ညနက်တဲ့အထိ မအိပ်ဘဲ ချစ်သူလေးရဲ့မွေး‌ေန့ကိုစောင့်ပြီး ဆုတောင်းပေးခဲ့တဲ့ထွန်းထွန်း
Posted on
အနုပညာလောကမှာ အဆိုကော သရုပ်ဆောင်ပိုင်းကောထူးချွန်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ အကယ်ဒမီထွန်းထွန်းဟာဆိုရင် အခုနောက်ပိုင်းမှာ အဆိုပိုင်းထက် ရုပ်ရှင် အနုပညာလမ်းကြောင်းပေါ်မှာပဲ အခြေချဖြစ်နေပါတယ်။ နှင်းဆီအဖွဲ့သားတစ်ဦးလည်းဖြစ်ပြီးတော့ အလျဉ်းသင့်ရင် သင့်သလို ပရဟိတအလုပ်တွေကိုလည်း လုပ်ဖြစ်နေခဲ့တာကိုလည်းတွေ့ရပါတယ်။
သူဟာ လက်ရှိမှာဆိုရင် အရမ်းကိုပျော်စရာကောင်းပြီးတော့ ပရိသတ်တွေအားကျရလောက်တဲ့ သာယာတဲ့Relationshipလေးကိုပိုင်ဆိုင်ထားပါတယ်နော်။ ထွန်းထွန်းတို့စုံတွဲလေးဟာ ရင့်ကျက်သလောက် လိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေအကြားမှာရေပန်းစားလို့နေခဲ့ရပါတယ်။ အခုဆိုရင်တော့ ထွန်းထွန်းရဲ့ ချစ်သူလေးဟာ မွေးနေ့ရက်မြတ်လေးကျရောက်ခဲ့ပြီဖြစ်တဲ့အတွက် ထွန်းထွန်းဟာ အလုပ်တွေရှိပေမယ့် ချစ်သူလေးရဲ့ မွေးနေ့ကို ညနက်တဲ့အထိစောင့်ပြီးတော့ Birthday Wishလုပ်ပေးခဲ့ပါတယ်နော်။
ထွန်းထွန်းဟာ သူ့ရဲ့ ချစ်သူလေးကို ” Happy Lovely Birthday ပါချစ်သူလေးရေ. ခုမွေးနေ့ကနေနောင်နှစ်ပေါင်းမြောက်မြားစွာအစစအရာရာ စိတ်ချမ်းသာပျော်ရွှင်ပါစေ. လိုအင်ဟူသမျှ အကုန်ပြည့်ဝပြီးဖြစ်ချင်တဲ့ ရည်မှန်းချက်အားလုံးပြည့်စုံပါစေ. ကိုကို့ကိုလည်း အခုထက်ပိုပြီးအများကြီးပိုချစ် ပိုနားလည် ပိုဂရုစိုက်ပေးပါနော်. အရမ်းပျော်စရာကောင်းတဲ့ အခိုက်အတည့်ပေါင်းများစွာကိုအတူတူဖန်တီးကြမယ်နော်. အရမ်းချစ်တယ်…” ဆိုပြီးတော့ မွေးနေ့ဆုတောင်ပေးခဲ့ပါတယ်နော်။ ကဲ… ချစ်ပရိသတ်တွေလည်း အရမ်းကိုလိုက်ဖက်ညီတဲ့ ထွန်းထွန်းတို့စုံတွဲလေး ရိုးမြေကျအထိ မခွဲဘဲအတူ‌ေပါင်းဖက်နိုင်ဖို့ ဝိုင်းဆုတောင်းပေးလိုက်ကြပါအုန်း။
Source : Sam Dara
Steven : CeleZone
(Zawgyi ဖြင့်ဖတ်ရန်။)
ညနက်တဲ့အထိ မအိပ်ဘဲ ချစ်သူလေးရဲ့မွေး‌နေ့ကိုစောင့်ပြီး ဆုတောင်းပေးခဲ့တဲ့ထွန်းထွန်း