Now & Ever ရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီး ရိုတတ်သွားတယ်ဆိုတဲ့ သက်မွန်မြင့်ရဲ့ ခင်ပွန်း

Posted on

ခီမောင်နှံရဲ့ပထမဆုံးဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ချစ်သက်တစ်ယောက် အခုတတိယမြောက်ဇာတ်ကား လေးမှာလည်း လာရောက်အားပေးခဲ့ပါတယ်။ ဒီဇာတ်ကားလေးကို ပရိသတ်တွေအားလုံးကလည်း ကြည့်ချင်လွန်းလို့ စောင့်မျှော်နေခဲ့ပြီး ကြိုတင်လက်မှတ်တွေရောင်းတဲ့ အချိန်မှာပဲ တစ်ချို့ရုံတွေမှာ နာရီပိုင်းအတွင်းလက်မှတ်တွေ အားလုံးကုန်သွားအောင် အားပေးကြမ်းကြတဲ့ ပရိသတ်တွေကိုလည်း ခရစ္စတီးနားခီက ကျေးဇူးတင်စကားဆိုခဲ့ပါသေး တယ်။

ခီမောင်နှံနဲ့လက်တွဲပြီးအလုပ်လုပ်ခဲ့ဖူးတဲ့ သက်မွန်ကတော့ ခီတို့ရဲ့ဖန်တီးမှုအနုပညာကို အပြည့်အဝယုံကြည်ပြီး ဒီဇာတ်ကားလေးကို ခင်ပွန်းသည်နဲ့အတူ လာရောက်အားပေးတဲ့အချိန်မှာ ဇာတ်ကားလေးကိုကြည့်ပြီး ချစ်ခင်ပွန်း ကတောင် ရိုသွားတယ်ဆိုတဲ့အကြောင်းလေးကို သူမရဲ့လူမှုကွန်ယက်မှာရေးသားထားတာပဲဖြစ်ပါတယ်။

ခီမောင်နှံတို့အတွက် သူမရဲ့ဂုဏ်ပြုစကားလေးကို ” Big Congratulations ပါ Central Base Production, Now n Ever Team! ဘယ်လိုကောင်းကြောင်းတွေ မပြောတော့ဘူးနော်.. Spoil ဖြစ်သွားမှာစိုးလို့! အခန်းတိုင်း သဘောကျနေတာ ဆိုတော့လေ! သုသုရယ် လက်ဖျားခါပါတယ် ဆရာမကြီးပါ ယူ ကိုဇာဏ်ရဲ့ ရုပ်ချတာကြီးက ကျွတ်ဆင်ကြီး.. Motivation တွေ ရလို့ ဟီးးးး ဇာတ်လမ်း ဇာတ်ညွှန်း တေးရေး ကိုဇာဏ် လေးစားတယ်ရှင့် ” ဆိုပြီး ပွဲတက်ပုံရိပ်လေးတွေနဲ့ အတူ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

Photo – Thet Mon Myint
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Photo – Thet Mon Myint
Happy – Cele Zone