လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဒိတ်ဒိတ်ကြဲမင်းသမီးသုံးယောက်ရဲ့ ပုံရိပ်ဟောင်းလေးတစ်ခု

Posted on

လက်ရှိအချိန်ထိလည်း အောင်မြင်မှုတွေဆက်လက်သိမ်းပိုက်နေဆဲ ဒိတ်ဒိတ်ကြဲမင်းသမီး သုံးယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်၊ စိုးမြတ်နန္ဒာနဲ့ အိန္ဒြာကျော်ဇင်တို့ သုံးယောက်သားရိုက်ကူးခဲ့တဲ့ လွန်ခဲ့သော ဆယ်စုနှစ်အကျော် လောက်က ပုံရိပ်လေးတစ်ခုကို မခိုင်ကြီးက သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ကြည်နူးစရာ အမှတ်တရတွေဟာ အချိန်တိုင်းမှာပြန်တွေးမိ ပြုံးမိနေတတ်ပါတယ်။

ဒီဓာတ်ပုံလေးကိုရိုက်ကူးခဲ့တဲ့အချိန်မှာလည်း သူမတို့သုံးယောက်လုံးပျော်ရွှင်နေခဲ့မယ်ဆိုတာ ပုံရိပ်လေးက သက်သေပါပဲ။ ဒီဓာတ်ပုံလေးဟာ 2004 ခုနှစ်မှာ ရိုက်ကူးထားတာဖြစ်ပြီး အခုဆိုရင် ဆယ့်ငါးနှစ်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးရိုက်ကူးစဉ်က မခိုင်ကြီးဟာ သားလေးကို ကိုယ်ဝန်ဆောင်ထားရဆဲဖြစ်ပါတယ်။

အခုဆိုရင်တော့ သားလေးဟာ လူပျိုပေါက်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး ထူးချွန်ဆုတွေလည်း အများကြီးပိုင်ဆိုင်နေတဲ့ လူချွန်လူကောင်းလေးဖြစ်နေပြီပဲဖြစ်ပါတယ်။ သူမတို့ရဲ့အမှတ်တရပုံရိပ်လေးကို ” ဒီ့ ထက် ငယ်တုန်း က… ( သားသား ကိုယ်ဝန် နဲ့ တုန်းက ) ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မင်းသမီးသုံးယောက်ရဲ့ ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေပေါ့နော်။

Photo – Kyaw Naing Oo
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)


 




Photo – Kyaw Naing Oo
Happy – Cele Zone