Telenor ကပါလို့လိမ်ပြီး ဖုန်းထဲကငွေလက်ကျန်တွေအကုန်ခိုးခံလိုက်ရတဲ့ စန္ဒီမြင့်လွင်

Posted on

အော်ပရေတာတွေအတွက် သီးသန့် Application တစ်ခုစီရှိပြီး ဒီ Application ကနေပဲ ဖုန်းငွေဖြည့် တာ ဒေတာဝယ်တာ တွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလိုအဆင်ပြေတဲ့နည်းလမ်းကို လူအများအသုံးပြုနေ တဲ့အပေါ်မှာ ငွေကြေးအမြတ်ထုတ်ချင်တဲ့ လူလိမ်တွေဟာလည်း နည်းလမ်းပေါင်းစုံနဲ့လိမ်လည်ခိုးယူ ဖို့ကြံစည်ပါတော့တယ်။ ဒီလိုလုပ်တဲ့နေရာမှာလည်း အပေါ်က ပြောခဲ့တဲ့ Application ထဲကိုဝင်ကာ One Time Password ကို အသုံးပြုပြီး လိမ်လည်ကြတာပဲဖြစ်ပါတယ်။

 

ဒီးဒီကတော့ ဖုန်းငွေငါးသောင်းကျပ်ဘေမဲပေါက်တယ်ဆိုပြီးပြောတော့ အပျော်လွန်ပြီး သူတို့တောင်း တဲ့ ဂဏန်းခြောက်လုံး Password ကို ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါကိုအသုံးချပြီး ဒီးဒီရဲ့ ဖုန်းအကောင့် ထဲဝင်ကာ လက်ကျန်ငွေအားလုံးကို ခိုးယူသွား ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖုန်းဆက်ပြီး မဲပေါက်တယ်ပြောရင် အလွယ်တကူမယုံလိုက်ပါနဲ့ဦးနော်။ သေချာ စဉ်းစားပြီးမှ ယုံသင့်မယုံသင့် ချင့်ချိန်ကြပါနော်။

ဒီးဒီကတော့ သူမရဲ့အတွေ့အကြုံလေးကို ” ဒီနေ့ငါးသောင်းဖုန်းဘေလ်ပေါက်တယ်ဆိုတော့ ဟယ်ပျော်စရာကြီးပေါ့ ဖုန်းဝင် လာတယ် ကုတ်နံပါတ်ဝင်လားဝင်တဲ့နံပါတ်ပြောပါဆိုလို့ပြောလိုက်မိ ပါတယ်ခနနေကြည့်လိုက်တော့ဖုန်းထဲရှိတဲ့ ၇ထောင် ပါသွားပါပီနော် အားလုံးလဲသတိထားလို့ရအာင်ပါ တယ်လီနော်ကပါတယ်လီနော်ပို့တယ်လို့လိမ်ပြောတာပါ တကယ်တော့ တယ်လီနော ကလဲမဟုတ်ပါဘူး ရှဲပေးကြပါတယ်လီနောကလဲဒီပို့စ်ကိုတွေ့စေချင်ပါတယ် ” ဆိုပြီး နောက်လူတွေ မခံရလေ အောင်ဝေမျှပေးခဲ့ပါတယ်။

Photo – Dee Dee
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Dee Dee
Happy – Cele Zone