပေါင်းများစွားကိုရိုက်ကူးနေလျက်ရှိပါတယ်။ လက်ရှိမှာ သူရိုက်ကူးမယ့် အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေအကြားမှာ ရေပန်းစားလျက်ရှိပြီးတော့ တခမ်းတနားနဲ့ ထွက်ရှိလာမယ့် ဒီဇာတ်ကားကြီးကို လူတိုင်းစိတ်၀င်စားလျက်ရှိပါတယ်။

လူမင်းကလည်း အောင်ဆန်းရုပ်ရှင်နဲ့ပတ်သတ်ပြီး ပင်ပန်းရပေမယ့် သမီးဖြစ်သူ ဧရာ၀တီလူမင်းဟာလည်း ဒေါ်စုရဲ့ အတ္ထုပ္ပတိနဲ့ ပတ်သတ်ပြီး မိသားစုကို ဂုဏ်တက်စေခဲ့ပြန်ပါတယ်။ မိဘတွေရဲ့ တိုက်တွန်းမှု နဲနဲလေးမှ မပါဘဲနဲ့ သမီးလေးကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ပြီး Open House ကျောင်းမှာ ဖွားဖွားစုအကြောင်းကို သေသေချာချာ ရှင်းပြပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ထူးချွန်ထက်မြက်ပြီး အရမ်းလည်းတော်တဲ့ သမီးလေး ဧရာ၀တီလူမင်းအတွက် ဂုဏ်ပြုစကားလေးကို ပြောပေးခဲ့ကြပါအုန်း ချစ်ပရိသတ်တို့ရေ….

Source : Ayarwady Lu Min

Steven : CeleZone

(Zawgyiဖြင့် ဖတ်ရန်။)

Open House ေက်ာင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အေၾကာင္းကို ေသခ်ာရွင္းျပခဲ့တဲ့ သမီးေလး ဧရာ၀တီလူမင္း

 

အရမ္းကိုေပ်ာ္႐ႊင္စရာေကာင္းၿပီးေတာ့ ေအးခ်မ္းသာယာတဲ့ လူမင္းတို႔ရဲ႕ မိသာစုေလးဟာ လက္ရွိမွာဆိုရင္ ပရိသတ္ေတြအားက်ေနရတဲ့ မိသားစုေလးတစ္ခုပါ။ လိမၼာေရးျခားရွိၿပီးေတာ့ထူးခြၽန္ထက္ျမက္တဲ့သားတစ္ေယာက္ သမီးတစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားရတဲ့ တာေၾကာင့္ လူမင္းဟာ ဘယ္သြားသြားမ်က္ႏွာပြင့့္ၿပီး သားသမီးေတြအတြက္ အၿမဲတမ္းဂုဏ္ယူေနခဲ့ရပါတယ္။

လူမင္းဟာ အခုအခ်ိန္မွာဆိုရင္ ဂ်ဴနီယာအႏုပညာရွင္ေမာင္ႏွမေတြအားလုံး ရဲ႕ အတုယူေလးစားျခင္းကိုခံေနရတဲ့ မင္းသားႀကီးတစ္လက္လည္းျဖစ္လို႔ေနပါၿပီ။ သူဟာ သ႐ုပ္ေဆာင္အႏုပညာအလုပ္တင္သာမကဘဲ ကိုယ္တိုင္လည္းဒါ႐ိုက္တာလုပ္ကာ ဇာတ္ကားေပါင္းမ်ားစြားကို႐ိုက္ကူးေနလ်က္ရွိပါတယ္။ လက္ရွိမွာ သူ႐ိုက္ကူးမယ့္ ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားႀကီးဟာလည္း ပရိသတ္ေတြအၾကားမွာ ေရပန္းစားလ်က္ရွိၿပီးေတာ့ တခမ္းတနားနဲ႔ ထြက္ရွိလာမယ့္ ဒီဇာတ္ကားႀကီးကို လူတိုင္းစိတ္၀င္စားလ်က္ရွိပါတယ္။

လူမင္းကလည္း ေအာင္ဆန္း႐ုပ္ရွင္နဲ႔ပတ္သတ္ၿပီး ပင္ပန္းရေပမယ့္ သမီးျဖစ္သူ ဧရာ၀တီလူမင္းဟာလည္း ေဒၚစုရဲ႕ အတၳဳပၸတိနဲ႔ ပတ္သတ္ၿပီး မိသားစုကို ဂုဏ္တက္ေစခဲ့ျပန္ပါတယ္။ မိဘေတြရဲ႕ တိုက္တြန္းမႈ နဲနဲေလးမွ မပါဘဲနဲ႔ သမီးေလးကိုယ္တိုင္ စိတ္ႀကိဳက္ေ႐ြးခ်ယ္ၿပီး Open House ေက်ာင္းမွာ ဖြားဖြားစုအေၾကာင္းကို ေသေသခ်ာခ်ာ ရွင္းျပေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ကဲ… ထူးခြၽန္ထက္ျမက္ၿပီး အရမ္းလည္းေတာ္တဲ့ သမီးေလး ဧရာ၀တီလူမင္းအတြက္ ဂုဏ္ျပဳစကားေလးကို ေျပာေပးခဲ့ၾကပါအုန္း ခ်စ္ပရိသတ္တို႔ေရ….