ကန်တော့ပြီးတာနဲ့ ဦးခင်လှိုင်ပါသမျှပိုက်ဆံတွေအကုန် ခွဲပြီးမုန့်ဖိုးယူခဲ့ကြတဲ့ ကျော်ကျော်တို့အုပ်စု
Posted on
အနုပညာလောကသားတွေဟာ ပြင်ပဘဝမှာလည်း တကယ့်ကိုမောင်နှမလို မိသားစုလို ရင်းနှီးချစ်ခင်ကြပါတယ်။ ပျော်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကို အတူတူဖန်တီးပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပျော်ရွှင်မှုတွေပေးတတ်ကြသူတွေပါပဲ။ ဒီတစ်ခေါက်မှာလည်း မြန်မာတို့ရဲ့ဓလေ့အရ သီတင်းကျွတ်ကာလလေးမှာ ကိုယ့်ထက်သက်ကြီးဝါကြီးတွေကို ကျော်ကျော်တို့က ဂါရဝပြုခဲ့ကြတာပဲဖြစ်ပါတယ်။
ဦးခင်လိူင် တီဂွမ်း ကိုခန့် တီငယ်တို့ လေးယောက်သားကို ကန်တော့ပြီး ဦးခင်လှိုင်ပါတဲ့ ပိုက်ဆံလေးတွေကို ခွဲဝေပြီး မုန့်ဖိုးယူရင်းအပျော်ကြီးပျော်နေကြတဲ့ ပုံရိပ်လေးတွေကို ကျော်ကျော်တစ်ယောက် လူမှုကွန်ယက်မှာ ဝေမျှလိုက်တာ ပဲဖြစ်ပါတယ်။ အတူတူအုပ်စုလိုက် ဟော့ပေါ့သွားစားပြီး ပျော်နေပုံလေးက ချစ်စရာပါ။
အပျော်တွေလွန်ခဲ့ကြတဲ့ ပုံရိပ်လေးကို ” ဦးခင်လိူင် တီဂွမ်း ကိုခန့် တီငယ်တို့ကို ကန်တော့ပီး ဦးခင်လိူင်ပါလာတဲ့ပိုက်ဆံလေးတွေကို မုန့်ဖိုးခွဲယူကြသူများ အားလုံးပဲ Lucky Money များနဲ့ Lucky ကောင်းကြပါစေဗျိုး ဟော့ပေါ့ကျွေးတဲ့ ပါးပါးသိန်းဟန်နဲ့မားမားလည်း ကျော်ကြားနဲ့အမွေစိန် ဇာတ်ကားကြီး အကြီးကြီးပေါက်ပါစေလို့ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။
Photo – Kyaw Naing Oo
Happy – Cele Zone
(ဇော်ဂျီဖြင့်ဖတ်ရန်)
အပျော်တွေလွန်ခဲ့ကြတဲ့ ပုံရိပ်လေးကို ” ဦးခင်လိုင် တီဂွမ်း ကိုခန့် တီငယ်တို့ကို ကန်တော့ပီး ဦးခင်လိုင်ပါလာတဲ့ပိုက်ဆံလေးတွေကို မုန့်ဖိုးခွဲယူကြသူများ အားလုံးပဲ Lucky Money များနဲ့ Lucky ကောင်းကြပါစေဗျိုး ဟော့ပေါ့ကျွေးတဲ့ ပါးပါးသိန်းဟန်နဲ့မားမားလည်း ကျော်ကြားနဲ့အမွေစိန် ဇာတ်ကားကြီး အကြီးကြီးပေါက်ပါစေလို့ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။
Photo – Kyaw Naing Oo
Happy – Cele Zone