ကြီးလာရင် ဆရာ၀န်လုပ်ပြီး ဘုန်းကြီးလည်း ခဏ၀တ်မယ်ဆိုတဲ့ မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်

Posted on

(၄)နှစ်ကျော်သာရှိသေးတဲ့ သားဖြစ်သူ သိဒ္ဓိစစ်လေးနဲ့အတူ စကားတွေမကြာခဏပြောပေးတတ်တဲ့ မေမေမယ်လိုဒီဟာ ဒီတစ်ခါမှာတော့ သားလေးရဲ့ရည်မှန်းချက်နဲ့ပတ်သတ်ပြီး သားလေးဆီးကြားသိခဲ့ရတဲ့ ကြည်နူးစရာအ‌‌ေဖြလေးတွေကို ချစ်ပရိသတ်တွေဆီ ပြောပြခဲ့ပါတယ်။” မေမေ့အချစ်ကလေး ကြီးလာရင် ဘာလုပ်မှာလဲမေးတာ… ဆရာဝန်လုပ်မှာတဲ့ ဘုန်းကြီးရောဝတ်မှာလား မေးတော့… ဝတ်မယ်တဲ့။ ဘယ်လောက်ကြာကြာဝတ်မှာလဲမေးတော့… ခဏတဲ့။ကြော်ငြာတွေ မေမေ လက်ခံရမှာလား သားရိုက်မှာလား မရိုက်ဘူးလား မေးတော့…ရိုက်မယ်လက်ခံပါတဲ့… မိဘနေရာရောက်တော့ သားသမီးအလိုမတူရင် ကြော်ငြာတောင် လက်မခံရဲဘူးသားရဲ့သဘောထား လေးစားသမူ့နဲ့မေးရသေးတယ် (ဒါတောင် ၄နှစ်ကျော်လေးဘဲရှိသေးတာ) “ဆိုပြီးတော့ ပြောပြခဲ့တာပါ။

 

သားလေးနဲ့ ပတ်သတ်ပြီး သူမရဲ့ စိတ်သဘောထားကို “မေမေကတော့ သားလေး သားလေးကို သာသနာ့ဘောင်ထဲမှာ နေစေချင်တဲ့ ရည်ရွယ်ချက်ကတော့ ဘယ်တော့မှမပျောက်သွားပါဘူး …ဒါပေမယ့် သားဖြစ်ချင်တာကိုဘဲ အကောင်းဆုံး ပံ့ပိုးသွားမှာပါ” “မေမေရဲ့ချစ်ခြင်းမေတ္တာက သားလေးအတွက် အပူမီးမဖြစ်စေရအောင် ချစ်ပါမယ်…သားလေး ချစ်ရတဲ့သူရှိလာရင်လည်း မေမေအချစ်ကြောင့် သားချစ်ရတဲ့သူလည်းမေမေ့ကြောင့်မပူလောင်စေရပါဘူး” လို့ဆိုကာ သားလေးအပေါ်ထားတဲ့ သူမရဲ့ ချစ်ခြင်းမေတ္တာပုံစံကို ပြောပြခဲ့ပါတယ်။

 

“မေမေ ပေးနိုင်တာ ချစ်ခြင်းမေတ္တာ…သားလေး ပြန်ပေးရမှာက အသိပညာ အတတ်ပညာပြည့်စုံတဲ့အမျိုးကောင်းသားလေး၊ လူပီသကိုယ်ချင်းစာတရားရှိတဲ့ယောက်ျားကောင်းအဖြစ်ရှိပေးရမှာ။ သားကိုချစ်ခင်သူတိုင်း သားနဲ့ပတ်သက်မိသူတိုင်း စိတ်ချမ်းသာကြပါစေ။ ကောင်းမွန်သောအရာတွေသာဝေမျှနိုင်တဲ့ယောက်ျားကောင်းဖြစ်ပါစေ။ မေမေရေးတဲ့စာ တွေ သားလေးတနေ့ပြန်ဖတ်ပြီး ကြည်နူးစွာပြုံးနိုင်ပါစေ ” ဆိုပြီး သားလေးကို ဆုမွန်ကောင်းလေးတောင်းပေးထားကာ သူမအပေါ်ကျေးဇူးဆပ်နည်းလေးကိုပါ လမ်းညွှန်ပေးထားခဲ့ပါတယ် ပရိသတ်တို့ရေ။ ကဲ…မိခင်‌မေတ္တာဟာ ဘယ်လောက်ကြီးမားလဲဆိုတာအားလုံးသိပြီးသားမို့ သားလေးသိဒ္ဓိစစ်လည်း မေမေမယ်လိုဒီရဲ့ မေတ္တာတရားကိုနားလည်ပြီး ကျေးဇူးဆပ်နိုင်တဲ့ သားကောင်းရတနာလေးဖြစ်‌လာစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….

 

Source : Melody Myo

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

ႀကီးလာရင္ ဆရာ၀န္လုပ္ၿပီး ဘုန္းႀကီးလည္း ခဏ၀တ္မယ္ဆိုတဲ့ မယ္လိုဒီရဲ႕ သားေလး သိဒၶိစစ္

 

(၄)ႏွစ္ေက်ာ္သာရွိေသးတဲ့ သားျဖစ္သူ သိဒၶိစစ္ေလးနဲ႔အတူ စကားေတြမၾကာခဏေျပာေပးတတ္တဲ့ ေမေမမယ္လိုဒီဟာ ဒီတစ္ခါမွာေတာ့ သားေလးရဲ႕ရည္မွန္းခ်က္နဲ႔ပတ္သတ္ၿပီး သားေလးဆီးၾကားသိခဲ့ရတဲ့ ၾကည္ႏူးစရာအ‌‌ေျဖေလးေတြကို ခ်စ္ပရိသတ္ေတြဆီ ေျပာျပခဲ့ပါတယ္။” ေမေမ့အခ်စ္ကေလး ႀကီးလာရင္ ဘာလုပ္မွာလဲေမးတာ… ဆရာဝန္လုပ္မွာတဲ့ ဘုန္းႀကီးေရာဝတ္မွာလား ေမးေတာ့… ဝတ္မယ္တဲ့။ ဘယ္ေလာက္ၾကာၾကာဝတ္မွာလဲေမးေတာ့… ခဏတဲ့။ေၾကာ္ျငာေတြ ေမေမ လက္ခံရမွာလား သား႐ိုက္မွာလား မ႐ိုက္ဘူးလား ေမးေတာ့…႐ိုက္မယ္လက္ခံပါတဲ့… မိဘေနရာေရာက္ေတာ့ သားသမီးအလိုမတူရင္ ေၾကာ္ျငာေတာင္ လက္မခံရဲဘူးသားရဲ႕သေဘာထား ေလးစားသမူ႔နဲ႔ေမးရေသးတယ္ (ဒါေတာင္ ၄ႏွစ္ေက်ာ္ေလးဘဲရွိေသးတာ) “ဆိုၿပီးေတာ့ ေျပာျပခဲ့တာပါ။

သားေလးနဲ႔ ပတ္သတ္ၿပီး သူမရဲ႕ စိတ္သေဘာထားကို “ေမေမကေတာ့ သားေလး သားေလးကို သာသနာ့ေဘာင္ထဲမွာ ေနေစခ်င္တဲ့ ရည္႐ြယ္ခ်က္ကေတာ့ ဘယ္ေတာ့မွမေပ်ာက္သြားပါဘူး …ဒါေပမယ့္ သားျဖစ္ခ်င္တာကိုဘဲ အေကာင္းဆုံး ပံ့ပိုးသြားမွာပါ” “ေမေမရဲ႕ခ်စ္ျခင္းေမတၱာက သားေလးအတြက္ အပူမီးမျဖစ္ေစရေအာင္ ခ်စ္ပါမယ္…သားေလး ခ်စ္ရတဲ့သူရွိလာရင္လည္း ေမေမအခ်စ္ေၾကာင့္ သားခ်စ္ရတဲ့သူလည္းေမေမ့ေၾကာင့္မပူေလာင္ေစရပါဘူး” လို႔ဆိုကာ သားေလးအေပၚထားတဲ့ သူမရဲ႕ ခ်စ္ျခင္းေမတၱာပုံစံကို ေျပာျပခဲ့ပါတယ္။

“ေမေမ ေပးႏိုင္တာ ခ်စ္ျခင္းေမတၱာ…သားေလး ျပန္ေပးရမွာက အသိပညာ အတတ္ပညာျပည့္စုံတဲ့အမ်ိဳးေကာင္းသားေလး၊ လူပီသကိုယ္ခ်င္းစာတရားရွိတဲ့ေယာက္်ားေကာင္းအျဖစ္ရွိေပးရမွာ။ သားကိုခ်စ္ခင္သူတိုင္း သားနဲ႔ပတ္သက္မိသူတိုင္း စိတ္ခ်မ္းသာၾကပါေစ။ ေကာင္းမြန္ေသာအရာေတြသာေဝမွ်ႏိုင္တဲ့ေယာက္်ားေကာင္းျဖစ္ပါေစ။ ေမေမေရးတဲ့စာ ေတြ သားေလးတေန႔ျပန္ဖတ္ၿပီး ၾကည္ႏူးစြာၿပဳံးႏိုင္ပါေစ ” ဆိုၿပီး သားေလးကို ဆုမြန္ေကာင္းေလးေတာင္းေပးထားကာ သူမအေပၚေက်းဇူးဆပ္နည္းေလးကိုပါ လမ္းၫႊန္ေပးထားခဲ့ပါတယ္ ပရိသတ္တို႔ေရ။ ကဲ…မိခင္‌ေမတၱာဟာ ဘယ္ေလာက္ႀကီးမားလဲဆိုတာအားလုံးသိၿပီးသားမို႔ သားေလးသိဒၶိစစ္လည္း ေမေမမယ္လိုဒီရဲ႕ ေမတၱာတရားကိုနားလည္ၿပီး ေက်းဇူးဆပ္ႏိုင္တဲ့ သားေကာင္းရတနာေလးျဖစ္‌လာေစဖို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္….