မျက်မှန်ကိုဇောက်ထိုးတပ်ကာ စတိုင်အဆန်းထွင်ပြီး မူကြိုသွားတက်ခဲ့တဲ့ lvyလေး

Posted on

မေမေအေသင်ရဲ့ အသည်းနှလုံးလေးဖြစ်တဲ့ သမီးချောလေး lvyဟာ သင်လွယ်တတ်လွယ်နဲ့ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ဆိုတာ ပရိသတ်တို့ အားလုံးလည်းသိပြီးသားပါနော်။ အရွယ်နဲ့မလိုက်အောင် သိတတ်နားလည်ပြီး မေမေစကားဆို မြေ၀ယ်မကျနားထောင်တတ်သူ လေးဖြစ်တာကြောင့် မေမေအေသင်ကိုသာမက သမီးလေးlvyကိုပါ ချစ်လွန်းလို့ ၀န်းရံအားပေးတဲ့ ပရိသတ်တေွလည်းများစွာ ရှိနေခဲ့ပါတယ်။

 

လက်ရှိမှာတော့ အေသင်ဟာ ချစ်သမီးလေးကို သာအချိန်ပေးဖြစ်နေပြီးတော့ အိမ်မှာ ပဲသမီးလေးနဲ့ အတူတူကစားလိုက် အလုပ်လုပ်လိုက်နဲ့ သမီးလေးကို အနီးကပ်ဂရုစိုက်မှုတွေပေးနေခဲ့ပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာဆိုရင် သမီးလေးနဲ့အတူတူ ဆော့ကစားရင်းပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးတွေကို မကြာခဏဆိုသလိုမျှဝေပေးနေခဲ့တာကို တွေ့ရပါတယ်။ အခုလည်း သမီးလေး မူကြိုသွားဖို့ စတိုင်ထုတ်နေတာလေးကို သဘောကျလွန်းလို့ ဗီဒီယိုလေးရိုက်ကာ ချစ်ပရိသတ်တွေကိုမျှဝေပေးထားခဲ့ပြန်ပါတယ်။

 

မျက်မှန်ကို အထက် အောက်ပြောင်းပြန်တပ်ပြီးတော့ ဆိုက်တွေဂိုက်တွေအပြည့်နဲ့ မူကြိုသွားဖို့လုပ်နေတဲ့ သမီးလေးlvyကြောင့် မေမေ‌ေအသင်တစ်ယောက် အသည်းယားပြီးအချစ်တွေလည်းပိုခဲ့ရပါတယ်။ နေကာမျက်မှန်လေးကိုတပ် ချိုလိမ်လေးကို စို့ကာ ကျော‌ပိုးအိတ်လေးကို လွယ်ထားတဲ့ သမီးလေးlvyဟာ အရမ်းလည်း ချစ်ဖို့ကောင်းသလို အသည်းယားစရာလည်းကောင်းလို့နေခဲ့ပါတယ်။ ကဲ… Ivyလေးတစ်ယောက် ဘယ်လိုတွေတောင် ပြင်ဆင်ပြီး မူကြိုသွားခဲ့လဲဆိုတာကို ဗီဒီယိုဖိုင်လေးထဲမှာ ကြည့်လိုက်ကြပါအုန်း ချစ်ပရိသတ်တို့ရေ….

 

 

Source : Athen Cho Swe

Steven : CeleZone

(Zawgyi ဖြင့်ဖတ်ရန်။)

 

မ်က္မွန္ကိုေဇာက္ထိုးတပ္ကာ စတိုင္အဆန္းထြင္ၿပီး မူႀကိဳသြားတက္ခဲ့တဲ့ lvyေလး

 

ေမေမေအသင္ရဲ႕ အသည္းႏွလုံးေလးျဖစ္တဲ့ သမီးေခ်ာေလး lvyဟာ သင္လြယ္တတ္လြယ္နဲ႔ ခ်စ္စရာေကာင္းတဲ့ ကေလးတစ္ေယာက္ဆိုတာ ပရိသတ္တို႔ အားလုံးလည္းသိၿပီးသားပါေနာ္။ အ႐ြယ္နဲ႔မလိုက္ေအာင္ သိတတ္နားလည္ၿပီး ေမေမစကားဆို ေျမ၀ယ္မက်နားေထာင္တတ္သူ ေလးျဖစ္တာေၾကာင့္ ေမေမေအသင္ကိုသာမက သမီးေလးlvyကိုပါ ခ်စ္လြန္းလို႔ ၀န္းရံအားေပးတဲ့ ပရိသတ္ေတြလည္းမ်ားစြာ ရွိေနခဲ့ပါတယ္။

လက္ရွိမွာေတာ့ ေအသင္ဟာ ခ်စ္သမီးေလးကို သာအခ်ိန္ေပးျဖစ္ေနၿပီးေတာ့ အိမ္မွာ ပဲသမီးေလးနဲ႔ အတူတူကစားလိုက္ အလုပ္လုပ္လိုက္နဲ႔ သမီးေလးကို အနီးကပ္ဂ႐ုစိုက္မႈေတြေပးေနခဲ့ပါတယ္။ ဒါေၾကာင့္ ဒီရက္ပိုင္းမွာဆိုရင္ သမီးေလးနဲ႔အတူတူ ေဆာ့ကစားရင္းေပ်ာ္႐ႊင္ေနတဲ့ ဗီဒီယိုဖိုင္ေလးေတြကို မၾကာခဏဆိုသလိုမွ်ေဝေပးေနခဲ့တာကို ေတြ႕ရပါတယ္။ အခုလည္း သမီးေလး မူႀကိဳသြားဖို႔ စတိုင္ထုတ္ေနတာေလးကို သေဘာက်လြန္းလို႔ ဗီဒီယိုေလး႐ိုက္ကာ ခ်စ္ပရိသတ္ေတြကိုမွ်ေဝေပးထားခဲ့ျပန္ပါတယ္။

မ်က္မွန္ကို အထက္ ေအာက္ေျပာင္းျပန္တပ္ၿပီးေတာ့ ဆိုက္ေတြဂိုက္ေတြအျပည့္နဲ႔ မူႀကိဳသြားဖို႔လုပ္ေနတဲ့ သမီးေလးlvyေၾကာင့္ ေမေမ‌ေအသင္တစ္ေယာက္ အသည္းယားၿပီးအခ်စ္ေတြလည္းပိုခဲ့ရပါတယ္။ ေနကာမ်က္မွန္ေလးကိုတပ္ ခ်ိဳလိမ္ေလးကို စို႔ကာ ေက်ာ‌ပိုးအိတ္ေလးကို လြယ္ထားတဲ့ သမီးေလးlvyဟာ အရမ္းလည္း ခ်စ္ဖို႔ေကာင္းသလို အသည္းယားစရာလည္းေကာင္းလို႔ေနခဲ့ပါတယ္။ ကဲ… Ivyေလးတစ္ေယာက္ ဘယ္လိုေတြေတာင္ ျပင္ဆင္ၿပီး မူႀကိဳသြားခဲ့လဲဆိုတာကို ဗီဒီယိုဖိုင္ေလးထဲမွာ ၾကည့္လိုက္ၾကပါအုန္း ခ်စ္ပရိသတ္တို႔ေရ….