The Model Academy ဟာ Reality Show တစ်ခုဖြစ်ပြီး လူစိတ်ဝင်စားအောင် ဇာတ်လမ်းဖန်တီးထားတာမဟုတ်ဘူးလို့ဆိုလာတဲ့ ဇင်အောင်

Posted on

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က The Model Academy အစီအစဉ်မှာ ပြိုင်ပွဲဝင်နှစ်ယောက်ရဲ့ လူငယ်သဘာဝပက်သက်မှု တစ်ခုကို ဒိုင်တွေက ပွင့်ပွင့်လင်းလင်းမေးပြီး ပြဿနာရှင်းကြတဲ့ အပိုင်းလေးကို TV အစီအစဉ်ကနေထုတ်လွှင့်ပြသခဲ့တာ ကြောင့် ကြည့်ရှုသူ ပရိသတ်တွေ များပြားခဲ့ပြီး ဒီကိစ္စကို စိတ်ဝင်စားကြသူတွေလည်း တော်တော်လေးများခဲ့ပါတယ်။ အများစု ကတော့ ဒါဟာအစီအစဉ်ကို လူစိတ်ဝင်စားအောင်ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောဆိုနေတာတွေကို ဇင်အောင်တစ်ယောက် Cele Gabar ကို အခုလိုပဲဖြေရှင်းခဲ့ပါတယ်။

Reality Show ဖြစ်တာကြောင့် စင်မြင့်ထက်မှာ Perform လုပ်တဲ့အပိုင်းတင်မကပဲ တကယ့် လက်တွေ့မှာပါ ဘယ်လို ကြိုးစားရပ်တည်နေရသလဲဆိုတဲ့ ခက်ခဲမှုအပိုင်းတွေကိုပါ ချပြတာလို့ ဆိုပါတယ်။ ပရိသတ်တွေက တစ်ချို့အပိုင်းတွေကို ဖျက်လိုက်ပါလားလို့ပြောလာပေမယ့် ဒါဟာ Reality Show တစ်ခုဖြစ်တာကြောင့် အားလုံးကိုချပြတာလို့ဆိုပါတယ်။ ဒီအပိုင်း နဲ့ပက်သက်ပြီး ဇာတ်လမ်းဆင်ထားတာမျိုးလည်းမရှိဘူးလို့ဆိုပါတယ်။ အပြင်လောကမှာ ဝေဖန်သူတွေ ရှိလာခဲ့ရင် လည်း ခံနိုင်ရည်ရှိအောင် သင်ပြပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ ကိုယ်ကျင့်သိက္ခာတရားနဲ့ပက်သက်ပြီးတော့လည်း ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ပေးရတဲ့ အပိုင်းတွေလည်းအများကြီးရှိခဲ့ပြီး Model တစ်ယောက်ဖြစ်ဖို့အတွက် အပြင်ပန်းအလှတင် မဟုတ်ပဲ စိတ်ထားတတ်ဖို့ကိုလဲ ညွှန်ပြပေးခဲ့တဲ့အပိုင်းတွေအများကြီးရှိခဲ့ပါတယ်။

Reality Show နဲ့ ပက်သက်ပြီး အနောက်နိုင်ငံတွေမှာ ဒီလိုတင်ပြတဲ့အပိုင်းတွေရှိခဲ့ပြီး အခုဒီနိုင်ငံမှာလည်း ဒီလိုပဲတင်ပြ ပေးတဲ့အခါတွေမှာ ပရိသတ်တွေကနားလည်ပေးဖို့တောင်းဆို ချင်တယ်လို့လည်း ဆိုပါတယ်။ The Model Academy ရဲ့ Camp မှာ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ယုံယုံကြည်ကြည်နဲ့လာရောက်အပ်နှံထားတာကြောင့် စီစဉ်သူတွေမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ဆိုပါတယ်။ ဒီလိုတင်ပြခဲ့တဲ့အပိုင်းလေးတွေနဲ့ပက်သက်လို့လည်း တစ်ချို့ပရိသတ်တွေ တစ်မျိုးထင်သွားတာကြောင့်လည်း စိတ်မကောင်းပါဘူးလို့ဆိုပါတယ်။ ပြိုင်ပွဲဝင်တွေအပေါ်ထားတဲ့စေတနာကြောင့် ဒိုင်အချင်းချင်းလည်း ကတောက်ကဆဖြစ်ရတာတွေ ရှိမှာပါပဲလို့ဆိုပါတယ်။ ဒီအစီအစဉ်ကို ကြည့်ရှုပြီးဝေဖန်ပေးသူ တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါသေးတယ်။

Exclusively on Cele Gabar
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)

” The Model Academy ဟာ Reality Show တစ္ခုျဖစ္ၿပီး လူစိတ္ဝင္စားေအာင္ ဇာတ္လမ္းဖန္တီးထားတာမဟုတ္ဘူးလို႔ဆိုလာတဲ့ ဇင္ေအာင္ ”

ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က The Model Academy အစီအစဥ္မွာ ၿပိဳင္ပြဲဝင္ႏွစ္ေယာက္ရဲ႕ လူငယ္သဘာဝပက္သက္မႈတစ္ခုကို ဒိုင္ေတြက ပြင့္ပြင့္လင္းလင္းေမးၿပီး ျပႆနာရွင္းၾကတဲ့ အပိုင္းေလးကို TV အစီအစဥ္ကေနထုတ္လႊင့္ျပသခဲ့တာေၾကာင့္ ၾကည့္ရႈသူ ပရိသတ္ေတြ မ်ားျပားခဲ့ၿပီး ဒီကိစၥကို စိတ္ဝင္စားၾကသူေတြလည္း ေတာ္ေတာ္ေလးမ်ားခဲ့ပါတယ္။ အမ်ားစု ကေတာ့ ဒါဟာအစီအစဥ္ကို လူစိတ္ဝင္စားေအာင္ဖန္တီးထားတဲ့ ဇာတ္လမ္းတစ္ပုဒ္လို႔ ေျပာဆိုေနတာေတြကို ဇင္ေအာင္တစ္ေယာက္ Cele Gabar ကို အခုလိုပဲေျဖရွင္းခဲ့ပါတယ္။

Reality Show ျဖစ္တာေၾကာင့္ စင္ျမင့္ထက္မွာ Perform လုပ္တဲ့အပိုင္းတင္မကပဲ တကယ့္ လက္ေတြ႕မွာပါ ဘယ္လိုႀကိဳးစား ရပ္တည္ေနရသလဲဆိုတဲ့ ခက္ခဲမႈအပိုင္းေတြကိုပါ ခ်ျပတာလို႔ ဆိုပါတယ္။ ပရိသတ္ေတြက တစ္ခ်ိဳ႕အပိုင္းေတြကို ဖ်က္လိုက္ပါ လားလို႔ေျပာလာေပမယ့္ ဒါဟာ Reality Show တစ္ခုျဖစ္တာေၾကာင့္ အားလုံးကိုခ်ျပတာလို႔ဆိုပါတယ္။ ဒီအပိုင္းနဲ႔ ပက္သက္ ၿပီး ဇာတ္လမ္းဆင္ထားတာမ်ိဳးလည္းမရွိဘူးလို႔ဆိုပါတယ္။ အျပင္ေလာကမွာ ေဝဖန္သူေတြ ရွိလာ ခဲ့ရင္လည္း ခံႏိုင္ရည္ရွိ ေအာင္ သင္ျပေပးေနတာျဖစ္တယ္လို႔ဆိုပါတယ္။ ကိုယ္က်င့္သိကၡာတရားနဲ႔ပက္သက္ၿပီးေတာ့လည္း ပိုမိုေကာင္းမြန္လာ ေအာင္ေဆာင္႐ြက္ေပးရတဲ့ အပိုင္းေတြလည္းအမ်ားႀကီးရွိခဲ့ၿပီး Model တစ္ေယာက္ျဖစ္ဖို႔အတြက္ အျပင္ပန္းအလွတင္ မဟုတ္ပဲ စိတ္ထားတတ္ဖို႔ကိုလဲ ၫႊန္ျပေပးခဲ့တဲ့အပိုင္းေတြအမ်ားႀကီးရွိခဲ့ပါတယ္။

Reality Show နဲ႔ ပက္သက္ၿပီး အေနာက္ႏိုင္ငံေတြမွာ ဒီလိုတင္ျပတဲ့အပိုင္းေတြရွိခဲ့ျပီး အခုဒီႏိုင္ငံမွာလည္း ဒီလိုပဲတင္ျပေပးတဲ့ အခါေတြမွာ ပရိသတ္ေတြကနားလည္ေပးဖို႔ေတာင္းဆို ခ်င္တယ္လို႔လည္း ဆိုပါတယ္။ The Model Academy ရဲ႕ Camp မွာ မိဘေတြအေနနဲ႔ ကိုယ့္သားသမီးကို ယုံယုံၾကည္ၾကည္နဲ႔လာေရာက္အပ္ႏွံထားတာေၾကာင့္ စီစဥ္သူေတြမွာ အျပည့္အဝ တာဝန္ ရွိတယ္လို႔ဆိုပါတယ္။ ဒီလိုတင္ျပခဲ့တဲ့အပိုင္းေလးေတြနဲ႔ပက္သက္လို႔လည္း တစ္ခ်ိဳ႕ပရိသတ္ေတြ တစ္မ်ိဳးထင္သြားတာေၾကာင့္ လည္း စိတ္မေကာင္းပါဘူးလို႔ဆိုပါတယ္။ ၿပိဳင္ပြဲဝင္ေတြအေပၚထားတဲ့ေစတနာေၾကာင့္ ဒိုင္အခ်င္းခ်င္းလည္း ကေတာက္ကဆ ျဖစ္ရတာေတြ ရွိမွာပါပဲလို႔ဆိုပါတယ္။ ဒီအစီအစဥ္ကို ၾကည့္ရႈၿပီးေဝဖန္ေပးသူေတြကိုလည္း ေက်းဇူးတင္ေၾကာင္းေျပာခဲ့ပါေသး တယ္။

Exclusively on Cele Gabar
Happy – Cele Zone