မချမ်းသာပေမယ့် လိုအပ်လာတဲ့အခါတိုင်း ဘယ်နေရာကပဲဖြစ်ဖြစ် ဝိုင်းကူချင်တယ်ဆိုတဲ့ အိစိကွေး

Posted on

အနုပညာလောကထဲမှာ ဘက်စုံထူးချွန်တဲ့ လူငယ်မင်းသားချောလေးဖြစ်တဲ့ အိစိကွေးဟာ ပရိသတ်တွေအခိုင်အမာရှိပြီး‌သား အနုပညာရှင်လေးတစ်ယောက်ပါ။ ဟိုးအရင် ကလေးသရုပ်ဆောင်ဘ၀ကတည်းက အိစိ‌ေကွးရဲ့ သရုပ်ဆောင်ချက်တွေဟာ ဝါရင့်မင်းသားကြီးတွေနဲ့တောင် အပြိုင်အဆိုင် ဖြစ်လောက်အောင် သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားခဲ့ပါတယ်။

 

အရွယ်ရောက်လာတဲ့ အခါမှာလည်း အိစိ‌ေကွးဟာ ကျောင်းစာ ဘက်မှာလည်း ထူးချွန်သလို အဆို၊ အကနဲ့ သရုပ်ဆောင်စတဲ့ အနုပညာပိုင်းတွေမှာလည်း အားလုံးရဲ့ အသိအမှတ်ပြုခြင်းကိုခံထားခဲ့ရပါတယ်နော်။ ငယ်ရုပ်‌ေလးပျောက်ကာ ကိုရီးယားဆန်ဆန် စမတ်ကျက‌ျလေးနေတတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်အချစ်ပိုတာကိုလည်းခံနေခဲ့ရပါ‌ေသးတယ်။ သူဟာ အလှူအတန်းလည်း ရက်ရောတဲ့အပြင် ဘာသာတရားလည်း ရိုသေကိုင်းရှိုင်းတဲ့သူလေးတစ်ယောက်ပြီး မအားမလပ်တဲ့ အချိန်တွေမှာတောင်ဘာသာရေးကိုအချိန်ပေးပြီးလုပ်တတ်တာကိုလည်း တွေ့ရပါတယ်။

 

” မချမ်းသာဘူးဗျာ လိုအပ်လာမယ်ဆိုရင် အဆင်ပြေအောင် ဘယ်နေရာကဖြစ်ဖြစ် ဝင်ကူချင်တဲ့ သူဗျ ” လို့ဆိုကာ လူ့ပတ်၀န်းကျင်အတွက်အကျိုးရှိတဲ့ သူတစ်‌ယောက်ဖြစ်ချင်‌ေကြာင်းကိုလည်းပြောပြခဲ့ပါတယ်။ “လူထဲက လူဆိုပေမယ့် တန်ဖိုးရှိတဲ့လူဖြစ်ချင်တယ်။ အများကို အကျိုးပြုတဲ့ လူပဲဖြစ်ချင်တယ်။ အကူအညီလိုအပ်လာတိုင်း ချက်ချင်းထလုပ်ပေးနိင်တဲ့လူဖြစ်ချင်တယ် ။ နိုင်ငံနဲ့ ကိုယ့်မိဘ ကို အကျိုးပြုတဲ့ ယောက်ျားကောင်းဖြစ်ချင်တယ်။ ကျွန်တော့ကိုဘယ်လောက်ပဲဆိုးတယ်ပြောပြော အဲ့လိုပြောနေတဲ့လူတွေ လိုအပ်လာမယ်ဆိုရင် တတ်နိင်သလောက် ကူညီပေးချင်တဲ့သူ နောက်ထပ်လည်း လူတိုင်းကိုအကျိုးပြုနိင်တဲ့သူဖြစ်အောင် ကြိုးစားနေဦးမယ် ” လို့ဆိုကာ သူ့ရဲ့ အလှူအတန်းပုံ‌ရိပ်လေးတစ်ချို့ကိုမျှ‌ဝေပေးထားတာကိုတွေ့ရပါတယ်။ ကဲ … လူကသာငယ်ပေမယ့် စိတ်ဓာတ်လေး‌ကတော့ လေးစားစရာမကောင်းပေဘူးလား ချစ်ပရိသတ်တို့ရေ…

 

Source : Eisi Kwae

Steven : CeleZone

( Zawgyi ဖြင့်ဖတ်ရန်။)

မခ်မ္းသာေပမယ့္ လိုအပ္လာတဲ့အခါတိုင္း ဘယ္ေနရာကပဲျဖစ္ျဖစ္ ဝိုင္းကူခ်င္တယ္ဆိုတဲ့ အိစိေကြး

 

အႏုပညာေလာကထဲမွာ ဘက္စုံထူးခြၽန္တဲ့ လူငယ္မင္းသားေခ်ာေလးျဖစ္တဲ့ အိစိေကြးဟာ ပရိသတ္ေတြအခိုင္အမာရွိၿပီး‌သား အႏုပညာရွင္ေလးတစ္ေယာက္ပါ။ ဟိုးအရင္ ကေလးသ႐ုပ္ေဆာင္ဘ၀ကတည္းက အိစိ‌ေကြးရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြဟာ ဝါရင့္မင္းသားႀကီးေတြနဲ႔ေတာင္ အၿပိဳင္အဆိုင္ ျဖစ္ေလာက္ေအာင္ သ႐ုပ္ေဆာင္ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို တစ္ခဲနက္ရရွိထားခဲ့ပါတယ္။

အ႐ြယ္ေရာက္လာတဲ့ အခါမွာလည္း အိစိ‌ေကြးဟာ ေက်ာင္းစာ ဘက္မွာလည္း ထူးခြၽန္သလို အဆို၊ အကနဲ႔ သ႐ုပ္ေဆာင္စတဲ့ အႏုပညာပိုင္းေတြမွာလည္း အားလုံးရဲ႕ အသိအမွတ္ျပဳျခင္းကိုခံထားခဲ့ရပါတယ္ေနာ္။ ငယ္႐ုပ္‌ေလးေပ်ာက္ကာ ကိုရီးယားဆန္ဆန္ စမတ္က်က‌်ေလးေနတတ္တာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြ သဲသဲလႈပ္အခ်စ္ပိုတာကိုလည္းခံေနခဲ့ရပါ‌ေသးတယ္။ သူဟာ အလႉအတန္းလည္း ရက္ေရာတဲ့အျပင္ ဘာသာတရားလည္း ႐ိုေသကိုင္းရႈိင္းတဲ့သူေလးတစ္ေယာက္ၿပီး မအားမလပ္တဲ့ အခ်ိန္ေတြမွာေတာင္ဘာသာေရးကိုအခ်ိန္ေပးၿပီးလုပ္တတ္တာကိုလည္း ေတြ႕ရပါတယ္။

” မခ်မ္းသာဘူးဗ်ာ လိုအပ္လာမယ္ဆိုရင္ အဆင္ေျပေအာင္ ဘယ္ေနရာကျဖစ္ျဖစ္ ဝင္ကူခ်င္တဲ့ သူဗ် ” လို႔ဆိုကာ လူ႔ပတ္၀န္းက်င္အတြက္အက်ိဳးရွိတဲ့ သူတစ္‌ေယာက္ျဖစ္ခ်င္‌ေၾကာင္းကိုလည္းေျပာျပခဲ့ပါတယ္။ “လူထဲက လူဆိုေပမယ့္ တန္ဖိုးရွိတဲ့လူျဖစ္ခ်င္တယ္။ အမ်ားကို အက်ိဳးျပဳတဲ့ လူပဲျဖစ္ခ်င္တယ္။ အကူအညီလိုအပ္လာတိုင္း ခ်က္ခ်င္းထလုပ္ေပးနိင္တဲ့လူျဖစ္ခ်င္တယ္ ။ ႏိုင္ငံနဲ႔ ကိုယ့္မိဘ ကို အက်ိဳးျပဳတဲ့ ေယာက္်ားေကာင္းျဖစ္ခ်င္တယ္။ ကြၽန္ေတာ့ကိုဘယ္ေလာက္ပဲဆိုးတယ္ေျပာေျပာ အဲ့လိုေျပာေနတဲ့လူေတြ လိုအပ္လာမယ္ဆိုရင္ တတ္နိင္သေလာက္ ကူညီေပးခ်င္တဲ့သူ
ေနာက္ထပ္လည္း လူတိုင္းကိုအက်ိဳးျပဳနိင္တဲ့သူျဖစ္ေအာင္ ႀကိဳးစားေနဦးမယ္ ” လို႔ဆိုကာ သူ႔ရဲ႕ အလႉအတန္းပုံ‌ရိပ္ေလးတစ္ခ်ိဳ႕ကိုမွ်‌ေဝေပးထားတာကိုေတြ႕ရပါတယ္။ ကဲ … လူကသာငယ္ေပမယ့္ စိတ္ဓာတ္ေလး‌ကေတာ့ ေလးစားစရာမေကာင္းေပဘူးလား ခ်စ္ပရိသတ္တို႔ေရ…