G-Fatt နဲ့အတူတူ သီချင်းအသစ်တွေလုပ်နေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်း

Posted on

နာမည်ကျော်အဆိုတော်နှစ်ယောက်ရဲ့ ပေါင်းစည်းမှုတစ်ခုအဖြစ်နဲ့ သီချင်းသစ်တစ်ပုဒ်ဟာ ပရိသတ်တွေဆီကို ရောက်ရှိလာတော့မှာပါ။ အမိုက်စားသံစဉ်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားခဲ့တဲ့ ဖြူဖြူကျော်သိန်းနဲ့ အလန်းစားကာရံတွေကို ဖန်တီးတတ်တဲ့ G-Fatt တို့နှစ်ယောက်သားရဲ့ ပူးပေါင်းဖန်တီးမှုဟာ ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျမလားဆိုတာတော့ သီချင်းလေးထွက်လာရင် စောင့်ကြည့်ရမှာပေါ့နော်။

ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်ကိုယ်စီနဲ့အောင်မြင်နေကြသူတွေဖြစ်ပြီး ဖန်တီးခဲ့တဲ့ သံစဉ်တိုင်းဟာလည်း ပရိသတ် အကြိုက်တွေနဲ့ တော်တော်များများထပ်တူကျခဲ့ပါတယ်။ ဒီတစ်ခေါက်သံစဉ်ကလည်း ဘယ်လိုပုံစံလေးနဲ့ အသစ်ဆန်း ထွင်ထားမယ်ဆိုတာတော့ ရင်ခုန်ချင်စရာပါပဲ ပရိသတ်ကြီးရေ။

သူမတို့နှစ်ယောက်အတူတူသီချင်းဖန်တီးနေကြတဲ့ပုံရိပ်လေးကို ဖြူဖြူက ” G Fatt နဲ့ ဖြူဖြူ သီချင်းသစ်တွေ အတူတူလုပ်နေ ကြပြီ မကြာမီ လာမည် မျှော် ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အမိုက်စားတွေချည်းပဲ ချပြတတ် တဲ့နှစ်ယောက်ကတော့ ဘယ်လိုအလန်းစားပုံစံတွေနဲ့ ထပ်ပြီးဖမ်းစားမယ်ဆိုတာကို ရင်ခုန်နေပါပြီနော်။

Photo – Phyu Phyu Kyaw Thein
Happy – Cele Zone

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone