မုန့်လင်မယားကို ကိုယ်တိုင်ကြော်ရင်းနဲ့ ဈေးရောင်းနေတဲ့ နန်းဆုရဲ့ ဗီဒီယိုဖိုင်လေး

Posted on

ချိုလွင်လှတဲ့ အသံလေးနဲ့ တေးသီချင်းလေးတွေကို ပရိသတ်တွေရင်ထဲရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်မလေးကတော့ နန်းဆုရတီစိုးပဲဖြစ်ပါတယ်။ ကပြားမလေးမို့ ဖြူဖွေးပြီး စိုပြေလှပတဲ့ အသားအ‌ ‌ေရလေးကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင်  သူမရဲ့ သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်လေးတွေကို ၀တ်တတ်တာကြောင့်လည်း ပုရိသတွေတင်သာမကပဲ မိန်းကလေး ပရိသတ်တွေရဲ့ ၀န်းရံ‌အားပေးခြင်းကိုခံနေခဲ့ရပါတယ်။

သူမဟာ အမြဲတမ်းသူမရဲ့ ချစ်ပရိသတ်တွေအတွက် သာကြိုးစားနေတတ်ပြီးတော့ အနုပညာအလုပ်ထဲမှာ စိတ်နှစ်ထားတတ်ပါတယ်။ ဒီလပိုင်းတွေမှာဆိုရင်လည်း သူမဟာ ရင်ဆိုင်ရ ခက်ခဲလွန်းတဲ့ စိတ်အ‌ ခြေအနေတွေနဲ့ ကြုံနေခဲ့ရပေမယ့် ပရိသတ်တွေအတွက် သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို ရပ်တန့်မသွားခဲ့ဘဲ ဆက်လက်ကြိုးစားနေခဲ့ပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းထဲမှာပဲ သူမရဲ့ သေလောက်အောင်ချစ်တယ် ဆိုတဲ့ သီချင်းအသစ်လေးဟာလည်း ပရိသတ်တွေလက်ထဲကို ‌ရောက်ရှိခဲ့ရပါတယ်။

သူမဟာ လက်ရှိမှာတော့ မန္တလေးမြို့ကို အလုပ်တစ်ဖက်နဲ့ရောက်ရှိ‌လို့နေတာကိုလည်း တွေ့ရပါတယ်။ အစားအသောက်ကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ မန္တလေးကိုရောက်တဲ့ အခါမှာတော့ နန်းဆုဟာ မန်းမြေရဲ့ ညဘက်အလှကို ခံစားရင်း စားကောင်းတာလေးတွေကို လိုက်လံစားသောက်ကာ စိတ်ကိုအနားပေးနေခဲ့ပါတယ်။ အကြော်သည် အန်တီကြီးဆီကနေပြီးတော့ ယောက်မလေးကို ခဏငှားကာ ဟိုထိုးဒီထိုးလေးနဲ့ မုန့်လင်မယား ကြော်ရင်း ဈေးရောင်းကြည့်နေတဲ့ နန်းဆုရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို သူမရဲ့ My dayလေးမှာတင်ခဲ့ပါတယ်။ ကဲ… မန်းမြေမှာ အလွမ်းတွေမေ့ပြီး အပန်းပြေဖို့ ကြိုးစားနေတဲ့ နန်းဆုရဲ့ မုန့်လင်မယားကြော်နေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source : Nann Su Yati Soe

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

မုန႔္လင္မယားကို ကိုယ္တိုင္ေၾကာ္ရင္းနဲ႔ ေဈးေရာင္းေနတဲ့ နန္းဆုရဲ႕ ဗီဒီယိုဖိုင္ေလး

 

ခ်ိဳလြင္လွတဲ့ အသံေလးနဲ႔ ေတးသီခ်င္းေလးေတြကို ပရိသတ္ေတြရင္ထဲေရာက္ေအာင္ သီဆိုႏိုင္တဲ့ အဆိုေတာ္မေလးကေတာ့ နန္းဆုရတီစိုးပဲျဖစ္ပါတယ္။ ကျပားမေလးမို႔ ျဖဴေဖြးၿပီး စိုေျပလွပတဲ့ အသားအ‌ ‌ေရေလးကိုလည္း ပိုင္ဆိုင္ထားတဲ့အျပင္ သူမရဲ႕ သြယ္လ်တဲ့ ကိုယ္လုံးကိုယ္ေပါက္ေလးနဲ႔ လိုက္ဖက္တဲ့ ဖက္ရွင္ေလးေတြကို ၀တ္တတ္တာေၾကာင့္လည္း ပုရိသေတြတင္သာမကပဲ မိန္းကေလး ပရိသတ္ေတြရဲ႕ ၀န္းရံ‌အားေပးျခင္းကိုခံေနခဲ့ရပါတယ္။

သူမဟာ အၿမဲတမ္းသူမရဲ႕ ခ်စ္ပရိသတ္ေတြအတြက္ သာႀကိဳးစားေနတတ္ၿပီးေတာ့ အႏုပညာအလုပ္ထဲမွာ စိတ္ႏွစ္ထားတတ္ပါတယ္။ ဒီလပိုင္းေတြမွာဆိုရင္လည္း သူမဟာ ရင္ဆိုင္ရ ခက္ခဲလြန္းတဲ့ စိတ္အ‌ ေျခအေနေတြနဲ႔ ႀကဳံေနခဲ့ရေပမယ့္ ပရိသတ္ေတြအတြက္ သူမရဲ႕အႏုပညာလႈပ္ရွားမႈေတြကို ရပ္တန႔္မသြားခဲ့ဘဲ ဆက္လက္ႀကိဳးစားေနခဲ့ပါတယ္။ ဒါေၾကာင့္ ဒီရက္ပိုင္းထဲမွာပဲ သူမရဲ႕ ေသေလာက္ေအာင္ခ်စ္တယ္ ဆိုတဲ့ သီခ်င္းအသစ္ေလးဟာလည္း ပရိသတ္ေတြလက္ထဲကို ‌ေရာက္ရွိခဲ့ရပါတယ္။

သူမဟာ လက္ရွိမွာေတာ့ မႏၲေလးၿမိဳ႕ကို အလုပ္တစ္ဖက္နဲ႔ေရာက္ရွိ‌လို႔ေနတာကိုလည္း ေတြ႕ရပါတယ္။ အစားအေသာက္ေကာင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မႏၲေလးကိုေရာက္တဲ့ အခါမွာေတာ့ နန္းဆုဟာ မန္းေျမရဲ႕ ညဘက္အလွကို ခံစားရင္း စားေကာင္းတာေလးေတြကို လိုက္လံစားေသာက္ကာ စိတ္ကိုအနားေပးေနခဲ့ပါတယ္။ အေၾကာ္သည္ အန္တီႀကီးဆီကေနၿပီးေတာ့ ေယာက္မေလးကို ခဏငွားကာ ဟိုထိုးဒီထိုးေလးနဲ႔ မုန႔္လင္မယား ေၾကာ္ရင္း ေဈးေရာင္းၾကည့္ေနတဲ့ နန္းဆုရဲ႕ ခ်စ္စရာဗီဒီယိုဖိုင္ေလးကို သူမရဲ႕ My dayေလးမွာတင္ခဲ့ပါတယ္။ ကဲ… မန္းေျမမွာ အလြမ္းေတြေမ့ၿပီး အပန္းေျပဖို႔ ႀကိဳးစားေနတဲ့ နန္းဆုရဲ႕ မုန႔္လင္မယားေၾကာ္ေနတဲ့ဗီဒီယိုဖိုင္ေလးကို ခ်စ္ပရိသတ္ေတြအတြက္ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။